ဒီလိုကြောက်လန့်စရာကောင်းတဲ့ဆံပင်ပုံစံမျိုးကိုDi Fuyiမြင်ဖူးတာဒါပထမဆုံးဖြစ်သည်။သူသူမကိုကြည့်လိုက်သည်။သူတစ်ခုခုပြောချင်နေပေမယ့်တွန့်ဆုတ်နေသည်။နောက်တော့သူမဆံပင်ကနေအကြည့်လွဲလိုက်ပြီးပြောလိုက်သည်။"ကောင်းပြီလေ..ငါးစဖမ်းကြစို့"နောက်သူသူမကိုငါးစားနဲ့ငါးမျှားတံပေးလိုက်သည်။
Gu Xijiuအမည်းရောင်ပြောင်းသွားပြီဖြစ်တဲ့ငါးမျှားတံကိုယူလိုက်ပေမယ့်ငါးစားကိုတော့မကြည့်ပေ။"ကျွန်မဘာသာကျွန်မငါးစားရှာမယ်"
Di Fuyiသူ့ရဲ့ပုလင်းထဲကငါးစားကိုကြည့်လိုက်ပြီးဘာမှမပြောပေ။
ဒါကဝိညာဉ်စွမ်းအားရှိတဲ့မြွေတစ်ကောင်ကနေပြုလုပ်ထားတာဖြစ်ပြီးဝိညာဉ်စွမ်းအင်တော်တော်များများပါဝင်သည်။သူ့အိမ်မှာရှိတဲ့ဝိညာဉ်စွမ်းအင်ရှိတဲ့တရစ္ဆာန်တိုင်းဒီအစာကိုကြိုက်နှစ်သက်ကြသည်။ဒီနေရာမှာသူ့ငါးစာထက်ကောင်းတဲ့ငါးစာကိုကောင်မလေးရှာတွေ့နိုင်ပါ့မလားဆိုတာDi Fuyiသိချင်နေမိသည်။
Gu Xijiuကမ်းစပ်တစ်လျောက်ရှောက်ရှာပြီးသူမအင်္ကျီးထဲကနေဓားမြှောင်တစ်လက်ကိုထုတ်ယူလိုက်ပြီးမြေကြီးကိုတူးဆွလိုက်သည်။ခဏကြာတဲ့အခါသူမလက်ထဲမှာရုန်းကန်ဖို့ကြိုးစားနေတဲ့သေးသွယ်ပြီးရှည်းလျားတဲ့တီကောင်တစ်ကောင်ကိုမြေကြီးထဲကဆွဲထုတ်လိုက်သည်။
"ဒါငါးစာလား?"Di Fuyiမျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
ငါးကဒီလိုညစ်ပတ်ပြီးအာဟာရမရှိတဲ့တီကောင်ကိုကြိုက်ပါ့မလား?
Gu Xijiuခေါင်းညိတ်ပြလိုက်သည်။နောက်သူမတီကောင်ကိုရေဆေးလိုက်ပြီးပိုင်းလိုက်သည်။Di Fuyiထိုမညီမညာအပိုင်းတွေကိုကြည့်ပြီိးမျက်မှောင်ကြုတ်လိုက်သည်။သူ့လက်ကိုဝေ့ယမ်းလိုက်တဲ့အခါထိုငါးစာတွေကိုအလင်းတန်းတွေဖုံးအုပ်သွားသည်။

BẠN ĐANG ĐỌC
အဆိပ်ပြင်းသောကြင်ယာတော်(Ch.175-???)[Mm Tran:]
Lãng mạnAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...