" Plan မင်းကလေ လူနဲ့မလိုက်ဘူး စိတ်ကြီးပဲ "
" အဲ့ကောင်က ငါ့ကို သတ်မလို့ လုပ်တာလေ မင်းတွေ့တယ်မလား မင်းတွေ့လိုက်ရဲ့သားနဲ့ "
Plan က အသားတွေ တဆတ်ဆတ်တုန်ပြီး
Gun ကို ပြောလိုက်သည် ......
" ဟာ မဟုတ်ပါဘူးကွာ သူ့ဘာသာ အရှိန်မသတ်နိုင်လို့ မတော်တဆ ဖြစ်တာပါကွာ "
Plan စိတ်ပြေအောင် Gun က လှည့်ပြောလိုက်သည် ..." ငါ့ကိုပြောသွားတယ် နောက် ဒီ့ထက် ပိုလန့်စေရမယ်တဲ့ ... တောက် ငါ့ကိုများ "
" Plan ... ဒီကိစ္စမှာ မင်းက စမှားတာလေ သေချာစဉ်းစားကြည့် မင်း အဲ့နေ့က အဲ့လောက် စိတ်မဆတ်သင့်ဘူး မင်း အတွေးတွေလွဲနေပြီ "
Gun က Planပခုံးကိုကိုင်ပြီး အေးအေးဆေးဆေး ပြောပြပေမယ့်
Plan အသက်ရှုသံတွေ ပြင်းနေဆဲ
" ငါ ... ငါ့ကို သူ ဘာပြန်လုပ်မလဲမသိဘူး ... "Gun Plan ကျောကို ပွတ်ပြီး ...
" ဘာမှမဖြစ်ဘူး ငါရှိတယ် Mark လည်းရှိတယ် ဒါကြောင့် ဘာမှမပူနဲ့ မင်းကို သူ ဘာမှမလုပ်စေရဘူးနော် ... "
" အင်း ......... "
" မင်း သူ့ကို ပြေလည်အောင် တောင်းပန်လိုက်ပါလား သူက မင်းနဲ့စကားပြောချင်နေတဲ့ပုံပါ နော် စိတ်ထဲ ဘာမှမထားဘဲ အဲ့နေ့က မင်းလွန်သွားတာလေးပဲ သေချာပြောပြလိုက်လေ ဟုတ်ပြီလား "
" ငါမှ မမှားတာဟာ မင်းက ငါမှားတာပဲ လုပ်နေတယ် ငါ သွားစတာလည်းမဟုတ်ဘူး သူက ငါ့ကို ဒီလိုဖြစ်အောင်လုပ်တာလေ ... "Plan သည် အဲ့လို ပြောရဆိုရခက်သည် ...
အတွေးတွေက တစ်ဖက်စွန်းရောက်သည် ...
အားနည်းချက်ကို ထုတ်မပြဘဲ ကြောက်လန့်စိတ်ကို ဒေါသတို့နှင့် ဖုံးလွှမ်းတတ်သော ကောင်လေးတစ်ယောက် ..." ဒါပေမယ့် စကားလေးတော့ ပြောလိုက်ပါလား
ငါ ချိန်းပေးမယ်လေ ဟုတ်ပြီလား ... "
Plan က ခေါင်းခါသည် ...
" ကလေးလည်း မဟုတ်တော့ဘူး Plan မင်းက ကလေးကို တတွတ်တွတ် ပြောနေရတုန်းပဲ "
" မင်း ငါ့ကို စိတ်မရှည်တော့ဘူးပဲ ... "
" ကျွတ် လုပ်ပြန်ပြီ Plan ရာ မင်းကို စိတ်မရှည်ရင် ချော့မော့ပြောမနေဘူး ထရိုက်ပြီးပြီ
ငါ့ baby လေးကိုတောင်
ငါအဲ့လောက်မပြောရဘူး မင်းတော့ကွာ ...... "Plan က Gun ကို လှမ်းကြည့်တော့ Gun မျက်လုံးထဲ စိုးရိမ်မှုတွေ ပြည့်နေသည် ...
Gun လောက် သူ့အပေါ် ကောင်းတဲ့သူမရှိ ဟု မှတ်ယူသဖြင့် Gun သူ့ကို စိတ်ပျက်မှာလည်း အရမ်းစိုးသည့် Plan ...
YOU ARE READING
တွယ်လက်တစ်စုံ ( Forever Hiatus 😅 )
Fantasy🍈 မည်သည့်အရာမဆို တွယ်ငြိမိလျှင် ခံစားရတတ်သည် အထူးသဖြင့် အချစ်ပေါ့လေ ... 🍈