🍈Ep-4🍈

884 90 16
                                    

Mean စိတ်မရှည်တော့ … ဖုန်းနံပါတ်တစ်ခုကို ကောက်နှိပ်လိုက်သည် အတိအကျပြောရရင် ကျောင်းမှာတုန်းက သူ့ဆီ ဝင်လာတဲ့ဖုန်း …

" ငါစောင့်နေမယ် … မနက်ဖြန် ကျောင်းဆင်းချိန် ကျောင်းဂိတ်ဝကိုလာခဲ့ "
Mean အသံမှာ ဒေါသသံပါပြီး ပြတ်သားနေခဲ့သည် …

နောက်နေ့မနက် Gun က Plan ကျောင်းမရောက်သေးလို့ ဖုန်းခေါ်မယ်လုပ်တော့
Plan မရွှင်မလန်းနဲ့ ကျောင်းခန်းထဲကို ဝင်လာသည် …

" ဟေ့ကောင် ညက မအိပ်ထားဘူးလား "
Plan က ခေါင်းပဲညိမ့်ပြပြီး သူ့နေရာကိုသွားကာ
ခုံပေါ်မှောက်အိပ်နေသည် …
" ဟေ့ကောင် Plan ဆရာမဝင်နေပြီ
ထတော့ Plan …"
ဘေးနားက Gun က လှုပ်နှိုးပေမယ့် Plan က မလှုပ်မယှက် … ခေါ်တာမကြားသလိုပင်
" ဟေ့ကောင် Plan … "
Gun ကဆွဲမလိုက်တော့မှ …
" အင်းပါ ငါ မအိပ်ပါဘူး ခေါင်းတွေမူးနေလို့ "

@ Plan ပုံစံကမဟန်ပေ ညလုံးပေါက် ဂိမ်းဆော့ရင်တောင် တစ်နေ့လုံးပြန်အိပ်တဲ့ကောင်
အခုတော့ အမေ့ကို စိုးရိမ်ပြီး တစ်ညလုံး မအိပ်ပဲ စောင့်နေတယ်ထင်ပါ့ ဟင်းးး @
Gun ကတွေးရင်းပင် သက်ပြင်းချမိသည် …

" ဟေ့ Plan စောစောပြန်လိုက်ပါလား …"
ပထမစာသင်ချိန်ပြီးတော့ Gun က ပြောလိုက်သည် …
" မပြန်ပါဘူးကွာ နေ့လည်းနားချိန်ပြီးရင်
tutorial ရှိနေတာကို … "
" ကောင်းတယ် မင်းလည်း အမေနေမကောင်းမှ
game အကြောင်းမကြားရတော့ဘူး မဟုတ်ရင်
မဆော့ရ သေမလိုပဲ ခုတော့ tutorial ဘာညာ ပါးစပ်ကထွက်လို့ "

" သူများကြားရင် ငါက စာမလုပ်ဘဲ game ပဲ ထိုင်ဆော့နေတယ် ထင်ဦးမယ် မတာလေး "
Plan ကပြောရင်း Gun ခေါင်းကို ပိတ်တီးလိုက်သည် …
" ငါ့ကို ရိုက်နိုင်တယ်ဆိုရင် မင်း နေကောင်းသေးတယ်"
" ငါ အိပ်ရာထဲလဲနေတောင် မင်းကိုတော့ ထုနိုင်တယ် "
" တော်တော်ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း "
Gun ကပြန်ပြောတော့ Plan က သဘောကျစွာ ရယ်နေသည် …

" ဒါနဲ့ Mean ကို သွားတွေ့ဦးနော်  "
" အာ ဟုတ်သားပဲ ငါမေ့ပြန်ပြီ "
Plan က သူ့ခေါင်းကို နှစ်ချက်လောက်
လက်ဝါးနဲ့ ရိုက်ရင်း ရေရွတ်လိုက်သည် …
" ဒီနေ့ တွေ့ရင်ကောင်းမလား မဖြစ်ပါဘူး
ငါ အိမ်စောစောပြန်ရဦးမယ် "
နောက်တစ်ချိန် ဆရာဝင်လာလို့ Plan နဲ့ Gun
စကားစပြတ်သွားတော့သည် …

တွယ်လက်တစ်စုံ ( Forever Hiatus 😅 ) Where stories live. Discover now