<UNICODE>
"သူမကသရဲများလား?"ရထားလုံးမောင်းသမားတွေးတောကာခေါင်းခါလိုက်ပြီးရထားလုံးထဲကပြန်ထွက်လာလိုက်သည်။
အဲ့နောက်ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးကြောက်မက်ဖွယ်မျက်နှာဖုံးကိုတပ်ထားတဲ့သူတစ်ယောက်သစ်ပင်တွေပေါ်မှာပျံဝဲနေတာတွေ့လိုက်သည်။
ထိုလူအဲ့မှာဘယ်အချိန်တည်းကရောက်နေမှန်းသူမသိပေ။
ထိုသူရထားလုံးမောင်းသမားကိုစိုက်ကြည့်နေသည်။
ရထားလုံးမောင်းသမားလည်းဘာမှမလုပ်ထားပေမယ့်ကြောက်လန့်တုန်ယင်သွားသည်။
"Ecstasy Houseရဲ့စည်းမျဉ်းရှစ်ချက်ကဘာတွေလည်း?"ခရမ်းရောင်ဝတ်စုံဝတ်လူမေးလိုက်သည်။
ရထားလုံးမောင်းသမားအံ့ဩသင့်သွားသည်။"ဘာ..ဘာလို့မေးတာလဲ?"
ခရမ်းရောင်ဝတ်လူကပြန်မဖြေပဲသူ့ကိုသာစိုက်ကြည့်နေသည်။
ထိုလူရဲ့အေးစက်တဲ့အကြည့်တွေကြောင့်ရထားလုံးမောင်းသမားတောင့်တင်းသွားသည်။ထိုလူကပြန်မဖြေသေးဘဲပြုံးကာစည်းမျဉ်းတွေကိုဖတ်ပြလိုက်သည်။"ဖောက်သည်တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကိုခွင့်ပြုချက်မရှိပဲထုတ်မပြောရဘူး။ကိုယ့်ဖောက်သည်ကိုလည်းမဝေဖန်ရဘူး..။တကယ်လို့အပြစ်ရှိကြောင်းရှာတွေ့မယ်ဆိုရင်လျာကိုဖြတ်ပြီးသုံးနှစ်စာလစာဖြတ်တောက်ခြင်းခံရမယ်..."
ရထားလုံးမောင်းသမားကြောက်လန့်သွားသည်။
သူ့ရှေ့ကလူကထိုစည်းမျဉ်းကိုသိနေမယ်လို့မထင်ထားပေ။သူကြောက်လန့်တကြာနောက်ဆုတ်လိုက်သည်။"မင်း..မင်းဘယ်လိုသိတာလဲ?"
ခရမ်းရောင်ဝတ်စုံနဲ့သူမေးလိုက်သည်။"မင်းဒီပြစ်မှုကိုတစ်ယောက်တည်းကျူးလွန်တာလား?ဒါမှမဟုတ်တစ်ယောက်ယောက်ကူညီသေးလား?"
ရထားလုံးမောင်းသမားလည်းပြန်မဖြေပဲမြင်းကိုကြိမ်နဲ့ရိုက်နှက်ပြီးထွက်ပြေးသွားသည်။
ခရမ်းရောင်ဝတ်စုံနဲ့သူလည်းနောက်ကနေလိုက်မသွားပေ။
ခဏအကြာမှာတောင်စောင်းနံရံနဲ့တစ်ခုခုတိုက်မိသံကြားလိုက်ရပြီးအော်သံအကျယ်ကြီးကိုပါကြားလိုက်ရသည်။
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.175-???)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...