အပိုင်း (၄)

2.1K 109 0
                                    

The First Love (Part-4)

"ဟေ့ကောင် ဘာဖြစ်တာလဲ လန့်တောင်လန့်တယ်"
"အေးလေ ငလူး အ့တာ ဘာဖြစ်"
ကိုကီး နဲ့ ကိုမိုး မေးတာမို့ နဂိုထဲက ကြွားချင်ချင် ဖြစ်နေတဲ့ သားကို အတွက်တော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုပါပဲ။
"ဟားးး ဒီမှာလေ ချစ်ဆုံးက ဖက်လုံးဝယ်ပေးသွားတာ အဲဒါ မွေးနေ့လက်ဆောင် ပေးတာ အဟီး ဟီး ပျော်လိုက်တာ"
"အေးပါကွာ ချစ်နေလိုက်ကြတာ လင်မယားတေ ကျနေတာပဲ"
"မျက်စိကို နောက်တယ် မင်းတို့ နှစ်ကောင်တော့"
"အိပ်ပီ အိပ်ပီ ဟား ဒီနေ့တော့ဘအိပ်လို့ ကောင်းပီကွာ"
အပေါ်ထပ်ကို ပြေးတက်ခါ ပန်းစည်းလေးကို မှန်တင်ခုံကြီး ပေါ် တင်လိုက်ခါ ကုတင်ပေါ် ခွေခွေလေး လှဲချလိုက်တယ်။ ဖက်လုံးကြီးကို ခြေထောက်က ခွသလို လက်ကလဲဖက် မျက်နှာကလဲ အပ်ထား မိလိုက်ပါတယ်။ ပြီးတော့ ကျေနပ်စွာပြုံး ရင်းက ဖက်လုံးကြီးကို အတင်းညှုစ်ညှုစ်နေမိပါတယ်။
မျက်စိထဲမှာလဲ ခုနက အလုပ်မှာ တွေ့တုန်းက သူဘာမှမလုပ်ပေးထားသလို ခပ်တည်တည်နေနေတဲ့ သားကျော်မျက်နှာကို ပြန်မြင်ယောင်ခါ အသည်းတွေ ယားနေမိပါတော့တယ်။

..........

အဲဒိ့နောက်ပိုင်းမှာ သားကျော်နဲ့ အကြင်နာတို့ လမ်းခွဲခဲ့ ကြပါတယ်။ အကြင်နာ သူ့အိမ်ကပေးစားတဲ့ ကောင်လေးနဲ့ ယူ ရတော့မယ် ဆိုတော့ သားကျော်လဲ နိုင်ငံခြား ရောက်နေတော့ ဘာမှ မလုပ်နိုင်ပဲ လမ်းခွဲခဲ့ကြတာလေ။
သားကျော် အသဲတွေကွဲနေချိန်မှာ ဘေးက အမြဲဖေးမပြီး ပျော်အောင် ထားနေတာက သားကိုပေါ့။ သားကျော်အတွက် စိတ်မကောင်းမိပေမယ့် ကို့အတွက်တော့ ကိုပျော်မိတာ အမှန်ပင်။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက် ရောင်ခြည်တွေ သန်းလာ ပြီမို့ သားကိုလဲ အရမ်း ပျော်ခဲ့တာ အမှန်ပါပဲ။
"ဟျောင့် ထတော့ ငွေသွားလွှဲမယ် နောက်ကျနေမယ်"
"အင် အားးး အင်း စောကြီးရှိသေးတယ်"
သားကို အပျင်းဆန့်ခါ အိပ်ယာထဲမှာ လှိမ့်ခါ မျက်လုံးတွေ ပြန်မှိတ်ထား လိုက်ပါတယ်။
"လခွီးစောပါလား ၈ နာရီခွဲနေပြီထတော့"
"......."
"ဟျောင့် ထပါဆို ရေချိုးမယ်ထ"
"......"
"အော် အေး တွေ့မယ် ဘေးကလူတွေ အားနာလို့"
အလုပ်ပိတ်ရက် ဆိုတော့ အားလုံး အေးဆေး အိပ်နေကြတာ လေ။ သားကျော် ရုတ်တရက် သားကိုပေါ် တက်ခွလိုက်ခါ ချိုင်းတွေရော ခါးတွေပါ ကလိ လိုက်ထိုးပါတော့တယ်။
"အင်း အား ဟား ဟား မလုပ်နဲ့ အာ့ အား အိပ် ချင် အားဟား အိပ် အူးမယ်း အားး ဟား"
သားကို အတင်း ရုန်းပေမယ့် မရပေ။ သားကျော်ရဲ့ လက်ကို အတင်းလိုက်ဆွဲပေမယ့် မချုပ်နိုင်ဘူး။ သားကျော်က ပိုပြီး သန်တာကိုး။ အဲဒါနဲ့ အတင်းဆွဲဖက်ခါ အတင်းလိုက်နမ်းပစ် လိုက်ပါတော့တယ်။ သားကျော်က ခေါင်းကိုရှောင်ရင်းက
"လုပ်လေ ဟားဟား ရရင် လုပ် အံမယ် ငပိန်က ငါ့ကို ရမလား အဲ့လို လုပ်လို့ ဟားဟား"
"အားဟား ဟား အားး"
အခန်းထဲမှာ ကုတင် ၃ လုံး ရှိပြီး ဘေးတဖက်စီမှာ အိပ်နေတဲ့ ရဲဝင်းထွန်းနဲ့ ကိုမိုးကြီး ထခါ ဆဲပါတော့တယ်။
"ဟေ့ကောင်တွေ အကြည်ဆိုက်ချင် အောက်ကိုသွား ငါ့လခွီး ကောင်းကောင်း မနှုပ်ရဘူး"
"အဘန်း ထတော့ BM Plaza လိုက်မာဆို"
"မင်းတို့ အရင်ဆုံးပြီးအောင်လုပ်ကြ ငါကမြန်တယ်"
အဘန်းဆိုတာ မလေးလို အကိုလို့ ခေါ်တာပါ။ ကိုမိုးကြီး နာမညိက မိုးမင်းဟိန်း။ သူ့ကို အဘန်းပဲခေါ်ကြတာ။
"လာလာ သွားမယ် ထငပျင်း"
မနမ်းလိုက်ရတာမို့ မကျေမနပ်နဲ့ စူပုတ်ခါ နောက်ကနေလိုက် သွားရင်းက လှေခါးထိပ်လဲ ရောက်ရော သားကျော် ပုခုံး ပေါ်ကို နောက်ကနေ တက်ခွလိုက်ခါ ပါးကို လှမ်းနမ်းလိုက် ပါတယ်။ သားကျော်က ခေါင်းကိုစောင်းထားတာမို့ မထိ။
"ဟားဟား ဘယ်ရမလဲ ငတိရာ"
ပါးစပ်ကသာပြောတာ လက်ကတော့ ပြုတ်ကျသွားမှာ စိုးလို့ သားကိုရဲ့ ပေါင်တွေ သူကိုင်ထား တယ်လေ။ သားကိုက လဲ လည်ပင်းကို ဖက်ရင်း ကျောပိုးစီးခါ ဆင်းလိုက်လာရင်းက
"ဟဲ ဟဲ ဘာပဲ ဖြစ်ဖြစ် ကျောပိုးစီးရတယ် အမြတ်ပဲ"
"ငါပစ်ချလိုက်လို့ ခွေးကျကျ သွားမယ် ငြိမ်ငြိမ်နေ"
ရေချိုးခန်းဝရောက်တော့ သားကိုကို ချလိုက်တာမို့ ဆင်းလိုက်ခါ ဖက်ခနဲ သားကျော်ရဲ့ ပါးလေးကို လှမ်းနမ်း လိုက် ပါတော့တယ်။ ဒီတခါတော့ မိမိရရ နမ်းလိုက်ရတာပါ။
"ခွေးကောင် တော်တော် နမ်းချင်နေတယ် ဟုတ်လား လာစမ်း တွေ့မယ့်"
"အား မလုပ်နဲ့ အားးးး အ့ ဟ ဟ ဟတ်ချိုး ဟတ်ချိုး ဟဟတ်ချေးးးး"
"ဟားဟားဟား ကောင်းတယ် နောက်ခါ နမ်းချင်ဦး"
သားကျော်က သားကိုရဲ့ နှာခေါင်းဖျားလေးကို ဆွဲလိမ်လိုက် တာပါ။ ဒါပေမယ့် မနက်မိုးလင်း ရေနဲ့ထိတာနဲ့ နှာအဆတ်မပျတ် ချေတက်တဲ့ သားကို အခု ဘာစကားမှ ပြန်မပြောနိုင်ပဲ နှာသာ တလဆတ် ချေနေပါတော့တယ်။
အတော်လေးကြာတော့မှ နဲနဲရပ်သွားပါတော့တယ်။ အဲဒိတော့ မှ သားကျော် က ပုခုံးကို လာဖက်ခါ
"ဟဲဟဲ မောသွားပြီလား သနားပါတယ်ကွာ လာလာ ရေချိုးကြမယ်"
"ဖယ် လာမဖက်နဲ့ အကျင့်ပုတ် အစုတ်ပလုတ်"
"ဟားဟား ငါမလုပ်လဲ မင်းရေချိုးရင် ချေမှာပဲကို"
"မသိဘူး အခု မင်းလုပ်တာလေ"
သားကို စွပ်ကျယ်လေးနဲ့ ဘောင်းဘီတိုလေးကို ချွတ်ခါ ရေချိုးခန်း တံခါးပေါ် တင်လိုက်ပါတယ်။ သားကျော်ကလဲ နဂိုထဲက အင်ကျီက မပါတာမို့ ဝတ်ထားတဲ့ ပုဆိုးကို ချွတ်လိုက်ခါ တံခါးဘောင်ပေါ် လှမ်းတင်လိုက်ရင်းက
"ချစ်ကလဲကွာ လာလာ ကို ချေးတွန်းပေးမယ် ရေအရင်လောင်းမယ် "
"မျက်နှာ မပြောင်နဲ့ဗျ ဟွန်း"
"ဟိဟိ"
သားကျော်က ရေလောင်းပေးတာမို့ သားကို သွားတိုက်ဆေး တွေကို သွားပွတ်တံထဲထည့်ခါ သားကျော်ကို အရင်လှမ်း ပေးလိုက်ပါတယ်။ ပြီးမှ ကိုဟာကိုထည့်ခါ တိုက်နေလိုက်ပါတော့တယ်။
"ဟျောင့် ငါ့ကျောကိုလဲ တွန်းပေး စွတ်ရန်း မလုပ်နဲ့နော်"
"လျာမရှည်နဲ့ ဟိုဖက်လှည့်"
ရေချိုးရင် တစ်ယောက်တလှည့် အမြဲတမ်း ဆပ်ပြာတိုက်ပေး ချေးတွန်းပေးကြတာလဲ သူတို့ အကျင့်ဖြစ်နေပါပြီ။
ရေမိုးချိုး အဝတ်အစားလဲပြီး ချိန်မှာတော့ သူတို့ အိမ်ကနေ ထွက်လာပါတော့တယ်။
လမ်းတစ်လျောက်လုံး သာယကျော်လက်ကို စုပ်ကိုင်ရင်းက စကားတွေ ပြောလိုက် ရီလိုက်မောလိုက်နဲ့ ပျော်မဆုံးပါဘူး။
"ငါတို့ ဒီမှာ မနက်စာစားပြီးမှ သွားကြမယ်"
"အင်းစားမယ် ငါလဲ ဗိုက်စာနေပြီ"
ဆိုင်မှာ ထိုင်ခါ မုန့်တွေ မှာပြီး စားနေတုန်း ဘေးနားမှာ လာရပ်တဲ့ ကောင်မလေး တစ်ယောက်ကို မော့ကြဂ့်လိုက်တော့
"ဟာ ဟန်နီ နင်ဘယ်ကိုလာတာလဲ"
"ကျော်ကျော်"
ဟန်နီဆိုတာ အလုပ်ထဲက ကောင်မလေးပါ။ မလေးရှားသူ တရုတ်မလေးပေါ့။ သားကိုမေးတော့ ဟန်နီက သားကျော်ကို လက်ညှိုးထိုးပြပါတယ်။ သားကျော်ကို ကြည့်လိုက်တော့ စပ်ဖြီးဖြီးနဲ့
"အေး ငါသူနဲ့ ရုပ်ရှင်ကြည့်မလို့ ခေါ်လိုက်တာ မင်းလဲ လိုက်ခဲ့လေ အတူတူကြည့်မယ်"
စားနေတဲ့ ပလာတာတွေ လည်ချောင်းမှာ တစ်ကုန်ပြီ ထင်တယ်။ ရင်ထဲမှာ စို့တက်သွားတာ သိသာလှတယ်။ ဟန်နီကလဲ သားကျော်ဘေးမှာ ကပ်ထိုင်လိုက်ခါ သားကျော်ရဲ့ လက်ကိုပါ ကိုင်လိုက်တာမို့ တစ်စုံတစ်ခုကို သဘောပေါက်သွားခါ ချက်ခြင်းပဲ မျက်ရည်တို့က ဝဲတက်လို့ လာပါတော့တယ်။
ဒါပေမယ့် သားကို ဟန်ဆောင်ခါ ပြုံးလိုက်ရင်း
"သူပါတယ်ဆို မင်း အဖော်ရှိနေတာပဲ ငါမလိုက်တော့ဘူး အိမ်ပြန်တော့မယ် အဝတ်တွေ ငါလျော်ထားလိုက်ပါ့မယ်"
သားကျော်မျက်နှာက ချက်ခြင်း ပျက်သွားခါ
"လိုက်ခဲ့ပါကွာ မင်းကလဲ သူပါတယ်ဆိုရင် မင်းမလိုက်မှာ စိုးလို့တောင် ငါမပြောပဲ ခေါ်လာတာနော် လိုက်ခဲ့နော်"
သားကို ပြုံးလိုက်ပြီး ခေါင်းကိုခါကာ ထိုင်ရာက ထရပ်လိုက်ရင်းက
"ငါသွားတော့မယ် ဟန်နီရေ ငါသွားပြီနော်"
"ဟုတ်ကဲ့ အကို တာ့တာ"
သားကျော် ဘာမှ မပြောခင် သားကို အဲဒိ့နေရာကနေ ထထွက် လာခဲ့ပါတော့တယ်။ မနက်က ပျော်ထားတာတွေ အကုန် ကြက်ပြောက် ငှက်ပြောက် ပြောက်ကုန်ပြီ။ လမ်းမှာတွေးရင်း ပျော်ထားတာတွေလဲ မရှိတော့ဘူး။ အခု သားကို သိတာက စို့စို့ပြီး တက်လာတဲ့ မျက်ရည်တွေကို လမ်းကလူတွေ မမြင်စေဖို့သာ ကျိုးစား ကာကွယ်နေမိပါတော့တယ်။
အိမ်ပြန်ရောက်တော့လဲ ဘာမှမလုပ်ဖြစ် အိပ်ယာထဲ လှဲခါ ဒီအချိန်ဆို သားငျော်ဘာလုပ် နေမလဲ ဆိုတဲ့ အတွေးနဲ့သာ လူးလှိမ့်လို့ နေပါတော့တယ်။ သားကျော်ဆက်တဲ့ ဖုန်းတွေ ဝင်လာပေမယ့်လဲ မကိုင်မိတော့ပါ။ သူဖုန်းတစ်ခါ ခေါ်တိုင်း လူသူမသိအောင် အခန်းအောင်းခါ ငိုရတာ မောလှပါပြီ။

The First Love Where stories live. Discover now