The First Love (Part-9)
"Birthday Kiss ပေးပါ"
"ဟေးးး ပေးလိုက် ပေးလိုက် မြန်မြန်ပေးလိုက်"
"မဟုတ်ကဟုတ်ကတွေ မလုပ်ကြနက် ဟေ့ကောင်တွေ ယောက်ျားခြင်း ရွံစရာကြီး"
"အေးလေ မနေနိုင်ရင် လူမမြင်တဲ့ နေရာသွား ပြီး လုပ်ချင်တာ လုပ်ကြ"
"ဟား ဟား ဟား"
ဘေးက လူတွေ တစ်ယောက်တစ်မျိုး နောက်ပြောင်နေချိန်မှာ သားကိုကတော့ မျှော်လင့်ချက် ကြီးစွာနဲ့ စောင့်မျှော်လျက် သားကျော် မျက်နှာကို ငေးမောနေဆဲ။
သားကျော် မျက်နှာပေါ်က အရောင်တွေဟာ အရက်ရှိန် ကြောင့်လား ရှက်သွားတာလား ဆိုတာ မသဲကွဲပေမယ့် သိသာစွာ အရောင်တို့က တဖျတ်ဖျတ် ပြေးလွှားလို့ ပြောင်းလဲနေပါတယ်။
သားကျော် အနမ်းပေးမှာလား မပေးပဲဘယ်လို တုန့်ပြန်မလဲ ဆိုတာ သားကို မျှော်လင့်ရင်း ရင်တထိတ်ထိတ်နဲ့ မောလှပြီ။ စက္ကန်တွေ မိနစ်ကို ခုန်အကူး ဘေးကလူတွေ ရီမောနေချိန် မှာ သားကျော် မထင်မှတ်တာ တစ်ခုကို ကောက်လုပ် လိုက် ပါတော့တယ်။
အဲဒါကတော့ သားကိုကို ဝုန်းခနဲ စောင့်တွန်းချလိုက်ခါ အဲဒိ့နေရာကနေ ထွက်သွားခြင်းသာ ဖြစ်ပါတော့တယ်။
"သားကျော် သားကျော်"
"ဟျောင့် ဟာဒီကောင် စလို့ စမှန်း မသိဘူး လခွမ်း"
လဲကျသွားတဲ့ သားကိုကို တစ်ချို့က လာထူပေး ကြသလို တစ်ချို့ကလဲ သားကျော်ကို အတင်းပြန်ပြီး လိုက်ခေါ်နေကြပါရဲ့။ ဆွဲနေတဲ့သူတွေကို အတင်း ရုန်းခါ ဘောလုံးကွင်းထဲမှ သားကျော် ထွက်သွားပါတော့တယ်။
သားကို အနောက်ကနေ အတင်းပြေးလိုက်ရင်းက ဘောလုံး ကွင်း အဝမှာ သားကျော်ရဲ့ လက်ကို ဆွဲခါ
"သားကျော် ဘာဖြစ်သွားတာလဲ ငါစ တာပါ စိတ်မဆိုး ပါနဲ့ နော် ပြန်လာခဲ့ပါ ငါတောင်းပန်ပါတယ်"
"မင်း ငါ့လက်ကို ဖယ်စမ်း ဟျောင့် မင်းကို ငါကအချစ်ဆုံး သူငယ်ချင်းမို့ အလိုလိုက် လိုက်လျောပေးနေတာ အခုမင်းက လူရှေ့မှာ ငါ့ကို သောက်ရှက်ခွဲတာပေါ့ ဟုတ်လား အရောဝင် လို့ရောင့်တက်တာလား ဟျောင့် မင်း သိထားဖို့က ငါက ယောက်ျား ယောက်ျားမှ ယောက်ျားစစ်စစ် အချိန်တန်ရင် မိန်းမ ပဲ ယူမယ့်ကောင် ဘာလဲ မင်းက မင်းကို ငါက ပြန်ပြီး ကြိုက် နေပါတယ်လို့ အပိုင်ကြီး တွေးထားတာပေါ့ ဟုတ်လား"
"မဟုတ်ဘူး မဟုတ်ဘူး ငါကအ့လို သဘောနဲ့ ပြောတာ မဟုတ်ပါဘူးကွာ ငါက သဘောရိုးနဲ့ တောင်းဆိုမိတာပါ သူငယ်ချင်း အချင်းချင်း ညီအကိုအချင်းချင်း နမ်းတာ ဘာမှ..."
"တော်တော့ မင်းဆက်ပြောရင် ငါထိုး မိလိမ့်မယ် ဟင် မင်းခုန ဟိုကောင်တွေ ပြောနေတာ ကြားလားဟင် မင်းဘယ်လိုပဲ ဆင်ခြေပေးပေး သူများတွေ ဘာပဲထင်မလဲ တော်တော့ကွာ သွား မင်းထွက်သွားတော့ မင်းကို ခင်မိတာကိုက ငါ့အမှား မင်းက အခွင့်အရေးသမားပဲ မင်းကိုငါဆက်ပြီး ခင်နေရင် မင်းလဲဆက်ပြီး အခွင့်အရေး ယူနေဦးမှာ အဲဒိတော့ မင်းလစ်လိုက်တော့ သွားတော့ကွာ သွားတော့"
ရက်စက်လိုက်တဲ့ စကားလုံးတွေ ရင်ကို ဓါးနဲ့ စိုက်စိုက်သွင်း ပြီးပြောနေသလိုပဲ။ သားကျော်ပုတ်ထုတ်လိုက်ပေမယ့် သားကို သားကျော်လက်ကို အတင်းပြန်ဆွဲခါ
"အ့လိုမပြောပါနဲ့ ငါတောင်းပန်ပါတယ် ငါမှားသွားပါတယ်ကွာနော် ငါနောက်ခါ အဲ့လို မဖြစ်စေရပါဘူး ဘာအခွင့်အရေးမှလဲ မယူတော့ပါဘူးနော် ဒီတိုငိးလေးပဲ ဆက်ပြီးခင်မင်ပေး သွားပါကွာနော် ငါမင်းကို ဘယ်လောက် ခင်တွယ်တာ မင်း သိသားနဲ့"
"အေး သိတယ် သိလို့လဲ မင်းနဲ့ဆက်ပြီး ဒီလိုနေလို့ မဖြစ်တော့ဘူးဆိုတာ ငါသိလိုက်တာ ဖယ်တော့ သွားမယ်"
"သားကျော်"
ကျောခိုင်း ထွက်သွားတဲ့ သားကျော်ကို ငေးကြည့်နေရင်းက လမ်းမပေါ်မှာပဲ သားကို ငုတ်တုတ် ထိုင်ချလိုက် မိပါတော့တယ်။
အလိုကြီးလို့ အရနည်းသွားရတာလား။ အချစ်က လူကို မတင်းတိမ် စေနိုင်တာလား။ ကိုချစ်တဲ့သူစီက အချစ်ကို အမြဲတမ်း လိုချင်နေမိတာ ချစ်မိသူတွေရဲ့ အပြစ်လား။ သိပ်ချစ်မိလို့ သိပ်ကို မျှော်လင့်တောင့်တ ရလွန်းလို့ အခွင့်အရေးယူမိ သလိုဖြစ်သွားခဲ့တာ မှားသွားလား။
ငါ့ရင်တွေကွဲရပါပြီ သားကျော်ရယ်။ မင်းပေးခဲ့တဲ့ မွေးနေ့ လက်ဆောင်က ငါ့အတွက် သိပ်ကို ကြီးမားလွန်းပါတယ်။ ဒီနေ့ ငါ့ရဲ့မွေးနေ့ ငါ့မျက်ရည်တွေ မရပ်မနား ကျနေရတဲ့နေ့။