💗12:30💗

605 91 3
                                    

.......
တစ်နေ့လုံး jungkookခပ် နုံနုံနှင့် စာပွဲပေါ်တွင်သာ အာရုံစိုက်ပြီး အလုပ်များကိုပြီးအောင် လုပ်နေသည်...

ညနေကျရင် အဖေနှင့်အမေက ဟော်တယ်တစ်ခုတွင်
ဧည့်သည်များနှင့် ချိန်းထားလေသည်
Jungkookလည်း လူကြီးများကို အကြာကြီးမစောင့်စေချင်ဘူးဆိုကာ အလုပ်ကိုကုန်းရုန်းကာ
ပြီးစီးအောင်လုပ်နေလိုက်သည်..

"ကလင်းးကလင်း....တီးးးးးးးးးး

ဖုန်းသံကြောင့် ကျနော်ဖုန်းကိုင်လိုက်သည်

"မေမေလား...သားအလုပ်ပြီးပါပြီး အခုပဲလာခဲ့ပါ့မယ်"

ဖုန်းချပြီး ပစ္စည်းများကို သိမ်းလိုက်ကာ အဝတ်စားလဲ
မလဲဖြစ်တော့ပေ လူကြီးတွေ စောင့်နေသည်ဆိုတော့
မကောင်းလှပေ...

ကားကို ခပ်ကြမ်းကြမ်း မောင်းထွက်လာရင်းနှင့်
လမ်းဘေးတွင် ဝိုင်းအုန်နေတဲ့ လူတွေကို တွေ့လိုက်
ရသည် အဲ့တာ ဘာဖြစ်နေကြတာလဲ

Jungkookကားကို အရှိန်ရှော့ပြီး ကားပေါ်မှဆင်း
လိုက်ရသည် သူဟာရဲစုံအရာရှိ တစ်ယောက်မို့ ထိုကိစ္စများကို ကျော်ခွသွားလို့မရပေ....
လူကြီးများနှင့် ချိန်းထားသည်ကိုလဲ jungkookမေ့နေလေပြီး....

"ကျနော်ဘာများ ကူညီပေးရမလဲ "

"ရဲစခန်းကို ဖုန်းဆက်ပေးပါ ကျမညီမကို ဘယ်ကလူ
တွေလဲ မသိဘူး ဓားနဲ့ထိုးသွားကြတယ်"

သူမလက်မောင်းထက် သွေးများနဲ့ ပြည့်နှက်နေသည့်
ကလေးမတစ်ယောက်အား ပွေ့ထားပြီး
ဝိုင်းကြည့်နေသည့် လူအုပ်ကြီးထံ အကူညီရလို ရငြား
ငိုယိုကာ သူမပြောနေသည်...

Jungkookငြိမ်၍ မရတော့ပေ
ဒဏ်ရာရထားတဲ့ ကလေးမဝမ်းဗိုက်တွင် သွေးများ
ကြည့်မကောင်းအောင် စီးကျနေလေသည်

"အာဂျရှိ !!! ကျမညီမလေးကို ကယ်ပါ"

Jungkookဖုန်းကို နှိပ်လိုက်ကာ ဆေးရုံကားနှင့်အတူ တာဝန်ခံ hoseokကိုလည်း လှမ်းခေါ်လိုက်လေသည်...
ဆေးရုံကား အလာမှာ သူ့အင်္ကျီကိုချွတ်ပြီး ကလေးမ
ဗိုက်ထဲ ပတ်ပတ်လည်းစည်း ထားလိုက်သည်

"ဘာမှမဖြစ်ဘူး ဆေးရုံကားလာနေပြီး စိတ်အေးအေး
ထားပါ"

မေ့မျောနေတဲ့ ကလေးမလေးကို ကြည့်ပြီး jungkookလည်း စိတ်ပူလာသည်..မကြာလိုက်
အချက်ပေးသံနှင့်အတူ အရေးပေါ် ဆေးရုံကားကြီး
ရောက်လာသည်

💗12 :30💗Where stories live. Discover now