🍈 Ep - 1🍈

1.5K 81 12
                                    

" Plan... ဟေ့ကောင် Plan ရေ ... ဟေ့ကောင်"
ဒုန်း ဒုန်းးး ဒုန်းးး ( တံခါးထုသံ )
Plan တစ်ယောက် စောင်ကို ခေါင်းထိဆွဲခြုံလိုက်ပြီး Gun အသံကို လျစ်လျူရှုလိုက်သည် ...
" ဟေ့ သေနာလေး Plan ရေ ... နေဖင်ထိုးနေပြီ
ငါပြောစရာရှိတယ် တံခါးလာဖွင့်ကွာ "
ဒုန်း ဒုန်းးးး ဒုန်းးး

ဆက်ငြိမ်နေရင်တော့ ဘေးအိမ်ကလူတွေ လာဆဲတော့မှာပဲဆိုတဲ့ အသိကြောင့် Plan ပျင်းရိစွာထလိုက်သည် ... ကုတင်ဘေးက
စားပွဲလေးကို စမ်းလိုက်ရင်း မျက်မှန်ထူကြီးကို ကောက်တပ်ရင်း တံခါးဆီ တရွေ့ရွေ့ ...

ဒုန်း ဒုန်းးး ...
" ဘာလဲဟာ ... မင်းကလည်း စောစောစီးစီး "
Gun က Plan ခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်ပြီး ...
" နာရီကိုပြူးပြီးကြည့် ပုလင်းဖင်ရဲ့ ... စောစောစီးစီးဟုတ်လား နေပြန်ဝင်တော့မယ် လဒလေးရေ ... ညက ဂိမ်းတွေ ဘယ်လောက်ဆော့ထားလဲ ... "
" ဝါးးးး အိပ်ချင်သေးတယ် ...... "

အိပ်ယာပေါ် ပြန်တက်လှဲဖို့ လုပ်နေတဲ့ Plan ကို
Gun အမြန်ဆွဲပြီး ရေချိုးခန်းထဲကို တွန်းပို့လိုက်သည် Gun ကတွန်း သူကရုန်းနဲ့ နောက်ဆုံး ယက်ကန် ယက်ကန် ရေချိုးခန်းထဲရောက်တော့မှ ...
" ရေမချိုးချင်ဘူး အိပ်ချင်တာ ဘာလဲ ရေချိုးဇလုံထဲ အိပ်ရမှာလား ...
ငါ့ ခေါင်းအုံးလေးတစ်ချက်လောက်
လောက် ... ... "

Gun က Plan မျက်မှန်ကို ဆွဲချွတ်ပြီး ရေပန်းရှိရာသို့ တွန်းရင်း ရေတွေ ဖွင့်ချပေးလိုက်သည် ...
" အားးးးး သေနာကောင် Gun ဟေ့ကောင် သေမလို့ ***#$&*= "
ဆဲနည်းပေါင်းစုံအသံကို Gun တစ်ယေယက် တခွီခွီရယ်ရင်း ရေချိုးခန်း တံခါးပိတ်ကာ အပြင်ကထိုင်စောင့်နေလိုက်သည် ...

ခဏနေတော့ Plan တစ်ယောက် ရေချိုးခန်း အပေါက်ဝကနေ အသံပြဲကြီးနဲ့ ထအော်ပြန်သည်
" ဟေ့ကောင် ငါ့မျက်မှန် ပေးးးးးးးး "
" ရော့ ရော့ ... ဒီမှာ "
" ဘာလဲကွာ မင်းကလည်း ငါ အေးအေးဆေးဆေးကို မနေရဘူး ကျောင်းဖွင့်တော့လည်း နှိပ်စက် ကျောင်းပိတ်တော့လည်း အိမ်ထိလာနှိပ်စက်တယ်
" မသိရင် ငါက လူဆိုးဖြစ်နေပါပြီကွာ မင်းပြောမှပဲ "

" ကဲ ပြော ဘာလာလုပ်တာလဲ ... "
" မကြာခင် လှုပ်ရှားလို့ကောင်းမယ့် အချိန်လေကွာ "
" ဘာကို လှုပ်ရှားမှာလဲ ... နေပါဦး
ဟေ့ကောင် Gun မင်းက ဘာ ဒီဇိုင်းလဲ
ငါ အခုမှ ကြည့်မိတယ် "
" အေး အကန်းကောင် ငါ့ကို တစ်လမ်းလုံး ကောင်မလေးတွေ ငေးလာသမျှ မင်းက အခုမှ မြင်တယ် ဟုတ်လား ... "

တွယ်လက်တစ်စုံ ( Forever Hiatus 😅 ) Tempat cerita menjadi hidup. Temukan sekarang