" P' ရေ ... "
ကျောင်းပေါက်ဝကနေ လက်ဝှေ့ရမ်းရင်း အော်ပြီးပြေးလာတဲ့ Mean ကြောင့် Plan ကားပေါ်က ဆင်းဆင်းချင်း လန့်သွားသည် ...
" Mean ... လန့်တာကွာ ဖြည်းဖြည်းအော်ပါကွ "
ထုံးစံအတိုင်း Plan ကိုစောင့်နေတဲ့ Gun က
Mean ကိုလှမ်းပြောလိုက်သည် ..." ဆိုင်ကယ်ရော မပါဘူးလား "
" အင်း P' ဆိုင်ကယ်ပျက်နေလို့ ပြင်ဆိုင်ပို့ခဲ့တယ်"
" ဒါဆို ကျောင်းကိုဘာနဲ့လာတာလဲ "
" ဘတ်(စ်)နဲ့လေ ... "
" ဘတ်(စ်) ကားက စီးလို့ကောင်းလား "
Plan အမေးတွေကို ဖြေနေရင်းမှ Mean မျက်မှောင်ကြုံ့မိသည် ...
" P' မစီးဖူးဘူးလား ဒီအရွယ်ထိ ... "
Plan ကခေါင်းသာခါပြန်သည် ...@ သူဌေးသားမှ တစ်ကယ့်ကို နုနုရွရွလေးပါလား@
Mean စိတ်ထဲကတွေးလိုက်ပြီး Plan ကို စကားစတော့သည် ...
" ဒါဆို ညနေကျ ကျွန်တော်အိမ်ထိလိုက်ပို့မယ် ဘတ်(စ်)တူတူ လိုက်စီးမလား "
Plan က မျက်လုံးလေးလှန်ကာ
အရင် စဉ်းစားပြီးမှ ...
" ဒါပေမယ့် ငါ့ကို အိမ်က လာကြို ... "
" သူငယ်ချင်းနဲ့ အတူတူပြန်မယ် ပြောလိုက်ရင် ရတာပဲ P'ကလည်း လိုက်ခဲ့လေနော် ကျွန်တော်လည်း တစ်ယောက်ထဲဆိုတော့ ... "Plan က မငြင်းခင် Mean က တော်တော့်ကို ဆွဲဆောင်နေပြီမလို့ ဘေးနားက Gun ကို လှည့်ကြည့်တော့ Gun က ပခုံးတွန့်ပြသည် ...
အားကိုးလို့မရတော့မှန်း သိတော့လည်း ထားပါ
ကိုယ်ကလည်း လိုက်ချင်နေတာနဲ့ ..." အင်း လိုက်ခဲ့မယ်လေ လာကြိုမယ့်ဦးလေးကို ဖုန်းဆက်ထားလိုက်မယ် "
" Yes!!! ဒါဆို ကျောင်းဆင်းရင်
အပေါက်ဝမှာ ဆုံမယ်နော် P' ... ကျွန်တော်အတန်းသွားတက်ပြီ"" တစ်ချို့တစ်ချို့တွေများတော့ တစ်သက်လုံး မျက်နှာချင်းမဆိုင်အောင် မုန်းတော့မလိုလိုနဲ့ တည့်ချင်တော့လည်း အမယ်လေးလေး ဘေးကနေတောင် အနေရခက်တယ် "
ဘေးနားက စောင်းပြောနေသော Gun ကို
Plan က တစ်ချက်ပိတ်ချပြီး စာသင်ဆောင်ထဲဝင်သွားသည် ...
Gun ကတော့ ခေါင်းကို ပွတ်ရင်း နောက်က ရှုံ့မဲ့မဲ့နဲ့လိုက်ရပြန်သည် ..." ဟေ့ကောင် အချိန်မှန်ပါလား ... "
" အင်း ဒီတလော စိတ်ကြည်နေတယ် ပြောရမလား "
" အမယ် ဆိုစမ်းပါဦး ... မင်း မျက်နှာက တော်တော်ပျော်နေပုံပဲ ... "
" ပျော်တော်ပျော်ပေမယ့်
အရမ်းတော့မဟုတ်ပါဘူးကွာ "
" အေး ... မင်းမျက်နှာကြီးက ငါတောင်
အံ့သြရအောင် ပြုံးဖြီးနေလို့ဟ "
" အဲ့လောက်တောက်ပဲလား ... "
Mean က ပြောလည်းပြော မျက်စလည်းပစ်ပြတော့
Mark က မနိုင်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းခါပြလိုက်သည် ...
KAMU SEDANG MEMBACA
တွယ်လက်တစ်စုံ ( Forever Hiatus 😅 )
Fantasi🍈 မည်သည့်အရာမဆို တွယ်ငြိမိလျှင် ခံစားရတတ်သည် အထူးသဖြင့် အချစ်ပေါ့လေ ... 🍈