💘 Crush💘
Ep - 3မျက်နှာနုနုလးပေါ်ကို သူရိန်နေမင်းကြီးရဲ့ ရှေ့ပြေးတပ်မတော်သားများဖြစ်တဲ့ ရောင်ခြည်တစ်ချို့ကျရောက်လာတာကြောင့် မနက်မိုးလင်းပြီဆိုတာ သိရတယ်......
အိပ်ချင်နေသေးတဲ့ မျက်လုံးကို အားတင်းကာ ဖွင့်ပြီး ကျောင်းသွားဖို့ရန် လုပ်ရတယ်......ကျောင်းဆိုတဲ့အရာကြီးက ကျောင်းသားတွေကို နှိပ်စက်တဲ့ အကျဉ်းထောင်ကြီးပမာဖြစ်တယ်....
တစ်ခါတစ်လေကျပြန်လည်း ကျောင်းတက်ရတာဟာ ဘာနဲ့မှလဲလို့မရတဲ့ ခံစားချက်မျိုးကို ရရှိတယ်.....တွေးလက်စအတွေးတွေကို ဖျောက်ပြီး ကျောင်းသွားဖို့ပြင်ဆင်ရတယ်....
ကျောင်းသွားမှ ချစ်ရသူနဲ့တွေ့ရမှာလေ....
သူကတော့ ကိုယ့်ကို မမျှော်ပေမယ့် ကိုယ်ကတော့ အမြဲသူ့ကိုတွေ့ချင်နေမိတယ်....
ဒါကလည်း baek ရဲ့ ထိန်းမရနိုင်တဲ့ လောဘတစ်ခုပေါ့နော်.....
ရူးတယ်ပြောလည်းဟုတ်တယ်😁
သူ့ကိုရူးမတက်ချစ်တယ်......အသည်းပေါက်တဲ့အထိချစ်တယ်.....သူဘာဘဲဖြစ်နေဖြစ်နေ ချစ်တယ်.......
အဲ့ဒါကလည်း baek ရဲ့ အတ္တတစ်ခုပါဘဲ....
သူနဲ့ပတ်သက်ရင် အရာရာအားလုံးကို ရင်ဆိုင်နိုင်တယ်.....°•°•°•°•°•°•°•°•°•°•°•°•°
မနက်ခင်းမိုးလင်းတာနဲ့ အရင်ဆုံးသတိရတာကတော့ ကျွန်တော့်ရဲ့ bff လေး baek ကိုပေါ့
သူနဲ့ကျွန်တော်နဲ့က အရမ်းခင်တာဗျ....
သူမကလည်း အရမ်းစိတ်ထားကောင်းတယ်လေ......ကျွန်တော်မြင်ဖူးသမျှ ကျွန်တော်နဲ့သက်တူရွယ်တူ မိန်းကလေးတွေထဲမှာ သူမက စိတ်ထားအကောင်းဆုံးဘဲ.....
ကျွန်တော်ရည်းစားတွေအများကြီးထားခဲ့ဖူးတယ်....အကုန်ပေါင်းရင်တောင် သူ့ခြေဖျားတောင်မမှီဘူး....အဲ့လောက်ထိစိတ်ထားဖြူစင်တဲ့မိန်းကလေးတစ်ယောက်.....သူမက ရည်းစားထားရတာ မကြိုက်ဘူးထင်ပါရဲ့...သူ့မှာခုထိရည်းစားမရှိသေးဘူး....
အဲ့လိုနေတာလည်း ကောင်းပါတယ်လေ....
တော်ကြာမဟုတ်တဲ့ဟာတွေနဲ့တွေ့သွားမှ ကျွန်တော့်သူငယ်ချင်းလေး ဝမ်းနည်းနေရလိမ့်မယ်.......
YOU ARE READING
💘 Crush 💘
RomanceSebaek...... Play boy လေးနဲ့ ရုပ်ဆိုးကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတွေ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ??