အပိုင်း(၃)

2.4K 119 0
                                    

The First Love (Part-3)

သူရပ်နေတယ် ဆိုတာကို သိတဲ့ အသိက ရင်တွေကို တဒိန်းဒိန်း ခုန်နေစေတယ်လေ။ အသက်ကို မှန်မှန်ရှုသွင်း နေရင်း သူ ဘာလုပ်မလဲ ဆိုတာကို သိချင်နေမိတယ်။
အဲဒိ့အချိန်မှာပဲ သားကိုရဲ့ ခန္ဓာကိုယ်ပေါ်မှာ နွေးခနဲ ဖြစ်လို့ သွားပါတယ်။ အော် သားကျော်က သူ့ကို စောင်ခြုံပေး သွားတာကိုး။ ဘာပဲဖြစ်ဖြစ် ပြုံးရုံသာပြုံးလိုက် မိပါတယ်။
ကောင်းကင်က လမင်းကို အပိုင်လိုချင်မိတဲ့ ခလေးတစ်ယောက် ကို ရေဖြည့်ထားတဲ့ ခွက်လေးနဲ့ နှစ်သိမ့်သွား သလိုမျိုးပေါ့။ ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ် ကို့ပေါ် ဒီလောက်ထိ အလေးနက် ထားပေးတာကိုပဲ သားကို ကျေနပ်နှစိသိမ့်သင့်ပြီ မဟုတ်လား။
သားကိုတို့ နှစ်ယောက်က ဒီလိုပါပဲ။ ရန်ဖြစ်လိုက် ပြန်တည့် လိုက်နဲ့ လေ။ ဒီနေ့လဲ မနက်ဖြန် အလုပ်ပိတ်ရက် မို့ သူငယ်ချင်းတွေ စုပြီး အရက်သောက်ကြတော့ သားကိုနဲ့ ကျော်ကျော်လည်း သောက်ကြတယ်လေ။ သောက်တက်တဲ့သူ မှန်သမျှ လက်မရှောင်ကြေးလေ။ မသောက်တက်တဲ့သူ နှစ်ယောက်လဲ လွတ်မယ် မထင်နဲ့။ ဘေးမှာ အအေး တစ်ယောက် တစ်ဘူးကိုင်လျက် အမြည်းစားရင်း ထိုင်စောင့်ပေးရတယ်။
ဒါကတော့ သူများတွေနဲ့ မတူတဲ့ သူတို့ အဖွဲ့ရဲ့ စည်းလုံးမှု လေးပါ။ အားလုံးက စည်းကမ်းရှိကြတယ်။ သူများပစ္စည်ယူ သုံးလေ့ မရှိကြဘူး။ ပိုက်ဆံတေံဘာတွေလဲ မပြောက်ဘူး။ အဲ့လို သောက်နေကြတုန်း သားကိုက သူ့ရဲ့ ဂုတ်ထောက်နေ တဲ့ ဆံပင်တွေကို ချည်ထားတဲ့ သရေကွင်းလေးကို ဖြုတ်ခါ သားကျော်ရဲ့ ပေါင်ကို ပစ်လိုက်ပါတ်။
ဘောင်းဘီတိုလေး ဝတ်ထားပြီး အသားအရေ လှလွန်းတဲ့ သားကျော်ရဲ့ ပေါင်လေး ရဲခနဲ ဖြစ်သွားပါလေရော။
"အား နာလိုက်တာ လဒ မလုပ်နဲ့ နာတယ်နော်"
"ဟိ ဟိ ဟိ ဒိလောက်ခလေးကို နာတက်လိုက်တာ"
"အော် မင်း အသားကို လုပ်ကြည့်ပါလား မနာရင်"
သားကို သဘောကျစွာ တဟိဟိရီရင်းက လက်ညှိုးနဲ့ လက်ခလယ်မှာ စည်းထားတဲ့ သရေပင်လေးကို လက်မနဲ့ ညှုပ်ခါ နောက်တစ်ကြိမ် ထပ်ပြီး ပေါင်ကို ပစ်လိုက်ပါတယ်။ သားကျော် နာလို့ သူ့ပေါင်ကို ပွတ်ခါ ဒေါသထွက်နေတာလေး ကို သဘောကျရင်း ရီလို့ မဆုံးပေ။
"ဟေ့ကောင် ငါ့အသားနာရင် မရဘူးနော် ငါဒေါသထွက်လာပြီ"
"အဲ ဗလပ် ဗလပ် ဗြဲ"
သားကို လျှာထုတ်ခါ ပြောင်ပြလိုက်ပြီး နောက်တစ်ကြိမ် သရေပင်းနဲ့ ပစ်ခါ ဝိုင်းက ထပြေးမလို့ ထရပ်လိုက်စဉ်မှာပဲ
"ဝုန်း အားးး ဟာ"
"ဟေ့ကောင်တွေ မင်းတို့ကလဲကွာ သောက်နေတာကို မေးဆေး မသောက်ရဘူး ရန်ပဲဖြစ်နေတာ"
"သားကို ဘာဖြစ်သွားလဲ ရလား ဖြေးဖြေးထ"
သားကို အထမှာ သားကျော်က အနောက်ကနေ ခြေထောက်နဲ့ လှမ်းကန်လိုက်တာမို့ သံမံတလင်းပေါ် မှောက်ယက် ကြ သွားတာလေ။ လာထူပေးတဲ့ ဝေလွင်ထွေးကို တွဲခါ ထလိုက် ရင်းက ငံကျိကျိ ဖြစ်လာတဲ့ နှုပ်ခမ်းကို လက်နဲ့ စမ်းကြည့် လိုက်တာ့ သွေးတွေ။ အကုန်လုံး ထိုင်ရာမှထခါ အဆင်ပြေလား ကြည်နြေကြသလို သားကျော်ကလဲ သားကိုကို အံ့အားသင့်စွာ ငေးကြည့်နေပါတယ်။
"ဟာနှုပ်ခမ်းပေါက်သွားတာပဲ ရေနဲ့ ပလုပ်ကျင်းလိုက်"
"ပြီးရင် အရက်ပြန်ကစ်လိုက် အနာကျက်သွားအောင်"
"ဘာမှ မဖြစ်ဘူး အေးဆေး"
တစ်ယောက်တစ်ပေါက် ဝိုင်းပြောနေပေမယ့် သားကျော်က ငေး ကြည့်ကောင်းနေဆဲ။
သားကို ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်းက အပေါ်ထပ်ကို ပြးတက်သွားခါ ကုတင်ပေါ်မှောက်ပြီး ငိုချ လိုက်ပါတော့တယ်။
တစ်ယောက်ပြီး တစ်ယောက် တက်လာခါ ချော့ပမယ့် သားကို အောက်ထပ်က အရက်ဝိုင်းကို ပြန်မဆင်းတော့ပေ။ ၄ ယောက်မြောက် တက်လာသူက သားကျော်။
"စောတီး ငါ မူးနေလို့ပါ ငါက အသားနာရင် မရဘူး အဲဒါ ကြောင့် မင်းကို မလုပ်နဲ့လို့ ပြောသားပဲ"
သားကို ဘာမှ ပြန်မပြောနိုင်အောင် မျက်ရည်တွေပဲ ကျနေမိ တယ်။ ကိုက သူ့ကို ချစ်လို့ စနေတာ မသိတာလဲ မဟုတ်ပဲနဲ့ အားနဲ့ ဖင်ကို စောင့်ကန်လိုက်တာလေ။ တွေးမိလေ။ ဝမ်းနည်းလေ ငိုလေ ဖြစ်နေပြီ။
တဖက်ကို လှည့်ခါ အိပ်နေတဲ့ သားကို ကုတင်ပေါ်ကို သားကျော် ထိုင်ချလိုက်ပါတယ်။ ပြီးတော့ မပြောမဆိုနဲ့ တဖက်လှဲ့ နေတဲ့ သားကိုကို သူ့ဖက်ကို ဆွဲလှည့်လိုက်ခါ ခေါင်းကို သူ့ ပေါင်ပေါ် ဆွဲတင်ပြီး အပေါ်ကနေ ငုံ့ခါ သိမ်းဖက်ထားလိုက် ပါတော့တယ်။
"အင့် အီး ဟီး ဟီး အင်း ဟင်း အစ်"
"မငိုပါနဲ့တော့ကွာ မင်းဆက်ငိုနေရင် ငါ့လက်ကို ငါဓါးနဲ့ လှီး ပစ်မယ် မင်းမတိတ်မချင်း"
"ဘာဖြစ်နေတာလဲ ကို့ဖာသာ ငိုတာတောင် ကောင်းကောင်း မငိုရဘူး လိုက် အကျပ်ကိုင်နေတာ အီး ဟီးဟီး"
"မငိုနဲ့တော့ တိတ်တော့နော် ခုနက စိတ်တိုသွားလို့ လုပ်မိတာ နောက်တစ်ခါ မဖြစ်စေရဘူး စိတ်ချ ကတိပေးတယ်နော်"
"တကယ်နော်"
"အင်း တကယ် ယောက်ျားကတိကွာ"
မျက်ရည်တွေနဲ့ သားကို ပြုံးခါ ခေါင်းငြိမ့်ပြလိုက် မိပါတယ်။
"သီချင်းဆိုပြမယ်နော် နားထောင်ပြီး အိပ်တော့"
"မင်း မသောက်တော့ဘူးလား"
"ဟင့်အင်း နောက်တစ်ခါ အရက်စုသောက်ဖြစ်ရင် ငါတို့ အတူ မသောက်တော့ဘူး တစ်ယောက်တခါသောက်မယ် ငါ နောက်တစ်ခါ မင်းကို အသားနာအောင် လုပ်မိမှာစိုးလို့"
သားကို ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်မိပါတယ်။ သားကျော်က သူ့အခန်းက ဂစ်တာကို သွားယူလာခါ သားကို ဘေးက ကုတင်မှာ ထိုင်းရင်း ကြိုးညှိုနေပါတယ်။
သားကိုက ခေါင်းအုံးလေးကို လက်နဲ့ထောက် လက်ပေါ်မေး လေးတင်ခါ ခပ်မှိန်မှိန်အလင်း ရောင်အောက်မှာ သားကျော် ရဲ့ လှုပ်ရှားမှုတိုင်းကို အနုစိတ် ကြည့်နေ ပါတယ်။
...... အနိုင်ယူနေခဲ့လည်းကွယ် ကြည်ဖြူစွာ ကြင်နာတဲ့သူ
....... ဖြူစ်တဲ့ နှလုံးသားနဲ့ ခွင့်လွှတ်သူလေး
....... သူဘာတွေ လိုနေတယ်ဆိုတာ ကိုလေသိတယ်
....... ငိုသံတွေ ကိုလေ ကြားတယ်
....... ဝေးသွားမှပဲ တမ်းတမိတယ်
....... အခုတော့ အားလုံး နောက်ကျပေါ့ကွယ်
....... အချိန်လေးများ ကုန်နှောင်းပြီ
....... ကိုလေပြောလဲ ခွင့်လွှတ်ဖို့ကွယ်
........ လွန်နေတာက ကို့ဖက်ကကွယ်
........ ဘာအကြောင်းများ ထူးဦးမှာလဲ .......
ကြည့်ပါဦး... သူ သားကို ကို ကြည့်ပြီး ဆိုနေတာ ဒီသီချင်းဟာ သားကိုအတွက်လား။ သီချင်းစာသား အဓိပ္ပါယ်တွေက ဘာလို့ ဒီလောက်တိုက်ဆိုင်နေရတာလဲ။ ဒီသီချင်းလေးကို သားကို အရမ်း သဘောကျသွားမိတယ်။
ကျေနပ်စွာ ပြုံးရင်း ကြည့်နေမိတယ်။ မျက်လုံးချင်း အစုံမှာ မျက်နှာ ပြင်နှစ်ခုအထက်၌ ပန်းဆီရောင် သန်းသော ပန်းများ ပွင့်ဖူးကြကုန်ရဲ့။
သံစဉ်တွေ ညည်းနေတဲ့ သူ့နှုပ်ခမ်းသားထူထူ လေးတွေက သံစဉ်တွေ ထွက်ကျမလာပဲ သားကို နှလုံးသားကို တိုးညင်းစွာ စကားတွေ ဆိုနေလေရော့ သလား။
...... ခံနိုင်တဲ့ ဆိုတဲ့ ကျောက်သားတောင်
...... ခံနိုင်ရည် ဆိုတာ ရှိတယ် အခါခါတွန်းတိုက်ကြည့်
...... ပြောင်းလဲလို့ သွားမှာပဲ
...... ဝေးသွားမှပဲ တမ်းတမိတယ်
...... အခုတော့ အားလုံး နောက်ကျပေါ့ကွယ်
...... အချိန်ကလေးများ ကုန်ဟောင်းပြီ
...... ကိုလေ ပြောလဲ ခွင့်လွှတ်ဖို့ကွယ်
...... လွန်နေတာက ကို့ဖက်ကကွယ်
...... ဘာအကြောင်းများ ထူးဦးမှာလဲ
"အိပ်ချင် အိပ်တော့လေ သီချင်းဆိုပြမယ် မင်းအိပ်မှ ငါပြန်မယ် အိပ်တော့"
"အင်း"
အင်း သံကြီးက ကျေနပ်ပီတိ ဖြစ်မှုတွေနဲ့ အီလည်လည် ညုတုတု။ အသာလေး ကုတင်ပေါ် လှဲချလိုက်ရင်းက သားကျော် မျက်နှာလေးကို ငေးညင်း သူ့အသံလေးကို နားထောင် ရင်း...

The First Love Opowieści tętniące życiem. Odkryj je teraz