Part (4) - The First Encounter

55 9 2
                                    

ခြံအနောက်ဘက်နားက ရေကန်လေးဆီကို သွားတဲ့ လမ်းမှာ သူမ မသိတဲ့ ကောင်လေး တစ်ယောက်ကို လှမ်းမြင်လိုက်တယ်။ သစ်ခွပင်တွေ စိုက်ထားတဲ့ကြား ဝင်သွားတာ တွေ့ရတယ်။ မြေသြဇာ ထည့်နေတဲ့ ပုံပဲ။

ကောင်လေးက သူမနဲ့ အသက်မတိမ်းမယိမ်း လောက်ပဲဖြစ်မယ်။ အရပ်ရှည်တယ်၊ အသားဖြူတယ်။ မျက်နှာလေးက သေးသေးလေး။ ဆံပင်တွေဟာ နှဖူးပေါ် အပြည့်ဖုံးနေတယ်။

အိမ်နေရင်း ပုံစံ မီးခိုးရောင် တီရှပ်၊ အနက်ရောင် sweatpants နဲ့ ကွင်းထိုးဖိနပ် တို့ကိုပဲ ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း photoshoot ရိုက်တော့မယ့် မင်းသားတစ်ယောက်အလား သန့်ပြန့်ကျော့ရှင်းနေတယ်။

သူ့ကို သေသေချာချာ မြင်ရပြီးနောက်မှာ Shinah တစ်ယောက် ပထမဆုံး တွေးမိတာကတော့

( ချောလိုက်တာ...)

သူမအဖွားရဲ့ မိတ်ဆွေ မိသားစုတွေထဲက သား/မြေး တစ်ယောက်ယောက် အတူတူပါလာတာလားလို့ သူမ ခန့်မှန်းကြည့်တယ်။ အရင်ကဆို Hwang Minhyun လိုမျိုးပေါ့။

(ဒါဆို သူလည်း idol ပဲလားမသိဘူး?! ပြောရရင် Minhyun oppa နဲ့တောင် ခပ်ဆင်ဆင်ပဲ) သူမ တွေးမိတယ်။ (အင်း ဖြစ်နိုင်တယ်... ဒီလို ရင်သပ်ရှုမောဖွယ် မျက်နှာမျိုးက idol တွေမှာပဲ မြင်ရတတ်တာမျိုး)

သူမ ထိုကောင်လေးဆီကို လျှောက်သွားလိုက်တယ်။

"Annyeong?!"

သူမ အသံကြားတော့ သူမော့ကြည့်လာတယ်။ ဘယ်သူများလဲလို့ အဖြေရှာနေတဲ့ မျက်လုံးလေးတွေနဲ့။ သူ ဘာမှ ပြန်မပြောတော့ သူမကပဲ ဆက်ပြီး

"idol မလား? ဘယ်အဖွဲ့ကလဲ? ဒါမှမဟုတ် trainee လား? ဘယ် entertainment ကလဲ?" သူမ စပ်စပ်စုစုနဲ့ လျှောက်မေးနေတော့

"ဘာတွေပြောနေတာလဲ?" သူ့ဆီက အသံထွက်လာတယ်။ အသံလေးက အေးအေးလေးရယ်။

"idol မဟုတ်ဘူးလား?" သူမက ထပ်မေးတာကို သူက ဒီအတိုင်းပဲ ပြူးကြည့်နေတယိ။ "ထားပါတော့... ဒါနဲ့ နာမည် ဘယ်လိုခေါ်လဲ?" သူမ မျက်နှာပေါ်က စပ်ဖြီးဖြီးအပြုံးဟာ ပျောက်မသွားသေးဘူး။

"မင်းက အသစ်လား?" ကောင်လေးက မေးတာကို

"မဟုတ်ဘူး အဟောင်း..." Shinah က အတည်ပေါက်နဲ့ နောက်ပြီး ပြန်ဖြေလိုက်တယ်။

Who Are You, Mr. Chef? (Hiatus)Where stories live. Discover now