Di Fuyiသူမကိုစိုက်ကြည့်ပြီးတွေးတောနေသည်။
သူစနောက်ချင်တဲ့သူသိပ်များများစားစားမရှိသလိုသူစနောက်ခဲ့တဲ့သူတွေကလည်းဒီကမ္ဘာပေါ်မှာပါရမီထူးခြားသူတွေပင်။သူစနောက်ခဲ့တဲ့သူတွေမှာမတူညီတဲ့တုန့်ပြန်မှုတွေရှိကြသည်။
ထိုသူတွေသာGu Xijiuလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရရင်ပြန်တိုက်ခိုက်တာ၊ငိုပြီးအရှုံးကိုဝန်ခံတာ၊ဒါမှမဟုတ်အခြားနေရာကိုနေရာရွေ့ပြောင်းပြီးဗိမာန်ဆရာကျိုးအခြားအလုပ်မရှိသေးသ၍ထွက်ပြေးနေကြလိမ့်မည်။
ဒီကောင်မလေးကိုနှောင့်ယှက်တဲ့အခါထွက်ပေါ်လာမယ့်တုန့်ပြန်မှုတော်တော်များများကိုစဉ်းစားထားခဲ့ပေမယ့်ဒီလိုလုပ်လိမ့်မယ်လို့တော့မထင်ထားခဲ့ပေ။သူမဒေါသမထွက်တြံအပြင်ငိုလည်းမငိုသလိုတည်တည်ငြိမ်ငြိမ်နဲ့သူ့ကိုလျစ်လျှူ ရှူ လိုက်ခြင်းဖြစ်သည်။
အကောင်းဆုံးကတော့သူမတည်ငြိမ်ချင်ယောင်ဆောင်နေခြင်းမဟုတ်သလိုဆရာကျကျသူ့ကိုလျစ်လျှူ ရှူ ထားခြင်းသာ။သူမရဲ့နှလုံးခုန်နှုန်းနဲ့သွေးစီဆင်းနေမှုနေဗိမာန်ဆရာကျိုးဟုတ်မဟုတ်ပြောနိုင်သည်။ဒါပေမယ့်သူဘာမှမမြင်ရပေ။
အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးသွားပြီးကြယ်လေးတွေတစ်လက်လက်တောက်ပနေတဲ့ညကောင်းကင်ယံကြီးပေါ်ပေါက်လာခဲ့သည်။Gu Xijiuရေထဲမှာတရားထိုင်နေတာတစ်နာရီခန့်ရှိပြီဖြစ်ပြီးသူမမျက်လုံးကိုလုံးဝမဖွင့်ပေ။သူမကတိတ်ဆိတ်ခြင်းနယ်ပယ်ထဲပင်ဝင်ရောက်သွားပြီဖြစ်သည်။
Di Fuyiရေးရေးလေးပြုံးလိုက်ပေမယ့်ဒီလိုအခြေအနေမှာသူ့လောက်စိတ်ရှည်မယ့်သူမရှိပေ။သူဘယ်နေရာကမှန်းမသိငါးမျှားတံတစ်ချောင်းကိုထုတ်ယူပြီးစတင်ငါးမျှားလိုက်သည်။ဒါပေမယ့်သူ့ရဲ့စိတ်ရှည်သည်းခံမှုနဲ့တောင်ဘာငါးမှမဖမ်းမိပေ။နောက်ဆုံးတော့သူ့ရဲ့ငါးမျှားတံကိုငါးတစ်ကောင်လာဟပ်ပြီးသူ့ငါးမျှားတံကိုမြှောက်လိုက်တဲ့အခါရုတ်တရက်Gu Xijiuနိုးလာပြီးသူမခန္ဓာကိုယ်ကိုလှုပ်လိုက်သည်။ရေကအနည်းငယ်တုန်ခါသွားပြီးငါးလည်းကြောက်လန့်ကာထွက်ပြေးလွတ်မြောက်သွားသည်။
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.175-???)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...