💘 Crush💘
Ep - 4ချစ်ရတဲ့သူဆီက မသွားပါနဲ့ဆိုတဲ့စကားကို ကြားချင်ပေမယ့် လက်တွေ့ဘဝမှာတော့ ဖြစ်ချင်တာတွေဖြစ်မလာခဲ့.........
ကိုယ်ကိုက အတ္တကြီးလွန်းခဲ့တာပါ.......
ရင်ဘက်ထဲက နာကျင်မှုတွေကို အပြုံးတွေနဲ့ဖုံးအုပ်ပြီး ရင်ထဲမှာတော့ ငိုကြွေးနေခဲ့တဲ့ ကောင်မလေးကို ဘေးကကောင်လေးကတော့ သတိမထားမိ........
အငိုမျက်လုံးအပြုံးမျက်နှာဖြစ်နေတဲ့ကောင်မလေးကို ဘေးကကောင်လေးသာသိရင် ကံကြမ္မာက ပြောင်းလဲသွားမှာလား????
°°°°°°°°°°°°
"သမီးရေ.....သမီး ဒီလကုန်ရင် နိုင်ငံခြားသွားရမှာနော်......သမီးလိုအပ်တာတွေဝယ်ထားတော့"
"မိန်းမရယ်..ဒီနေ့မှ ၅ရက်နေ့ဘဲရှိပါသေးတယ်......အဝေးကြီးလိုသေးတာကို..."
"မဟုတ်ဘူးလေ ယောကျာ်းရယ်.....မိန်းမက စိတ်ပူလို့ပါ...."
"သမီးလေးလည်း အရွယ်ရောက်နေပါပြီ....သူ့ဘာသာသူသိပါတယ်..."
"Omma သမီး ဒီလကုန်ရင် မဖြစ်မနေ နိုင်ငံခြား သွားရမှာလားဟင်"
"Omm ပေါ့သမီးရဲ့....ဘာလဲ? သမီးလေးက မသွားချင်လို့လား?"
"သွားလိုက်ပါသမီးရယ်...၂နှစ်ဘဲကြာမှာကို....ပြီးရင်ပြန်လာလို့ရတာဘဲလေ"
မသွားချင်ဘူးလို့ပြောချင်ပေမယ့် omma နဲ့ appa က အရမ်းကို သွားစေချင်နေတော့ မပြောထွက်ခဲ့.......
"ဟုတ်ကဲ့ပါ...သမီးသွားပါ့မယ်......."
"Omm...အမှန်တကယ်ပြောရရင် omma တို့က ဒီရက်ပိုင်းထဲတောင် သွားစေချင်တာ.....ဒါပေမယ့် သမီးလေးက သွားဖို့အဆင်သင့်မဖြစ်သေးတာကြောင့် လကုန်ပြောင်းလိုက်တာ"
ဟူးးးးး တော်သေးတာပေါ့....ဘာဘဲဖြစ်ဖြစ် Hunnie နဲ့နေဖို့အချိန်သိပ်မကျန်တော့ဘူး......
YOU ARE READING
💘 Crush 💘
RomanceSebaek...... Play boy လေးနဲ့ ရုပ်ဆိုးကောင်မလေးတစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတွေ ဘယ်လိုများ ဆက်ဖြစ်ကြမလဲ??