The First Love (Part-11)
သားကို အံကို တင်းနေအောင် ကျိတ်လိုက်ရင်းက မျက်ရည် တို့ကို သုတ်လိုက်ခါ သားကျော် ရင်ခွင်ထဲမှ တိုးထွက် လိုက် ပါတော့တယ်။ ပြီးတော့ သားကျော်ရဲ့ ပုခုံးကို လက်နဲ့ဖြစ်ညှုစ်လိုက်ရင်း မျက်တောင်တွေကို ပုတ်ခတ်လိုက်ခါ
"ငါ နားလည်ပါတယ် သားကျော် မင်းအတွက် ဘယ်လိုမှ မဖြစ်နိုင်တယ့် ကိစ္စတစ်ခု ဆိုတာကိုပေါ့ ဒါပေမယ့် မင်းနဲ့ ငါဟာ အချိန်တိုင်း နေရာတိုင်းမှာ မင်းပြောသလို အချစ်ဆုံး သူငယ် ချင်းတွေ အဖြစ် ရှိနေမှာပါ"
သားကို အပေါ်ထပ် တက်ဖို့ ထရပ်လိုက် ချိန်မှာတော့ သားကျော်က ထိုင်ရာကနေ သားကိုလက်ကို လှမ်းဆွဲခါ သူပါ ထရပ် လိုက်ပါတော့တယ်။
ပြီးတော့ မျက်နှာချင်းဆိုင် ရပ်လိုက်ခါ သားကို မျက်နှာကို သေချာ စိုက်ကြည့်ရင်းက
"မင်းကိုငါ အရမ်းချစ်ပါတယ် ဒါ....."
သားကျော် အသံဆက်ပြီး ထွက်မလာတော့ပေ။ သားကျော်ရဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ အတင်းချုပ်ကိုင်ရင်း သားကျော်ရဲ့ နှုပ်ခမ်းတွေကို သားကို သူ့နှုပ်ခမ်းတွေနဲ့ ဖိကပ်ထား လိုက်လို့ပါ။
သားကျော်ခေါင်းကို ရှောင်နေပေမယ့် သားကို အတင်းဆွဲချုပ် ခါ ဖိကပ်ထားတာမို့ ရုတ်တရက် ရှောင်ထွက်လို့ မရသေးပေ။ အံကိုကျိတ်ခါ သွားတွေကို တင်းနေအောင် စေ့ထားတဲ့ သားကျော်ရဲ့ နှုပ်ခမ်းနဲ့ သားကိုရဲ့ ရူးသွပ်နေတဲ့ နှုပ်ခမ်း နှစ်စုံဟာ ကြမ်းတမ်းစွာ ပွတ်တိုက်မိနေကြလေရဲ့။
သားကျော် သူ့လက်နှစ်ဖက်ကို သားကိုရဲ့ ရင်ဘတ်မှာကပ် လိုက်ပြီး အားနဲ့ စောင့်တွန်း လိုက်ပါတယ်။ သားကို ဆံပင်တွေ ခါခနဲလွင့်ခါ လူကလဲ နောက်က ဆိုဖာ ဆက်တီပေါ် ဝုန်း ခနဲ ခြေလွတ်လက်လွတ် ပြုတ်ကြ သွားပါတော့တယ်။ သားကျော်က သားကိုကို စူးစိုက်ကြည့်ရင်းက
"အဲဒါတွေ ငါမကြိုက်တာ မင်းကို အေး မင်းကို ငါချစ်တယ် ဒါပေမယ့်..."
"တော် တော့ ------ ဆက်မပြောနဲ့ မင်းလုံးဝ ဆက်မပြောနဲ့"
သားကို လဲနေရကနေ ကုန်းအော်လိုက်ရင်း အတင်း ကုန်းထ လာခါ သားကျော်ရဲ့ ခြေသလုံးကို ဖက်လိုက်ခါ ပျော့တော့တဲ့ လေသံလေးနဲ့
"ကျေးဇူးပြုပြီး ဆက်မပြောပါနဲ့တော့ အဲဒိ့စကားလေးကိုပဲ ငါ့အတွက် လက်ဆောင်အဖြစ် ယူသွားခွင့်ပေးပါ ငါတောင်းပန်ပါတယ်ကွာ ငါ့ကို ခင်ရင် သနားရင် ဆက်မပြောပါနဲ့"
"တောက် ဟင်း သားကိုရာ"
သားကို ချိုင်းကနေ ကိုင်မခါ ဆွဲထူလိုက်ပြီး သားကျော် တင်းကျပ်နေအောင် ဖက်ထားပေး လိုက်ပါတော့တယ်။ ပြီးတော့ တသိမ့်သိမ့် ရှိုက်ငိုနေတဲ့ သားကို ကျောကို ပွတ်သပ်ခါ ချော့ လိုက်ပါတော့တယ်။
"တော်ပါတော့ သားကိုရယ် မင်း တအားပင်ပန်းနေပြီ လာခဲ့ ငါဂစ်တာတီးပြီး ချော့သိပ်မယ်နော် မင်းအိပ်လိုက်တော့"
သားကို ပုခုံးကိုဖက်ခါ အပေါ်ထပ်ကို ခေါ်သွားပါတော့တယ်။ အိပ်ယာပေါ်ရောက်တော့ သားကိုကို ကုတင်ပေါ်မှာ လှဲ အိပ်စေပြီး သားကျော်က ဂစ်တာကို ယူခါ ကြိုးညှိုနေပါတယ်။ ဒီလို အခွင့်အရေးမျိုးက နောက်တစ်ကြိမ် ရဖို့ဆိုတာ မသေခြာတော့ဘူးလေ။ နောက်တစ်ကြိမ် သူတို့ ပြန်တွေ့ခွင့် ရဦးမှာလားဆိုတာလဲ မသေချာဘူး။ တွေ့ခဲ့ရင်တောင် သူတို့ အခြေအနေတွေက ဒီနေ့ အခြေအနေနဲ့ တူဦးမှာလား ဆိုတာ ဘယ်သူမှ တက်အပ်မပြောနိုင်တော့ပေ။
ဒီလောက်စိတ်သောက ရောက်နေချိန်မှာ အိပ်လို့ ပျော်မှာတဲ့လား သားကျော်ရယ်။ ဒါပေမယ့် ငါ ဒီအချိန်လေးကို တန်ဖိုး ထားပြီး ကျေနပ်စွာ ခံယူသွားပါ့မယ်။