💗12:30💗

747 132 9
                                    

......

၁ပတ်ကျော်သွားခဲ့ပြီး

ကျောင်းမသွားခင်အခိန်ထိ ကျနော် Taeခြံရှေ့တွင်
ရပ်ပြီးစောင့်နေခဲ့သည်မှာ ၁ပတ်မျှပင် ရှိခဲ့ပြီး

ဘေးအိမ်က လူတွေပြောတဲ့ စကားတွေကို ကျနော်မယုံပါဘူး..

TaeTaeထွက်လာမလား နိုးနိုးနှင့် ခြံရှေ့တွင် ရပ်စောင့်နေခဲ့သည်..အပေါ်ထပ်မှ လိုက်ကာစတွေများ
လှုပ်ခတ်နေလေမလား လို့ခဏခဏဖြင့် မော့ကြည့်
နေမိသည်...

လက်ပတ်နာရီက.7:45ကို ထိုးပြနေပြီး ကျောင်းသွား
ချိန်ရောက်ပြီလေ..

ကျနော်ကျော ခိုင်း၍ ထွက်လာခဲ့သည်..လမ်းလျှောက်နေရင်း Taeအနောက်မှ ထွက်ကြည့်နေမလား
ဆိုကာ ယောင်ယမ်း၍ နောက်ကိုပင် လှည့်ကြည့်မိသည်...

ဘာမှမရှိ တိတ်ဆိတ်နေခဲ့တဲ့ လမ်းမကြီးထက်
Jungkookတစ်ယောက်ထဲသာ ခေါင်းငုံလမ်းလျှောက်လျှက်ပင် ကျောင်းသို့ ရောက်ရှိလာခဲ့သည်..

..

...

..၂ပတ်....

ခြံရှေ့တံခါး တိုင်လေးကို ကိုင်ကာ jungkookအသည်းသန် အထဲသို့ကြည့်နေသည်..

ခြံတံခါးကို ကျော်တက်မယ်လို့ စဉ်းစားလိုက်ပေမဲ့
ပခုံးကို လာထိတဲ့ လက်တစ်စုံကြောင့် လှည့်ကြည့်မိသည်...

"ကောင်လေး..ဒီအိမ်ရှင်က ပြောင်းသွားပြီ ကွဲ့"

အဒေါ်ကြီးက jungkookကို ခေါင်းတစ်ခါခါဖြင့်
ကြည့်နေလေရဲ့

Jungkook လက်လျှော့၍သာ ပြန်လာတော့သည်

မှိုင်တွေစွာ အခန်းထဲဝင်ရင်း..အခန်းတံခါးကို ပိတ်ကာ
လော့ချလိုက်သည်...

" TaeTae တောင်းပန်ပါတယ်"

ထိုသို့ရေရွတ်ကာ ဝမ်းနည်းကာ ငိုမိသည်
သဘောကျတယ်လို့ ပြောလို့စိတ်ဆိုးပြီး
ချက်ချင်းအိမ်ပြောင်းသွားခဲ့သည်လာ..အဲ့လိုဆို ကျနော်
မပြောခဲ့ပါဘူး ..သဘောကျပါတယ်လို့ပြောမှာမဟုတ်ဘူး..

အဲ့ဒီအချိန်တွေဆီ ပြန်သွားချင်တယ် အချိန်တွေသာ
နောက်ပြန်ဆုတ်လို့ရရင် လုံးဝကို မပြောခဲ့ရမှာ
အခုလို..အစနပင်မသိလောက်အောင် ဆုံးရှုံးရတာ
ထက် သူငယ်ချင်းအဖြစ်နဲ့ ထိုနေရာတွင်
ရပ်ထားခဲ့ပါသည်..

.........

..........

..........

အမှတ်မရှိသော ဦးနှောက်စေခိုင်းရာ TaeTaeခြံရှေ့ကျနော်ရောက်လာပြန်သည်

သို့ပေမဲ့ jungkook မျက်ဝန်းတို့ ဝင်းလက်သွားလေသည် အကြောင်းမှာ ခြံတံခါလေးပွင့်နေတာ
ကြောင့် TaeTaeများ ပြန်လာလေသလား ဟူ၍
ပျော်မြူးကာ ခြံထဲဝင်လိုက်သည်..

သို့ပေမဲ့ အိမ်ထဲမှ ထွက်လာတဲ့ သူစိမ်းကောင်လေး
ကြောင့် jungkookမျက်ဝန်းတို့ မှေးမိန်သွားခဲ့သည်

ထိုကောင်လေးကတော့ jungkookအား ခပ်ကြောင်ကြောင်ငေးကြည့် နေရင်း

"အညောင်ဟာဆေရော်! ဘာကိစ္စများ ရှိလို့ပါလဲ"

"Ariny! ကျနော် အိမ်မှားဝင်တာပါ "

ကျနော်ကျော ခိုင်းကာ ထွက်ခွါလာခဲ့သည်...
တကယ်ပဲ TaeTae ပြန်မလာတော့ဘူး..

တကယ်ပဲ သူပြန်မလာတော့ဘူးး......

....

....

....

....

၂နှစ်ပြည့်သွားခဲ့ပြီး....

ခပ်လှမ်းလှမ်းလေးတွင်သာ ထိုအိမ်ကြီးကို ကျနော်
ရပ်ကြည့်နေရုံကလွဲပြီး ဘာမှမတက်နိုင်ခဲ့ဘူး

အဲ့ဒီအိမ်သစ်က ကောင်လေး အင်းးကျနော့နဲ့တော့
ရွယ်တူပါပဲ....

"Yaar!!!!! Jungkook!!!!

အပြုံးလှလှလေးများဖြင့် လက်လေးဝှေ့ရမ်းကာ
ခေါ်နေသည်

"ဘာရပ်ကြည့်နေတာလဲ အိမ်ထဲဝင်လေ"

"အင်း...ငါမင်းကို မေးစရာရှိတယ်"

"ဟုတ်ပြီး အိမ်ထဲဝင်ပြီးမှမေး..ok!

Jungkookခေါင်းငြိမ့်လိုက်ကာ ဆိုဖာပေါ်ထိုင်လိုက်သည်...

"Jungkook မင်းပြောစရာရှိတယ်ဆို!"

"Jimin..မင်းရုပ်က ဝက်ရုပ်ပေါက်နေပြီး"

"နော!!! Jeon jungkook!!!!!"""""

အဲ့ဒီတော့ jungkookဧည့် ခန်းတစ်ခုလုံးကို ပတ်ပြေးနေရတော့မည်...

.....

.....

Jiminကုတင်ပေါ်တွင် ထိုင်နေရင်း  မှထကာ အခန်းထဲဝှေ့ပတ်ကာ ကြည့်နေမိသည်..

အရင်တုန်းက TaeTaeအခန်းလေးက ယခု
Jiminအခန်းအဖြစ်ရှိနေခဲ့သည်...

အခန်းထဲဝှေ့ပတ်ကြည့်နေရင်း jiminစာပွဲခုံပေါ်မှ
ပုံလေးကြောင့် jungkookယူကြည့်တော့
မျက်ဝန်း၌ အံ့သြမှုတွေ ပြည့်နှက်သွားခဲ့သည်

...... TBC

အစကတော့ sundayမှ upပေးမလို့ but..up
လာတောင်းနေတော့ မနေနိုင်မထိုင်နိုင်upပေးလိုက်တယ်.အဟဲ......

KimTaeToon🐯

💗12 :30💗Where stories live. Discover now