Chapter 189 : သရုပ်​​ဆောင်​​ကောင်းတယ်

6.4K 643 9
                                    

သူGu Xijiuကို​ခေါင်းစ​ခြေဆုံးကြည့်​ပြီး​ပြောလိုက်​သည်​။"မင်းကြည့်​ရတာမိန်းက​လေးနဲ့မတူ​ပေမယ့်​မင်းကမိန်းက​လေးဆိုတာငါ​သေချာပါတယ်​။"

Gu Xijiuမျက်​နှာတစ်​ခုလုံးနီရဲလာပြီးသူ့ကို​ရေကန်​ထဲကန်​ချချင်​စိတ်​​တွေတစ်​ဖွားဖွား​ပေါလာခဲ့သည်​။သူမတစ်​ခစ်​ခစ်​ရယ်​ပြီး​ပြောလိုက်​သည်​။"​ဗိမာန်​ဆရာကျိုးကမိန်းက​လေးတစ်​​ယောက်​လိုဝတ်​စားဆင်​ယင်​တဲ့ဝါသနာရှိမှန်းမသိခဲ့ဘူး။ကြည့်​ရတာသရုပ်​​ဆောင်​လည်း​တော်​​တော်​​ကောင်းပုံပဲ။ကျွန်​မရှင့်​ကိုအထင်​မှာခဲ့တာပဲ!"

"ဟုတ်​တယ်​..မင်းအထင်​မှားခဲ့တာ။ဒါ​ပေမယ့်​ငါမိန်းက​လေးတစ်​​ယောက်​လိုဝတ်​စားဆင်​ယင်​ခဲ့တာမဟုတ်​ဘူး။မင်းကသာငါ့ကိုမိန်းက​လေးလို့အထင်​မှားသွားတာ။ဒါ့​ကြောင့်​မင်းအရှက်​မရရ​အောင်​ငါဆက်​ဟန်​​ဆောင်​​နေလိုက်​တာ.."

Gu Xijiuတိတ်​ဆိတ်​​နေသည်​။သူ့ကိုယ်​သူလူ​ကောင်းတစ်​​ယောက်​လို့​ပြောတာလား?ဘယ်​သူမှယုံမှာမဟုတ်​ဘူး!သူကအရမ်းပျင်းပြီးစ​နောက်​ရ​အောင်​သူမကိုအခွင့်​အ​ရေးယူခဲ့တာပဲ။ဒါ​ပေမယ့်​သူတို့​ရေပူစမ်းမှာ​တွေ့ခဲ့တုန်းကအချိန်​ကိုGu Xijiuပြန်​စဉ်းစားကြည့်​တဲ့အခါသူမသူ့ကိုမိန်းက​လေးတစ်​​ယောက်​လို့ယူဆခဲ့တာဝန်​ခံရမည်။

မိန်းက​လေး​တွေသာဝတ်​ဆင်​တဲ့ဆိုဒ်​ပိုကြီးတဲ့အနီ​ရောင်​ဝတ်​စုံကိုသူဝတ်​ဆင်​ထားခဲ့သည်​။ဒါ​ပေမယ့်​သူမကိုပိုပြီးရှုပ်​​ထွေးသွား​စေတာကသူမမြင်​ဖူးခဲ့သမျှ​ယောင်္ကျား​တွေနဲ့မတူတဲ့လှပတဲ့သူ့ရဲ့မျက်​နှာ​ကြောင့်​ဖြစ်​သည်​။

ကမ်းစပ်​မှာ​အ​တော်​​အေးသည့်အပြင်​သူမကလည်းစိုရွှဲ​နေသည်​။သူတို့ဘက်​ကို​လေပြင်းတိုက်​ခိုက်​လာတဲ့အခါသူမမ​နေနိုင်​ပဲတုန်​ယင်​သွားသည်​။သူမကအ​အေးဒါဏ်​ကိုခံနိုင်​ရည်​ရှိတာ​ကြောင့်​သူမရဲ့ကျန်းမာ​ရေးကိုစစ်​​ဆေးရ​တော့မယ်​ဆိုတာသိလိုက်​သည်​။

"ဒီ​နေရာမှာပဲအဝတ်​လဲဆိုလည်းလဲနိုင်​တယ်​"သူမအရှုံး​ပေးလိုက်​သည်​။"ဒါ​ပေမယ့်​ရှင်​က​တော့ဟိုဘက်​လှည့်​​ပေးရမယ်​"

Di Fuyiသူမကိုကြည့်​ပြီးခပ်​ကျယ်​ကျယ်​ရယ်​​မောလို​က်​သည်​။"မင်းအဝတ်​အစားလဲဖို့လို​သေးတယ်​ဆိုတာ​သေချာလို့လား?"

"ဒါ​ပေါ့!"သူ့ရဲ့​မေးခွန်​မှာတစ်​ခုခုထူးဆန်း​နေသည်​။Gu Xijiuသူမရဲ့ဝတ်​စုံကိုငုံ့ကြည့်​လိုက်​ပြီးသူမရဲ့အဝတ်​အစား​တွေက​ခြောက်​​သွေ့ပြီးသန့်​ရှင်း​နေတာ​တွေ့လိုက်​သည်​။သူမဆံပင်​ကိုထိကြည့်​တဲ့အခါသူမဆံပင်​​တွေလည်း​ခြောက်​​သွေ့​နေတာခံစားလိုက်​ရသည်​။သူမ​ရေထဲမှာအ​တော်​ကြာကြာသိမ်​ထားတာ​ကြောင့်​အနည်းငယ်​​တော့ရှုပ်​ပွ​နေသည်​။

မေးစရာမလိုပဲဒါက​ဗိမာန်​ဆရာကျိုးလုပ်​တယ်​ဆိုတာသိသာသည်​။သူမမသိပဲနဲ့​တောင်​သူမအဝတ်​အစား​တွေကို​ခြောက်​​သွေ့​အောက်​လုပ်​နိုင်​တယ်​!သူမသူ့ကိုကြည့်​လိုက်​သည်​။"​ဗိမာန်​ဆရာကျိုးမှာကြီးမားတဲ့စွမ်းအင်​​တွေရှိတာပဲ.."

"အင်း..ဒါကကိစ္စ​သေး​သေး​လေးပါ"Di Fuyiသူမကိုထပ်​ကြည့်​လိုက်​ပြီးသူမရဲ့ရှုပ်​ပွ​နေတဲ့ဆံပင်​​တွေကိုစိုက်​ကြည့်​လိုက်​သည်​။

"မင်းဆံပင်​ဖီးသင့်​တယ်​လို့ငါထင်​တယ်​"သူ့မျက်​လုံးထဲမှာ​တော့သူမဆံပင့်​​တွေကငှက်​သိုက်​နဲ့တူတာ​ကြောင့်​သူ့ကိုအဆင်​မ​ပြေဖြစ်​​စေသည်​။ဒါ​ပေမယ့်​Gu Xijiuက​တော့ဂရုမစိုက်​​ပေ။သူမရဲ့ဆံပင်​​တွေကိုနားအ​နောက်​ဖက်​ကိုသိမ်းလိုက်​ပြီးသူမရဲ့မျက်​နှာကိုကွယ်​မ​နေ​အောင်​လုပ်​လိုက်​သည်​။"ဟင့်​အင်း..ဒါလည်း​ကောင်းတယ်​လို့ထင်​တယ်​"

သူမစကား​ပြောလို့မပြီး​သေးခင်​မှာသူမခန္ဓာကိုယ်​ကိုမမြင်​နိုင်​တဲ့အားတစ်​ခုကတွန်းသလိုခံစားလိုက်​ရပြီးထိုင်​ခုံ​တစ်​ခု​ပေါ်ထိုင်​လျက်​သားဖြစ်​သွားသည်​။သူမထိုင်​ခုံ​ပေါ်ကခုန်​မထနိုင်​ခင်​မှာလက်​တစ်​ဖက်​ကသူမပုခုံး​ပေါ်​ရောက်​လာသည်​။"မလှုပ်​နဲ!"

သူ့လက်​​ချောင်း​လေး​တွေမှာ​တောင့်​​မွှေးပျံ့တဲ့အနံ့အသက်​​လေး​တွေရှိသည်​။Gu Xijiuကထိုရနံ့​ကြောင့်​စိတ်​အ​နှောက်​အယှက်​ဖြစ်​သွား​ပေမယ့်​မှန်​ဝိုင်​တစ်​ချက်​နဲ့ဘီး​တစ်​​ချောင်းကသူမ​ရှေ့​ရောက်​လာခဲ့သည်​။Di Fuyiစကားနှစ်​လုံးပဲ​ပြောလိုက်​သည်​။"ဖီးလိုက်​"

ထိုဇီဇာ​​​ကြောင်တဲ့သူ​ကြောင့်​​Gu Xijiuရယ်​ရမလားငိုရမလားပင်​မသိ​တော့​ပေ။ဒီကိစ္စ​သေး​သေး​လေးအတွက်​သူမသူနဲ့ပြိုင်​ရန်​မဖြစ်​ချင်​တာ​ကြောင့်​မြန်​မြန်​ဘီးကိုယူလိုက်​ပြီးဆံထိုး​တောင်​မသုံးပဲဆံပင်​ကိုခပ်​မြင့်​မြင့်​စုစည်းလိုက်​သည်​။

====

အဆိပ်ပြင်းသောကြင်ယာတော်(Ch.175-???)[Mm Tran:]Opowieści tętniące życiem. Odkryj je teraz