The First Love (Part-6)
"ကို့ဖာသာ အိပ်မှာကိုအိပ် ငါလဲ အိပ်တော့မယ်"
ပြောပြီး မျက်စိကို မှိတ်ခါ အိပ်သွားတဲ့ သားကျော်ကို ကြည့်ရင်းက သားကိုရင်ထဲမှာ ဝမ်းနည်းသွားရ ပါတယ်။ တကယ်ဆို တစ်ခုခုကို စိတ်ထဲမှာ မရှင်းရင်လဲ ပွင့်ပွင့်လင်းလင်း မေးသင့် တယ်မဟုတ်လား။ သူ့မျက်နှာကြည့်ပြီး နေတဲ့သူကို ဒီလို ဆက်ဆံတာတော့ မကောင်းဘူးလေ။
ဒါလဲ အဆန်းမဟုတ်တော့ပါဘူးလေ။ ကိုက အမြဲတမ်း အရှုံး ပေးဖို့ အသင့်ဖြစ်နေသလို အရှုံးပဲပေးရမည်ကိုလဲ သိနေတာပဲလေ။
တစ်ဖက်သတ် ချစ်မိတဲ့သူတွေ အတွက်တော့ အရှုံးဆိုတာ အမြဲတမ်းဝတ်ဆင်ရမယ့် အဝတ်တန်ဆာ၊ ဝမ်းနည်းခြင်းဆိုတာ လက်ဝတ်ရတနာ၊ မျှော်လင့်ခြင်းတွေနဲ့ မျက်နှာပန်းလှအောင် ခြယ်သပြီး အချိန်နဲ့အမျှ အခစား ဝင်နေရတာ မဟုတ်ပါလား။
သက်ပြင်းတွေ အခါခါ ချရင်း အပြန်ခရီးက အသွားတုန်းက လိုနှစ်လိုဖွယ် ကောင်းမနေတော့ပေ။ အိမ်ပြန်ရောက် ထဲက သားကျော် အရင်လို မဟုတ်တော့ပဲ ခပ်ခွါခွါ နေလာတာ သတိ ထားမိပါတယ်။ တစ်ရက်ကနေ တစ်ပတ် တစ်ပတ်ကနေ ၂ ပတ်ကျော်လာတော့ သားကို မခံစား နိုင်တော့ပေ။
အလုပ်ပိတ်ရက် တစ်ရက် ညဖက်မှာ သားကျော်ကို အတင်း ခေါ်ခါ ခပ်လှမ်းလှမ်းမှာရှိတဲ့ ပန်းခြံလေးကို ရောက်ခဲ့ပြန်ပါ တယ်။ သားကျော်က ပထမက မလိုက်ဘူး ငြင်းနေပမယ့် သားကို အတင်းခေါ်တာနဲ့ လိုက်လာတာပါ။
ပန်းခြံထဲရောက်တော့ ချောင်းစပ်က သစ်သားနဲ့ ပြုလုပ်ထား တဲ့ ဘောတံတားလို နေရာလေးမှာ နှစ်ယောက်သား ရေပြင် ကိုငေးရင်း ထိုင်လိုက်မိကြပါတယ်။
ထိုင်ပီး အတော်လေး ကြာတဲ့အထိ တစ်ယောက်နဲ့ တစ်ယောက် စကားစပြီး မပြောဖြစ်ကြသေးပါဘူး။
"ဟျောင့် မင်းနေချင်နေ ခဲ့တော့ ငါအိပ်ချင်လာပြီ ပြန်တော့မယ်"
ပြန်တော့ မယ်လို့ ပြောလာတာမို့ သားကို စဉ်းစားမနေ တော့ပဲ
"ခနနေဦး သားကျော် မင်းကို ငါမေးမယ် မင်းဘာဖြစ်နေတာလဲ မင်း ငါ့ကို ဘာတွေ စိတ်ဆိုးနေတာလဲ ငါ့ကို သေချာပြော ပြပါ အဲ့လိုမဟုတ်ပဲနဲက မင်း အဲဒိ့လို ပုံစံမျိုးကြီး နေနေတာ ငါမခံစား နိုင်တော့ဘူး ပြော မင်း ဘာဖြစ်နေတာ"
"ဘာမှမဖြစ်ဘူး"
"မင်း ငါ့ကို မလိမ်နဲ့ သားကျော် ပြောစမ်းပါ မင်းဘာဖြစ်နေတာလဲ ဘာလို့ အဲဒိ့လို ဖြစ်နေတာလဲ ငါ့ကို ဘာမကျေနပ် စရာရှိလဲပြော ငါဘယ်လောက်ထိ ခံစားနေရလဲ မင်းမမြင်ဘူး လား မင်းမတွေ့ဘူးလား ဟင် မင်း ငါ့ကို ဘယ်အထိ ရက်စက် ဘယ်အထိ နှိုပ်စက် နေဦးမှာလဲ အင့် ဟင့် အီးဟီးးး"
"ဟာ မငိုနဲ့လေ ပြသနာပဲ"
"အဲဒါဆို ငါမေးတာဖြေပါ မင်းဘာမကျေနပ်တာ ရှိလဲ ဟင့် ရှိရင် ငါပြင်လို့ရရင်ပြင်မယ် မလုပ်နဲ့ဆို မလုပ်ဘူး အစ် ဟင့်"
"အပိုတွေ လုပ်မနေနဲ့ ဟျောင့် မင်းတို့လိုကောင်တွေကလေ အဲဒိ့လိုပဲ ဆိုတာ ငါမစဉ်းစား မိလိုက်ဘူး"
သားကို မျက်ရည်ကို သုတ်လိုက်ရင်းက ထရပ်လိုက်ပြီး
"ဘာကို အဲ့ဒိလိုပဲ လဲ ငါနားမလည်ဘူး"
"အရက်လေးနဲနဲမူးတာနဲ့ ကပ်လို့ရတဲ့ကောင် နားပြေးကပ်တာလေ ဟင် ငါ့မျက်နှာကို မင်းထောက်သင့်တယ် သားကို"
"သိပြီ မင်းအဲ့လိုပြောရအောင် ငါက အိပ်ရတာကြပ်လို့ သွား အိပ်တာလေ ပြီးတော့ အိပ်ယုံပဲ အိပ်တာ ငါအကျင့်စာရိတ္တ အဲ့လို ပျက်ပြားနေတဲ့ကောင် မဟုတ်ဘူး"
"ဟားဟားဟား ဘာဖြစ်တယ် အကျင့်စာရိတ္တ ဟုတ်လား မင်း ကိုငါအဲ့လောက်ထိ မပြောဘူးနော် အေး ဒါပေမယ့် မင်းခြင် ကိုက်မှာဆိုးလို့ စောင်လာခြုံပေးမိတဲ့ ငါ့မျက်လုံးနဲ့လေ ဒီမျက်လုံးကြီးတွေနဲ့ သေချာ မြင်ခဲ့တာတောင် မင်းငြင်းသေးတယ် ဟုတ်လား အေးပေါ့ကွာ အဲ့ဒိ့အချိန်က လက်တို့ပြီး မပြောခဲ့ မိတော့လဲ မင်းဗြောင်လိမ်လို့ ရတာပေါ့"
သားကို အနည်းငယ်တော့ တွေဝေ မိသွားတယ်။ ဒီလောက် ထိပြောနေတာဆိုတော့ သူတစ်ခုခု မြင်ခဲ့တာလား။
"မင်း ဘာတွေလာပြောနေတာလဲ မင်းဘာမြင်လဲတော့ ငါမသိဘူး ငါအဲဒိ့ကောင်နားမှာ သွားအိပ်တယ် မနက်ကျတော့ထတယ် အိပ်ယာထမှ ဒီကောင်ဘေးနားမှာ အိပ်နေတာ ငါသိတာ"
"အော် မင်းက သူ့ဘေးနားမှာ ရှိနေတာတောင် မသိဘူးပေါ့ ဟုတ်လား ဟမ် ဟိုကောင်က မင်းပါးကိုနမ်း ပြီး မင်းရင်ဘတ်ကို လက်နဲ့ပွတ်သပ်ပေးနေတာလေ မင်းဖီးတေတက်ပြီး မျက်လုံးလေးတောင် မှိတ်ထားသေးတယ် မှတ်လား ဟင် မနက်ကျတော့ ဇော်ကြီးက ပြောတယ် မင်းကောင်တော့ ညက ဟိုကောင်နဲ့ အလုပ်ဖြစ်သွားကြပြီ ထင်တယ်တဲ့ ငါ့မျက်နှာငါ ဓါးနဲ့ပဲ လှီးချ လိုက်ချင်တယ် မင်းမရှက်တက်ဘူးလား ဟင် နဲနဲလေး မူးတာနဲ့ အသိတရား အဲ့ဒိလောက် ခေါင်းပါးသွား ရလားဟင်"
သားကို မျက်ရည်တွေ တလိမ့်လိမ့်ကျပြီး အသားတွေပါ တဆတ်ဆတ်နဲ့ တုန်လို့ လာရပါတယ်။
"မင်း ဒီမှာ ငါ့ကို ကြည့်စမ်း သားကျော် ငါတို့ အိမ်မှာ အမြဲ မူးနေကြတာ မူးတိုင်း နေချင်သလိုနေ အိအ်ချင်သလို အိပ်ကြတာ အခု တစ်နှစ်တောင်ကျော်လာပြီ ငါလက်သယမ်းဘူး လား ဘယ်သူ့နားကို ကပ်ဘူးလဲ ဟင် အဲဒါ မင်းတို့ငါ့ကို သက်သက် အထင်သေးတာ မင်းပါပါနေတာ ငါရင်အနာဆုံးပဲ ဒီမှာသားကျော် အတိတ်ကံမကောင်းလို့ ငါယောက်ျားခြင်း လိုက်ကြိုက်နေရတဲ့ သူဖြစ်ခဲ့ပေမယ့် တဏှာရူးနေတဲ့ နှာဘူး မဟုတ်ဘူး ငါ မိကောင်းဖခင်သားသမီး အရှက်လဲရှိသလို သိက္ခါ ဆိုတာလဲ ငါ့မှာရှိတယ် မင်းတို့ တရား လွန် တယ် အင်း ဟင်း အစ် ဟစ်ဟစ် တောက် အားးးး ဒီမှာ သားကျော် သူ့ဖာသာ ငါ့ကို နမ်းရုံမကလို့ ဘာကြီး ပဲလုပ်နေလုပ်နေ အဲဒါကို ငါမသိဘူး အေး ဟစ်အင့် အင်း အေး မင်း မယုံဘူး မှတ်လား ငါကြိမ်ပြောရဲတယ် ဟင့် အင့် အေး ငါအခု လိမ်ပြောခဲ့ရင် ငါ ပါမက အခု အသက်ရှိနေတဲ့ ငါ့မိဘတွေ ပါ အမြန်ဆုံး အသေ ဆိုးနေသေပါစေ လို့ ငါကြိမ်ပြောတယ် ကျေနပ်ပြီလား အီး ဟီး ဟီး အင်းးး အစ် ဟင့် ဟင့်"
သားကို ငုတ်တုတ်ထိုင်ချလိုက်ခါ မျက်နှာကို ဒူးနှစ်ဖက်ကြား မှာဖွက်ရင်း အားရပါးရ ငိုချလိုက်ပါတော့တယ်။ ခနနေတော့ သားကိုရဲ့ ပုခုံးကို သားကျော် လာဖက်ရင်းက
"မငိုပါနဲ့တော့ကွာ ငါမှားသွားတယ် တောင်းပန်ပါတယ်"
မရတော့ဘူးလေ။ ငိုတာရပ်လို့ကို မရတော့တာ။ သာယကျော်က ပုခုံးကို တင်းကြပ်နေအောင် ဖက်ထားရင်းက ဆက်ပြီး ချော့လို့နေပါတယ်။
"မငိုနဲ့တော့နော် ငါလဲ သူပြောတုန်းက နောက်ပြီး ပြောတာမှန်း သိပေမယ့် မျက်နှာတွေ ထူပူပြီး အရမ်းဒေါသဖြစ်ခဲ့တာ ငါ မင်းကို အထင်သေးလို့ မဟုတ်ပါဘူးကွာ မင်းကို အဲလိုလူ ဖြစ်သွားမှာ စိုးရိမ်လို့ပါနော် တိတ်ပါတော့"
"အဲလို ဖြစ်စရာလား ငါ့အကြောင်းကို မင်းမသိလို့လား ဟင်"
"သိပါတယ်ကွာ တော်တော့နော်"
သားကို မျက်ရည်တွေကို သုတ်လိုက်ရင်းက
"အဲဒါဆို မင်းကို ငါတစ်ခူပြောမယ်"
"ပြောပါ"
"နောက်ခါ ဘာပဲဖြစ်ဖြစ် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ ဘာမှ မပြောပဲနဲ့ မင်းအဲဒိ့လို နေနေတာ ငါမခံစားနိုင်ဘူး ဘာလို့ လဲ ဆိုတော့ မင်းကို ငါအရမ်း ချစ်လို့ပဲ သားကျော်"
သားကျော်က ပြုံးပြခါ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါပြီ ငါပြောမယ် ဟုတ်ပြီလား အခုပြန်ကြ ရအောင်နော် အရမ်းနောက်ကျနေပြီ"
"ဟင့်အင်း မင်းကိုငါ ပြောပြီး လက်စနဲ့ တော့မထူးတော့ဘူး မင်း ငါ့ကို အဖြေပြန်ပေးပါ သားကျော် ငါဘယ်လိုမှ မအောင့် ထားနိုင်တော့လို့ပါ"
"ဘာကို ပြန်ပေးရမှာလဲ ဟ့"
"မင်းကော ငါ့ကို ချစ်လားဟင်"
သားကျော်က အံ့အားသင့်သလို မျက်မှောင်ကြုံ့ခါ ကြည့်နေပြီးမှ တဟားဟားနဲ့ ထရီလိုက်တာမို့ သားကို ရှက်သွားမိတာ အမှန်ပါပဲ။
"မင်းကလေ တော်တော် နောက်တဲ့ကောင်ပဲ မဟုတ်တာတွေ"
"မနောက်ဘူး သားကျော် မင်းကို ငါတစ်ကယ် ချစ်တာပါ"
"အင်းလေ သိတယ်လေ"
"မင်း ငါ့ ကို "
သားကို အသံတွေ တိမ်ဝင်လို့ သွားရကါတော့တယ်။ ဆက်ပြီး ပြောဖို့ကို အင်အား မရှိတော့ပေ။ မျက်နှာကိုသာ ရှက်ရွံ့ စွာ ငုံချ ထားလိုက်မိပါတော့တယ်။ သားကျော်က ပုခုံးကို ဖက် လာရင်းက
"ဘာဖြစ်သွား ပြန်တာလဲ ရုပ်က ငါစဉ်းစားဦးမယ် ဟုတ်ပြီလား"
"ဟာ တကယ် ပြောတာလား"
"လျာမရှည်နဲ့ စဉ်းစားမယ် ပြောထား ပြီးပြီ သွားမယ်လာ"
"ဟီး ပျော်လိုက်တာ"
"မျက်နှာကိုက စပလိန်လိုပဲ အခုတစ်မျိုး တော်ကြာတစ်မျိုး"
ပုခုံးကို ဖက်ထားတဲ့ သားကျော်ရဲ့ ခါးကို ပြန်ဖက်လိုက်ရင်း
"ပျော်သွားလို့ ပါအခုက မြန်မြန်စဉ်းစားနော် သားကျော်"
"မင်း အဲဒါကို တစ်ခါပြောတိုင်း ပိုပိုနောက်ကျသွားမယ်"
"အကျင့်ပုတ် ပြီးရော"
သူတို့ ပျော်ရွှင်စွာနဲ့ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ရောက်တာနဲ့ ခပ်ခွါခွါနေခဲ့ရတဲ့ အချိန်တွေကို အတိုးချ အလွမ်းသယ်ရင်းက တစ်ညလုံး စကားတွေပြောလိုက် ဂစ်တာတီးပြီး သီချင်းတွေ ဆိုလိုက်နဲ့ မိုးလင်းတဲ့အထိပါပဲ။