အောက်က နားထောင်နေသူတွေ ထရပ်ကုန်ကြတယ် …
" မင်း လုပ်လို့ ငါရှုံးပြီ ဘယ်လို ဖြေရှင်းပေးမှာလဲ"
" ဘာတွေလာပြောနေတာလဲ နားမလည်ဘူး
မင်း ဘယ်သူလဲ ဘယ်ကလဲ ဘာလို့
ပြသာနာ ရှာနေတာလဲ "
" Mean ငါ့ သူငယ်ချင်းက သိပ် စိတ်အခြေအနေ မကောင်းလို့ပါ ငါ ခေါ်သွားပါ့မယ် "
Gun က Mean ကို တိုးတိုးကပ်ပြောပြီး
Plan ကို ဆွဲခေါ်ပေမယ့် …" မင်း ငါ့ကို ဘာပြောတာလဲ Gun …
ငါ ရူးနေတာမဟုတ်ဘူး … "
" အေးပါ ငါက မင်း ဒေါသထွက်နေတာကို ပြောချင်တာပါ လာ သွားမယ် လာ
လူတွေလည်း ဝိုင်းကြည့်ကုန်ပြီ … "
Mark ကပါ ဝင်ပြီး Plan ကို ဆွဲခေါ်တော့သည်" ငါ မကျေနပ်ဘူး … "
Plan က Mean ကို ကြည့်ပြီးပြောတော့ …
" ဟက် ဘယ်သူက မကျေနပ်ရမှာလဲ ဘယ်သူစပြီး ရန်ရှာတာလဲ တောက် … "
ရှေ့ကိုတိုးလာတဲ့ Mean ကို Gun ကပဲ တားလိုက်သည် …
" ငါ မင်းကို ဆယ်ချက်လောက် ထိုးသင့်တာ
ပုံစံကိုက အချိုးမပြေဘူး … "
" ဟ ဘလိုင်းကြီးတွေ လာရွတ်နေပါလား … အချိုးမပြေတာ မင်းလေ "" တော်ပါတော့ကွာ … ငါ ကြားက တောင်းပန်ပါတယ် လာပါ Plan ရာ … မင်းကလည်း လာ လာ "
Gun အတင်းကို ဆွဲခေါ်မှ Plan ပါသွားသည် …
" အဲ့ဒါ ဘယ်ကကောင်လဲ … ငါ အလုပ်လုပ်နေတာလဲ ဘာလို့ လာဖျက်ဆီးတာလဲ"
Mean က ဒေါသတော်တော် ထွက်နေပြီး Mark ကိုပြောနေသည် …" အဲ့ဒါ P'Gun သူငယ်ချင်းပါ စိတ်လျှော့လိုက်နော် ခဏလေး ပြီးရင်
P'Gun ပြန်လာလိမ့်မယ် ခဏလောက် စိတ်ထိန်းလိုက်ပါကွာ နော် "
Mean စင်အောက်ကို ဆင်းသွားပြီး ဘေးနားက စားပွဲခုံကို ပိတ်ကန်လိုက်သည် …
" လာ ရှုပ်တယ်ကွာ … "Mark ကတော့ ပြုံးပြုံးလေးနဲ့ စင်အောက်ကလူတွေကို ကြည့်ရင်း ……
" လူကြီးမင်းအပေါင်းတို့ ကျွန်တော် တောင်းဆိုစရာလေးရှိလို့ပါ အခု ဖြစ်ပျက်သွားတာကို ဓါတ်ပုံဖြစ်စေ ဗီဒီယိုဖြစ်စေ ရိုက်ထားသည်ရှိသော် ဖျက်ပစ်ပေးပါနော် … ကျေးဇူးတင်ပါတယ် "တစ်နာရီလောက်ကြာတော့ … Gun club ကို ပြန်ရောက်လာသည် … လူတွေအားလုံးကတော့ ပုံမှန်အတိုင်းရှိဆဲ … Mark က ထောင့်တစ်နေရာမှာ Mean နဲ့ အတူတူထိုင်နေရင်းမှ Gun ကို လက်ပြလိုက်သည် …
YOU ARE READING
တွယ်လက်တစ်စုံ ( Forever Hiatus 😅 )
Fantasy🍈 မည်သည့်အရာမဆို တွယ်ငြိမိလျှင် ခံစားရတတ်သည် အထူးသဖြင့် အချစ်ပေါ့လေ ... 🍈