Gu Xijiuပြောစရာစကားပျောက်ရှသွားသည်။
သူမရှေ့ကနတ်ဘုရားကအမှန်တော့သူမကိုသတ်ဖို့နည်းလမ်းရှာနေတာပဲလို့သူမနားလည်သွားသည်။
ဒီလက်ထပ်ပွဲဖြစ်မြောက်နိုင်နှုန်းကအစတည်းကဖြစ်နိုင်ခေမရှိပေ။ထိုအချက်တွေကိုကျော်လွှားနိုင်ဖို့ကမဖြစ်နိုင်ပေ။
ဒါပေမယ့်သူမကRong Yanနဲ့တရားဝင်စေ့စပ်ထားပြီးလ်ြထပ်ပွဲကိုဖျက်ပစ်ဖို့ကမဖြစ်နိုင်သလောက်ပင်။သူမသာဒီနေရာကိုအချိန်ကူးပြောင်းပြီးရောက်မလာခဲ့ရင်မိန်းကလေးGuကသေနေလောက်ပြီ။ထိုအချိန်မှာစေ့စပ်ပွဲပျက်ချင်ပျက်သွားနိုင်ပေမယ့်အတော်အရှက်ရဖွယ်ကောင်းသည်။သူမကိုဖမ်းချုပ်ပြီးစစ်သူကြီးGuကိုယ်တိုင်ဝက်လှောင်အိမ်ထဲထည့်ထားမှာသေချာသည်။ဒါဆိုဗိမာန်ဆရာကျိုးကိုယ်တိုင်စစ်သူကြီးဇနီးနဲ့သဘောတူညီမှုလုပ်ထားရင်တောင်ထိုကိစ္စကအသေးအမွှားသာဖြစ်သွားလိမ့်မည်။
ထိုလက်ထပ်ပွဲကလုံးဝဖြစ်လာမှာမဟုတ်ပေ..
ဒါသူမစေ့စပ်ပွဲကိုထိခိုက်မှုမရှိဖျက်ပစ်နိုင်ခဲ့တာကြောင့်ဗိမာန်ဆရာကျိုးအခုလိုအကြံဥာဏ်ပေါ်လာခြင်းဖြစ်သည်။
ဒါကြောင့်သူသူမကိုစောင့်ကြည့်နေပြီးစစ်ဆေးမယ့်စင်မြင့်ပေါ်ခေါ်သွားဖို့အမြဲကြိုးစားနေခြင်းဖြစ်သည်။
အမည်းရောင်တောနက်ထဲကသူမအသက်ရှင်လျှက်ပြန်ထွက်လာနိုင်ဖို့ကအရမ်းနည်းတာပြီးသူမသေသွားရင်လည်းစေ့စပ်ပွဲကအထမမြောက်တော့ပေ..
"ဗိမာန်ဆရာ..တကယ်လို့ကျွန်မကကောင်းကင်ဘုံကစွမ်းရည်တွေပိုင်ဆိုင်ထားတယ်ဆိုရင်ရော?ဒီလက်ထပ်ပွဲဘယ်လိုဖြစ်သွားမှာလဲ?"Gu Xijiuအတည်ပြုဖို့မေးလိုက်သည်။
"အဲ့လိုသာဆိုမင်အမည်းရောင်တောနက်ထဲကိုသွားစရာမလိုတော့ဘူး..အိုး.လက်ထပ်ပွဲလုပ်မလုပ်ကလည်းမင်းသဘောပဲ။တကယ်လို့မင်းလက်ထပ်ချင်တယ်ဆိုရင်ကြိုးစားကြည့်လို့ရတယ်။ဒီစေ့စပ်ပွဲကမင်းအသက်ရှင်နေသမျှအကျုံးဝင်တယ်။"
ESTÁS LEYENDO
အဆိပ်ပြင်းသောကြင်ယာတော်(Ch.175-???)[Mm Tran:]
RomanceAuthor(s) Mu Danfeng 穆丹枫 I just translate this story and this story isn't belong to me. Full credit to original author(s) and english translation team. I also don't own any of the pics... Synopsis: modernခေတ်မှာကျွမ်းကျင်အဆင့်လုပ်ကြံသတ်ဖြတ်သူတစ်ယောက...