အပိုင်း(၂)

3.7K 129 1
                                    

The First Love (Part-2)

ဒီနေ့တော့ သားကို ညဆိုင်း ကျပြီး သားကျော်က နေ့ဆိုင်းမို့ ပျင်းပျင်းနဲ့ အဝတ်လျော်ဖို့ အိပ်ယာက ထလိုက်ပါတယ်။ ထပြီးတော့ လျော်မယ့် အဝတ်တွေကိုယူပြီး အောက်ထပ် ဆင်းမလို့ လုပ်တုန်း လှေခါးထိပ်နားက သားကျော် အိပ်တဲ့အခန်းကို သတိရတာမို့ ဝင်ကြည့်လိုက်တယ်။
သားကို အဆိုင်းက ဝေလွင်ထွေး က သားကျော်နဲ့ တစ်ခန်းထဲနေတာလေ။ သူလဲ အိပ်နေတာမို့ သားကို အခန်းထဲကို ဝင်လိုက်ပါတယ်။ ပြီးတော့ သားကျော်ရဲ့ ကုတင်မှာ ထိုင်လိုက်တယ်။ ကုတင်ခြေရင်းမှာ တင်ထားတဲ့ အတွင်းခံ အမဲလေး တစ်ထည်ကိုတွေ့တော့ စိတ်ကူးပေါက်သွားပြီး လှမ်း ယူလိုက်တယ်။ ပြီးတော့ သူ အလုပ်ထဲမှာ ဝတ်တဲ့ ဘောင်းဘီ ဆင်ဆွယ်ရောင်လေးနဲ့ စွပ်ကျယ် တစ်ထည်ကိုပါ ယူပြီး အခန်း ထဲက ထွက်လာပါတော့တယ်။
ပြီးတော့မှ ရေချိုးခန်းထဲမှာ အဝတ်တွေလျော်ဖို့ ဆပ်ပြာရည် မစိမ်ခင် သားကျော်ရဲ့ အဝတ်လေးတွေကို သားကို ခုံမင်စွာ နဲ့ တစ်စိုတ်မတ်မတ် နမ်းရှိုက်လိုက်ပါတော့တယ်။
"အားးးးး မွှေးနေတာပဲ ချစ်လိုက်တာ ဟိဟိ"
ကွကို တစ်ယောက်ထဲပြောရင်း သဘောကျခါ ရီလိုက်မိသေးတယ်လေ။ အဝတ်တွေလျော်ပြီး သေချာလှမ်းခဲ့လိုက်ပါတယ်။ ညနေ ဂျူတီချိန်းချိန် ရောက်တော့လဲ သားကျော်ကို ဘာမှမပြောပဲ နေလိုက်တယ်။
ဒီလို ယောက်ျားလေးတွေ ချည်းပဲနေတဲ့ နေရာမှာ ကို့အဝတ်တောင်ကိုလျော်ရမှာ ပျင်းကြတာ သူများအဝတ်ကို ဘယ်သူက လျော်ပေးမှာလဲ။ ပြီးတော့ သူ့အဝတ်တွေ ဘေးမှာလဲ သားကို အဝတ်တွေ လှမ်းထားတော့ ဒိလောက်ဆို ဘယ်သူ လျှော်ပေးတယ် ဆိုတာ သူသဘောပေါက်မှာပါ။
နောက်နေ့မနက် ဂျူတီချိန်းတော့ သားကျော်ကလဲ မသိသလိုနေနေတာမို့ မျက်နှာပူရတာ သက်သာသွားပါ တော့တယ်။
အဲဒ့်နောက်ပိုင်းမှာ သူ့အဝတ်တွေ ကို သားကို မကြာခန လျော်ပေး ဖြစ်တယ်။ ဒါပေမယ့် သားကို လျော်ပေးမှန်း သိလို့လား မသိဘူး သူက အတွင်းခံလေးတွေဆို ဘယ်တော့မှ ဒီတိုင်းမထားတော့ဘူး တခါထဲ လျော်လျော်သွားတက်တယ်။
နောက် ၂ ပတ်လောက်နေတဲ့ တစ်ညနေမှာတော့ သားကို အလုပ်က ပြန်ခါနီး သားကျော် က အလုပ်လုပ်တဲ့ နေရာကို လာခါ အနားကပ်ပြီး တိုးတိုးလေး ပြောလာပါတယ်။
"မီးဖိုထဲက အပေါ်ဘီဒိုထဲမှာ မင်းအတွက် ဟင်းချန်ထားတယ် စားလိုက်နော် မနက်ကျရင် မကောင်းပဲနေမယ်"
သားကို ပြုံးလိုက်မိပါတယ်။ ကျေနပ်နှစ်ချိုက်စွာ ခေါင်းကိုလဲ ငြိမ့်ပြ လိုက်တယ်။
"အင်း"
သားကျော် ပြုံးလိုက်ခါ သားကို နားမှထွက်သွားပါတော့တယ်။ ရေမိုးချိုးပြီး သပ်ရပ်စွာဝတ်ထားတဲ့ သားကျော်ရဲ့ ကျောပြင်လေးကို ကြည့်ရင်းက ရင်ထဲမှာ ကျေနပ်မှုတွေ ပြည့်နှုက် လို့နေပါတော့တယ်။
အိမ်ပြန်ရောက်တာနဲ့ ဗီဒိုကိုသွားဖွင့်ကြည့်တော့ အပေါ်ကနေ ပန်းကန်လေးနဲ့ သေချာပြန်အုပ်ထားတဲ့ ဟင်းပန်းကန်လေး။ ဖွင့်ကြည့်လိုက်တော့ ကြက်သားဟင်း။
သူတို့တွေက အလုပ်ချိန်တူတဲ့သူတွေ စုပြီး ချက်စားကြတာလေ။ ဒါဆို ဒါ သားကျော် သူစားရမယ့် စကေးထဲကနေ သပ်သပ် ချန်ထားတာပေါ့။ ပျော်လိုက်တာ ဆိုတာလေ။
ပထမအဆင့်အနေနဲ့ သားကိုရဲ့ ကျိုးစားမှုတွေ အရာထင်စေ ခဲ့တဲ့ သားကျော်ရဲ့ တုန့်ပြန်မှု တစ်ခုပဲလေ။
"ဟာ့ ဟျောင့် မင်းက ဟင်းတွေဘာတွေနဲ့ ပါလားကွ တယ်ဟုတ်ပါလား"
"ဟီး သားကျော် ချန်ထားပေးတာ ကိုကီးရ စားဦးမလား"
"စားပါဗျာ စားပါ မင်းအတွက် ချန်ထားတာပဲဟာ"
အဲဒိ့နေ့ကနေ စပြီး နောက်ရက်တွေမှာ နေ့တိုင်းလိုလို သားကျော်က ဟင်းတွေ ချန်ထားပေးတက် လာပါတယ်။ ပြီးရင် သားကို ပြန်ခါနီးရင် သူလာပြောတက်တယ်။
"ဟင်း ချန်ထားတယ်နော်"
"ဟျောင့် ဟိုပေါ်မှာ ဟင်းရှိတယ်နော်"
အဲ့လို လာလာပြောလေ့ ရှိသလို တခါတလေလဲ
"ဒီနေ့တော့ ငါတို့လဲ ငတ်တယ် အိပ်ချင်တာမှ လက်ကုန်ပဲ အဲတာနဲ့ အိပ်လိုက်ကြတာ ဘယ်သူမှ မချက်ဘူး"
"ငါ့အတွက် ချန်ချန်မနေပါနဲ့ သားကျော်ရာ မင်းလဲ ဝရောရော ဝရဲ့လား ပိုမှချန်ထားပါ"
"အာ့ ဘယ်ရမလဲ ငါက ချက်ပြီးတာနဲ့ မင်းအတွက် အရင် ခွဲ ထားလိုက်တာ ဟီး"
ကဲ ကိုက သူ့ကို ကျိတ်ခိုက်နေပါတယ်ဆို သူက စေတနာတွေ ပိုပြနေ ပြန်တော့ အင်း ဘယ်လိုပြောရမလဲ ဆိုတော့။ ဟီး အ့လိုအချိန်တွေမှာ ရင်တွေခုန်နေတာ သူဘယ်သိပါ့မလဲ။
သူသာမသိတာ သားကို နဲ့ သားကျော် ဒီရောက်တာ ၂ လပဲ ရှိသေးတယ် သူငယ်ချင်းတွေက ရိပ်မိ ကုန်ကြပြီ။
တခါတလေဆို ပျင်းရင် သားကိုနဲ့ သားကျော်ကိုပဲ သူတို့ စနေကြတာ။ သားကိုက ဟာဗျာ ဘာဖြစ်တယ် ညာဖြစ်တယ်သာ ပြန်ပြောနေတာ ရင်ထဲက ကြည်နှုးမှုတွေ မျက်နှာမှာ ထိန်းမရ သိမ်းမရ။
တခါတလေ ပိတ်ရက်တွေမှာတော့ သူနဲ့ သားကျော် အဝတ် အတူတူလျော် ဖြစ်ကြတယ်။ သားကျော်အဖွဲ့ ကလူတွေကလဲ သားကို အဝတ်လျော်ပေးတာ သိနေကြပီမို့ ဘာမှ မထူး တော့ဘူးလေ။ အခုဆို ပေါ်တင်ပဲ ယူလျော်ပေးတက်နေပြီ။
ဒီနေ့လဲ အလုပ်ပိတ်ရက် အဝတ်တွေလျော်ဖို့ တစ်ပွေ့ တစ်ပိုက်နဲ့ သားကျော် အခန်းထဲဝင်သွားတော့
"ဟာ ဟျောင့် အဝတ်လျော်မလို့လား ကို့ဟာသာကိုလျော် မင်းပြီးမှ ငါလျော်မယ် ဒီမှာ ငါ့စာတွေလဲ နဲတာ မဟုတ်ဘူး"
"ရပါတယ် ပေး ငါ့ဖာသာ တစ်ခါထဲလျော်လိုက်မယ်"
"သားကို မင်းဟာနဲနေရင် ငါ့ဟာလေးတွေ ယူသွားပါလားကွာ"
"အေးလေ သားကို ငါ့မှာလဲ တစ်ပုံကြီးပဲ"
ကိုမျိုးက လှမ်းစသလို ဝေလွင်ထွေးကလဲ လှမ်းစလာပါတယ်။
"ကို့ဖာကိုတောင် အနိုင်နိုင်ပါဗျာ ကျနော်မလျော်ပေးရင် ဒီကောင် သူ့ဟာတွေ သူမလျော်မှာ စိုးလို့ပါဗျ"
"အားးးး ငါလေ ပိတ်ရက်လေး ကောင်းကောင်း မနှပ်ရဘူး ဒီ ချီးထုပ်နဲ့တော့ လာသွားမယ် အတူတူလျော်မယ်"
သားကျော် အိပ်နေရာမှ ကုန်းထလာပြီး သူ့အဝတ်တွေ စုနေ ပါတယ်။
"လင်မယားတွေ ရေချိုးခန်းထဲ ဝင်ပြီး မဟုတ်တာတွေ မလုပ် နဲ့နော် ဟင်း ဟင်း"
"ခများ ကြည့်ချင်ရင် လိုက်ခဲ့လေ ဟားဟားဟား"
ဝေလွင်ထွေး နောက်တာကို သားကျော်က ပြန်စလိုက် တာမို့ သူတို့ပါ လိုက်ရီလိုက်ကြပါတယ်။ သားကိုလဲ အခုဆို သားကျော်နဲ့ စလို့ကတော့ ဘယ်လို စစ စိတ်မဆိုးတက်တော့ပေ။ သူတို့ အိမ်အောက်ထပ်ဆင်းလာတော့ အောက်ထပ်မှာ TV ထိုင်ကြည့်နေတဲ့ ရဲဝင်းထွန်းက
"ဟား ကိုတွေလဲ အဲ့ဒိလို လျော်ပေးမယ့်သူတွေ ရှိရင် သိပ်ကောင်းမှာပဲကွာ"
"ဟေ့ကောင် ငါ့ဖာသာလျော်မှာဟ့ ဒီမှာတွေ့လား"
"အေးပေါ့ကွာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ပေါ့ ဟားဟားဟား"
"လဒ နင်နာချင်နေတာ ဟုတ်လား"
သားကျော်နဲ့သူ ရီမောရင်း ရေချိုးခန်းထဲ ဝင်လိုက်ပါတယ်။ အဝတ်တွေကို ရေဇလုံကြီးနဲ့ အားလုံး ထိုးသိပ်ခါ စိမ်လိုက်ပြီး သားကိုက
"မင်းရေလောင်းပေး သားကျော် ငါလျော်မယ် ငါညောင်းမှ မင်းတခါလျော်"
"အေး ရတယ် လျော် မင်းအရင် ဟီး ဟီး"
သားကျော်က ရေချိုးခန်းထဲက ရေကန်ဘောင်မှာ ထိုင်လိုက်ရင်း ရေခွက်ကို ကိုင်ခါ အသင့်စောင့်နေပါတယ်။ သားကိုက ဖွတ်လိုက် သူက ရေလောင်းပေးလိုက်နဲ့ပေါ့။
အဝတ်တွေလျော်နေရင်းက သားကိုလဲ ကျေနပ်နေမိတယ်။ ကိုချစ်တဲ့သူနဲ့ ဒီလို နေရတာ အရမ်း ပျော်ဖို့ကောင်းတယ် မဟုတ်လား။
"နေဝင်ပြီ ဆိုရင် ကိုလေ ရင်မှာနာကြင်စွာ ဆွေးတယ် ...... အဆောင်မှာ မှောင်ရီ ဝိုးတဝါးနဲ့ နံရံတွေ ပေါ်မှာ ပုံရိပ်လေးရယ်...,,"
သားကျော် အာပြဲကြီးနဲ့ အော်တော့ သားကိုလဲ လိုက် အော် လိုက်ပါတယ်။ သီချင်းတွေ ဆိုရင်းက အဝတ်တွေလျော်နေရ တာ မမောနိုင် မပန်းနိုင်။
"ရေလောင်းတော့ သားကျော်"
ဟင် ရေတွေက ပူတူတူနဲ့ပါလား။ မော့်ကြည့်လိုက်တော့ သားကျော် ရေနဲ့လောင်းနေတာ မဟုတ်ပဲ သားကိုဘေးနားကို သေးနဲ့ ပန်းနေတာလေ။
"ဟာ ခွေးကောင် ယုတ်မာတာ ကျန်း တွေ့မယ်"
"အား ဟား ဟား အား မလုပ်နဲ့ သေးတန့် သွားမယ် အား"
"ဝုန်း ဝုန်း ဝုန်း"
သားကို အဝတ်လျော်နေရာမှ ထခါ သားကျော်ကို ရေခပ်ပြီး ခွက်စောင်းလိုက် ခပ်ြနေတာပါ။
"ဒုန်း ဒုန်း "
"အထဲက လင်မယားတွေ အကြည်ဆိုက်မနေနဲ့ဟေ့ ငါတို့လဲ လျော်ရဦးမယ် အမြန်လုပ်"
သူတို့ အထဲမှာ သောင်းကျန်း နေတာလေ။
"ပြီးတော့မယ် ဗျို့ ခနလေး ခနလေး"
သားကျော်က အဝတ်ထိုင်လျော်ခါ သားကို ရေပြန်လောင်းတဲ့ အလှည့်လေ။ အဝတ်လျော်နေရင်း
"ငါ ဒီလကုန်ရင် ဂစ်တာ တစ်လုံးတော့ ဝယ်တော့မယ်ကွာ ပျင်းတယ်"
"ဝယ် ဝယ် ပြီးရင် ငါ့ကို တီးပြ ငါဆိုချင်တာတွေ တီးပေး ငါက ဆိုမယ် ဟီးးဟီးး"
"အဲဒါဆို မင်း ပိုက်ဆံ တစ်ဝက်စိုက်လေ"
"အမယ့် ဘာလို့ စိုက်ရမှာလဲ ငါမှ မတီးတက်တာကို"
"ဟ့ ဝယ်ပြီးရင် မင်းကို တီးပြရမှာလေ မင်းဆိုချင်တာကိုလဲ တီးပေးရဦးမယ်လေ"
"ဘားမှဆိုင်ဘူး ဟျောင့် ငါမှမတီးတက်တာ မစိုက်နိုင်ဘူး"
"နှပ်ချီး လဒ နေပေါ့ မင်းမစိုက်လဲ ကို့ဖာသာဝယ်မာ"
"အေးအေး မြန်မြန်ဝယ် ကောင်းတယ် ဟီးဟီး"
တကယ့်ကို သားကို အတွက် သားကျော်နဲ့ အတူရှိနေတဲ့ အချိန်တွေဟာ အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်။

The First Love Where stories live. Discover now