အခန်းထဲကို တစ်စွန်းတစ်စ ဝင်ရောက်လာတဲ့ နေရောင်ခြည်ခပ်နွေးနွေး.....
လေထုထဲမှာ
တဖြည်းဖြည်း လျော့နည်းလာတဲ့ နှင်းမှုန်စတွေက နွေဦးကို
ဆီးကြိုနေသလိုပင်..."အဟင်း~~~ဟင်...အ့......ကျွတ်စ်~~~ကျွတ်စ်..."
သူတို့ကြည့်နေတုန်းမှာပဲ ခပ်တိုးတိုးလေး ညည်းတွားရင်း
သတိပြန်လည်လာတဲ့ ထိုကောင်လေး....Sehunတစ်ယောက် ထိုကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး...အနားမှာရှိတဲ့ ချစ်ရသူလေးကို စမ်းသပ်ပေးဖို့
ပြောလိုက်သည်။"Gege~...ကောင်လေးသတိရလာပြီ....စမ်းသပ်ပေးပါဦး
......""အင်းပါ....hunရယ်...."
Baek မှိတ်ထားတဲ့ မျက်လုံးတွေကို အားယူပြီး ဖွင့်လိုက်တော့ မျက်စိထဲကိုစူးခနဲ တိုးဝင်လာတဲ့ အလင်းရောင်တစ်ချို့
ရုတ်တရက်ဆိုတော့ Baekမျက်လုံးတွေကို အသာပြန်မှိတ်ထားလိုက်မိတယ်....
သူ အခု ဘယ်ကိုရောက်နေတာလဲ....သေ သွားတာလား
..မဖြစ်နိုင်တာ.. .ဒါဆို သူဘာလို့ နာကျင်မူ့ကို ခံစားနေရတာလဲ. ..."ကောင်လေး...မင်းသတိရလာပြီနော်....hyungပြောတာကို ကြားရလား.???...."
Luhan မေးလိုက်တော့ ခေါင်းကိုအသာ ညှိတ်ပြလာတဲ့ ထိုကောင်လေး.. ..
"ဒါဆို...မျက်လုံးကို ဖြည်းဖြည်းလေး ဖွင့်ကြည့်နော်..အမြန်မဖွင့်လိုက်နဲ့ မဟုတ်ရင်...မင်းခေါင်းတွေတအားကိုက်လိမ့်မယ်......"
ထိုသူရဲ့ စကားအပြီးမှာ Baekမျက်လုံးတွေကို ဖြည်းဖြည်း ချင်းဖွင့်ကြည့်လိုက်တော့...မြင်ကွင်းထဲများ ဝိုးတိုးဝါးတား ပေါ်လာတဲ့ လူနှစ်ဦးရဲ့ ပုံသဏ္ဍာန်....
Baekကို ကြည့်ကာ ခပ်နွေးနွေးလေး ပြုံပြလာတဲ့ ထိုသူနှစ်ဦး.....
"ဟို...baekအခု ဘယ်ကိုရောက်နေတာလဲ ဟင်..."
"အင်း..ညက ငယ်လေးရဲ့ ကားနဲ့တိုက်မိတာလေ..အဲဒါကြောင့်...hyungတို့က မင်းကို အိမ်မှာဆေးကုပေးထားတာ.......ဘယ်လိုနေသေးလဲ သက်သာရဲ့လား..."
Luhanရဲ့စကားအပြီးမှာခေါင်းကိုအသာညှိတ် ပြီးခပ်တိုးတိုးလေး ပြောလာတဲ့ ထိုကောင်
"ဟုတ်ကဲ့ သက်သာပါတယ်....ဒါနဲ့..ဟို ကျနော့်ရဲ့ အိတ်လေး....."
"အာ........ဒီမှာ....ကျနော်တို့ ပုံစံမပျက်သိမ်းထားပေးပါတယ် ..စစ်ကြည့်လိုက်ဦးနော်..."
လက်ထဲကို ထည့်ပေးလာတဲ့ အညိုရောင်လွယ်အိတ်လေးကို
Baekရင်ခွင်ထဲမှာ ပိုက်ထားမိတယ်..သူ့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မူ့လေး....
YOU ARE READING
မြင်နေခွင့်လေး (Chanbaek Yaoi.). Complete .မြင်နေခွင့်လေး (Z&G)
FanfictionOnly chanbaek Chanbaek bl ..present for Byunbaek_6104. #Hyunnie_6104