💗12 :30💗

3.4K 191 1
                                    

Coffeeဆိုင်ရှေ့တွင် ..

ဂနာမငြိမ်စွာ ဟိုလျှောက် ဒီလျှောက်နှင့် ဆိုင်ရှေ့တွင် တယောက်ထဲ ပြာယာခတ်နေတဲ့ Taehyung..

Coffeeဆိုင်ရှေ့တွင် ဧည့်ကြိုရန် မတ်တပ်ရပ်နေတဲ့ ဝန်ထမ်းကောင်လေးမှာ မျက်စိတွေ နောက်တဲ့အထိ.

ဝန်ထမ်းကောင်လေးမှ စကားစလာလေသည်...

"အကို..အထဲဝင်မှာလား! မဝင်ဘူးလား!

Taehyungမှာ မျက်မှန်ဝိုင်းဝိုင်းလေး အားပင့်တင် ကာ လေးတောင့်အပြုံးလေးနှင့် ရီပြသည်..
လက်ကလေးများနှစ်ဖတ်ကို ယှက်ကိုင်ထားပြီး ပခုံးလေး အနည်းငယ် ကျုံ့ထားပုံဘကချစ်စဖွယ်....

မျက်မှန်လေးပင့်ရင်း...

"ဟို!!ဟိုလေ..လူ..လူတစ်ယောက်ကို စောင့်..စောင့်နေတာပါ"

Taeစကားအဆုံးတွင် ဝန်ထမ်းကောင်လေးမှာ ပြုံးပြလေသည်...

Taehyung!!!!!!!!

လက်လေးပြကာ ပြေးလာနေတဲ့ jkကို တွေ့တော့
Taehyung..ပြုံးပြကာ လက်ကလေးဝှေ့ပြလိုက်လေသည်..

အနားရောက်လာတော့ Taehyungလက် နှစ်ဖတ်ကို jkဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင် ရပ်ပြီးပြုံးပြ လိုက်သည်...

Jkအောက်နှုတ်ခမ်း ထော်ကာလေမှုတ်တင်တော့ ချွေးအနည်းငယ်စိုနေသည့် jkနဖူးပေါ်မှ ဆံနွယ်အချို့ လှုပ်ခတ်သွားလေသည်....

"လာ..အထဲဝင်ရအောင်"

Taeခေါင်းငြိမ့်ကာ jkလက်ဖြင့် ဆုပ်ကိုင်လျှက်သား
အထဲဝင်လာခဲ့သည်....

"Tae! ဘာစားချင်လဲ..

" ကြိုက်..ကြိုက်တာ..မှာလေ..ငါ..ငါ.ကြွေး..ပါ့မယ်"

စကားအထစ်ထစ် ငေါ့ငေါ့နဲ့ Taeကို ကြည့်ကာ
Jkပြုံးလိုက်လေရဲ့ ..

"မင်းက အရမ်းချစ်ဖို့ကောင်းတယ် Tae"

Taeမျက်နှာလေးကတော့ ပြောစရာမလိုအောင်ပင်
နီနေသည်မှာအမှန်....jkနှင့်Taeမှာ ခင်သေးတာမှ သိပ်မကြာသေး.....

Jkသည် ကျောင်းစတက် ထဲကပင် ကျောင်းသားသစ် ဆိုလို့ Taehyungကို စတင်သတိထားမိသည်....မျက်မှန်ဝိုင်းဝိုင်းကို အမြဲတပ်ထားပြီး..ကိုယ်လေးကျုံ့ကာ ဘယ်သူနှင့်မှ စကားမဆိုရဲ....

Taeပုံစံက နှုးညံ့သည့် အသွင်ရှိသည်
စကားပြော ချိုသည်
အဓိက တော့ ချစ်စရာ အပြုံးလေးတွေပဲ...

မိန်းခလေးတောင် Taeလောက် နှုးညံ့မှု ရှိမည်မထင်
အရှေ့မှ Taeသည်  cake လေးတစ်ခုကို အားရပါး ရစားနေသည်...

"J..o.u.ng.kook..

"အင်းပြောလေTae!!

"မ..မ..နက်...ဖြန်..ငါ..ငါတို့ကျောင်း..

"ငါလာကြိုမယ်..အိမ်ကနေပဲ စောင့်နေ...

Taehyungခေါငိးငြိမ့်ပြလိုက်သည်....ဘာမှ..ဆက်မပြောဖြစ်ကြ....
Jungkookတစ်ခု သိရှိထားတာကတော့..

Taehyungမှာ လူကြောက်သော ရောဂါရှိလေသည်...ဒါကြောင့် သူစိမ်းတွေဆို ခေါင်းကိုမြေကြီး ထဲဝင်မတက် ငုံ့တက်သည်..

နောက်တစ်ခုမှာ စကားကို တည်တံ့စွာမပြောနိုင်..

အထစ်ထစ် အအနှင့်...သာမာန်လူတွေ စကားပြော သလိုသူက သိပ်မပြောတက်...

ပြုံးပြလိုက်တိုင်း Taeပါးလေးများ နီတက်လာ သည်ကို သူသဘောကျသည်...

.......

Taehyungကို ခြံဝထိလိုက်ပို့ ပေးလိုက်သည်..

ခြံထဲ တစ်လှမ်းလောက်ဝင်ပြီး jkနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်...jkမှာ လက်နှစ်ဖတ်ကို အနွေးထည်အိတ်ထဲ လက်ထည့်ကာ ပြုံး၍ Taeဘာပြောမလဲ ဆိုတာကို စောင့်ကြည့်နေသည်

"ကျေးး..ကျေးးဇူးး.ပါ... j..u..n..g.kook..

Jkသွားကလေးများ ပေါ်တဲ့အထိ ပြုံးပြကာ ခေါင်းငြိမ့် ပြလေသည်..Taeလည်း နည်းတူ ပြုံးပြရင်..လက်ပြကာ အိမ်ထဲဝင်သွားတော့မှ..jkပြန်လှည့်လာသည်

လမ်းလျှောက်နေရင်း..အိမ်ခြံမကျော်သေးတာ့ ခြေလှမ်းများရပ်ကာ အပေါ်ထက်ကို ကြည့်တော့ လိုက်ကာစ လေးများ လှုပ်ခတ်သွားသည်ကို တွေ့ရသည်..

သေချာတယ် Taeခိုးကြည့်နေတာ...

ဖုန်းကိုထုပ်ပြီး Taeဆီသို့ စာပို့လိုက်သည်..

""Taeမနက်ဖြန် ငါလာကြိုမယ်စောင့်နေ"'"

ပို့လိုက်တဲ့ စာဟာချက်ချင်းဆိုသလို ဖတ်ပြီးသား ဖြစ်နေတော့သည်..jkအပေါ်ထပ် လှမ်းကြည့်ရင်း အိမ်ပြန် လမ်းကိးသာလျှောက်လာတော့လေသည်...

လိုက်ကာစကြားက လက်သည်းလေးတွေ ကိုက်ကာjkအား ခိုးကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကလည်း အပြုံးမပျက် ရှိလေတော့သည်....

💗12:30💗

KimTaeToon

💗12 :30💗Where stories live. Discover now