ကံကြမ္မာ.. .ဟုတ်တယ်..ကိုယ်တွေ မမြင်နိုင်တဲ့အရာတစ်ခု
ထိတွေ့ကိုင်တွယ် ဖို့ဆိုတာကလည်း မဖြစ်နိုင်...
တစ်ခါတစ်ရံ နူးညံ့ သယောင်ရှိပေမယ့်...ရုတ်တရက် ခက်ထန်ကြမ်းတမ်းတတ်တဲ့ ..အရာတစ်ခုပေါ့
လောကကြီးမှာ လူသားတစ်ဦး ရယ်လို့ ဖြစ်တည်လာကတည်းက....အငိုနဲ့စတင်ပြီး..လူ့လောကထဲကို ဝင်ရောက်လာခဲ့ကြရတယ်...
တစ်ချို့ကတော့....ကောင်းချီးပေးမူ့တွေနဲ့ပေါ့...ဒါပေမယ့် တစ်ချို့သော လူတွေကတော့..လူလောကထဲကို ဝင်လာကတည်းက ကံကောင်းချင်းဆိုသော အရာတွေအကုန်လုံး ကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်..
ကိုယ့်ဘဝထဲကို မဖိတ်ခေါ်ပါလျှက် တိတ်တဆိတ် တိုးဝင်းလာပြီး....
ကိုယ် မနှင်ရက်တော့တဲ့အချိန်မှ..သူဟာ တိတ်တိတ်လေး
ပြန်ထွက်သွားပြန်တယ်ကိုယ်သိပ်ချစ်ရတဲ့ သူတွေကို ဆုံးရှူံး ရပါများတော့..ထို ကံကြမ္မာ ဆိုတဲ့ အရာကို...မယုံကြည်နိုင်တော့တာအမှန်ပါပဲ..
ကိုယ်ပိုင်ဆိုင်တဲ့အရာတွေအားလုံး
ဆုံးရှူံး ရတာတွေ သိပ်များလာတော့
ကိုယ် ဘယ်အရာကိုမှ မပိုင်ဆိုင်ရဲတော့ဘူး...အခု ကိုယ်မင်းကို လက်လွှတ်ခဲ့ရသလိုမျိုးပေါ့....
.
Yeollie~~~~~~~"Chan yeol ရဲ့အနားကနေ ထွက်သွားလိုက်~~~ဒါဆို ဂေဟာကိစ္စကို စဉ်းစားပေးမယ်...မင်းအတွက်
မနစ်နာစေရဘူး...."ခုံမှာ ခြေတောက်ချိတ်ထိုင်ပြီး ပြောလာတဲ့ ထိုသူစကားအပြီးမှာ baekhyun ရဲ့ မျက်လုံးတစ်စုံ ပြူးကျယ်သွားရတော့သည်။
ဒီလူက ဘာကြောင့်လဲ.. ..??...သူက Yeol ရဲ့အနားကနေ ကျနော့်ကို ထွက်သွားဖို့ ပြောရတာလဲ...
ဂေဟာကိစ္စကို ရက်နည်းနည်း နောက်ဆုတ်ပေးဖို့အတွက်..ပြောဖို့
Baek အရဲစွန့်ပြီး လာခဲ့တာ...အခုလို yeolလေးနဲ့ အလဲအလှယ်လုပ်ရမယ်ဆိုတာ..baekသိခဲ့ရင် လုံးဝလာပြောမှာမဟုတ်ဘူး..
ဘာလို့ဆို baekရဲ့ ဘဝက yeolဖြစ်နေလို့ပဲ..
ကျန်တာတွေ အားလုံးကို မျက်ကွယ်ပြုထားလို့ရပေမယ့်..
သူသိပ်ချစ်ရတဲ့ ယောလ်ကိုတော့ ပစ်မထားခဲ့နိုင်ပါ..."သူဋ္ဌေးက ဘာကိုပြောချင်တာလဲ??..ကျနော်က ဘာကြောင့် chan yeol အနားက ထွက်သွားပေးရမှာလဲ ."
ကျစ်!!!
"မင်း မေးခွန်းတွေက သိပ်များနေပြီ ...ငါက မေးခွန်းပြန်ထုတ်တာကို မလိုချင်ဘူး.....
သွားမလား....မသွားဘူးလား...အဲဒီ့်နှစ်မျိုးတည်းက တစ်ခုကို ပဲမင်းဖြေရမှာ....
YOU ARE READING
မြင်နေခွင့်လေး (Chanbaek Yaoi.). Complete .မြင်နေခွင့်လေး (Z&G)
FanfictionOnly chanbaek Chanbaek bl ..present for Byunbaek_6104. #Hyunnie_6104