🍈Ep-5🍈

1.1K 94 11
                                    

" P'Plan က ငါ့အတွက် မုန့်လေးတစ်ခုတောင်မပါဘူး
မင်းအတွက်ကျတော့ အထုတ်လိုက် "
Mark က Mean ရှေ့က မုန့်ထုတ်ကို ပြောရင်း လက်လှမ်းလိုက်တော့ …
" ဖြန်းးးး … "
Mean က Mark လက်ကို ရိုက်ချလိုက်သည် …
" အားး ဟေ့ကောင် နာလိုက်တာဟာ "
" လာမထိနဲ့ ဒါ ငါတစ်ယောက်ထဲပိုင်တာ ရှင်းတယ်နော် မင်း စားချင် မင်းပိုင်ရှင်ဆီကစား "

" ဟားး မနေ့တစ်နေ့က P' ကို ကျိန်ဆဲနေပြီး
အခုကျ P' ပေးတာလေးတောင် အထိမခံတော့ပါလား မင်းအဲ့လောက် အပြောင်းအလဲ မြန်မှန်း ငါမသိခဲ့ဘူး "
" အခုသိသွားပြီမလား … ငါ P' ကို ခင်ချင်တယ် "
Mark မျက်ခုံးတို့ မြင့်တက်သွားသည် …
Mean ကို ဘာမှမပြော စိုက်ကြည့်နေတော့
Mean ကပါ Mark ကို ပြုံးပြီး ပြန်ကြည့်နေသည် …

🍃🍂

" Mean က ဘာလို့ငါ့ကို လွယ်လွယ်ခွင့်လွှတ်ပေးတာလဲ … "
" ဟင် အဆင်ပြေတာတော့လည်း ကောင်းတာပေါ့ကွာ သူ့ စိတ်ထဲဘာမှမရှိတော့
ok တာပေါ့ "
" မဟုတ်ဘူးလေ သူ့ငါ့ကို ဆိုင်ကယ်နဲ့ တိုက်ဖို့ထိတောင် ပြီးတော့ ငါ လွန်ခဲ့တာပဲလေ
သူ စိတ်ဆိုးချင်စရာ "
" အင်းး … အခုတော့သိပြီမလား ကိုယ်မှားတာကို
နောက် စိတ်လိုက်မာန်ပါ မလုပ်နဲ့တော့ Plan အဲ့နေ့က Mean က ငါတို့သိတဲ့လူတစ်ယောက်မဟုတ်ခဲ့ရင် အဲ့နေရာမှာ ငါတို့မရှိခဲ့ရင် မင်းဘယ်လိုလုပ်မလဲ "

Plan က မျက်နှာငယ်လေးနဲ့ ငြိမ်နေသည် …
" နောက်ဆို ကိုယ့်စိတ်ကို ထိန်းပါတော့ကွာ မေ့စရာရှိတာတွေလည်း မေ့သင့်နေပြီ "
" ဒါပေမယ့် … ငါ ငါချစ်တဲ့အရာတွေကို သူများ ထိခိုက်မှာကြောက်တယ် အဲ့လိုထိခိုက်ခံရတဲ့ နာကျင်မှုကို ငါ့လောက် ဘယ်သူကသိမှာလဲ ငါကိုယ်တိုင် သေချာသိခဲ့ရတာ ငါ … ငါ့ကိုယ်ငါလည်း ကာကွယ်ချင်သေးတယ် "

Plan ပြောရင်း အသက်ရှုတွေမြန်လာကာ
မျက်ရည်လေးတွေ ဝဲလာတော့ …
" ဟေ့ကောင် စာမေးပွဲအတွက် စာတွေရပြီလား … game တွေပဲဆော့မနေနဲ့ စာကျက်ဦး … "
Gun က စကားလမ်းကြောင်းလွှဲလိုက်သည် …
" အင်း … "

ကျောင်းဆင်းတော့ ……
" Gun … ငါပြန်ပြီ "
" အေး အေး ဂရုစိုက်ဦး … "
Plan က Gun ကို နှုတ်ဆက်ပြီး ကားပေါ်တက်သွားသည် …

တွယ်လက်တစ်စုံ ( Forever Hiatus 😅 ) Where stories live. Discover now