Part (3) - Back to Home

62 11 6
                                    

"sumchon (ဦးလေး)..."

"Han Shinah လာခဲ့! ရုံးခန်းထဲကို..." လွယ်အိတ်တောင် မချရသေးဘူး သူမ ရုံးခန်းထဲ ပါသွားလေပြီ။

မန်နေဂျာ ရှေ့မှာတင်ပဲ သူမ ဦးလေးက သူမကို အဖွားရဲ့ ဆန္ဒအရ တစ်လနှစ်လလောက် အလုပ်နားခွင့် ပေးဖို့ ပြောလိုက်တယ်။

"ဘာလို့လဲ? လိုအပ်လို့လား?" သူမက အဒွန့်တက်တော့

"ပါးစပ်ပိတ်နေ..." သူမ ဦးလေးက ခပ်ပြတ်ပြတ် တစ်ခွန်းပဲ ပြောလိုက်တယ်။

အစစအရာရာ ညှိနှိုင်းပြီးတဲ့နောက် သူမ အကျယ်ချုပ်မိတာ သေချာသွားခဲ့တယ်။ ဒါပေမယ့် သူမကိစ္စ သူမ တာဝန်ယူတဲ့ အနေနဲ့ ဒီတပတ်အတွင်းမှာ Minhyun ရဲ့ exclusive interview တစ်ခုကို ကောင်းကောင်း ရေးပေးရမယ်။

ရုံးခန်းထဲက ထွက်တော့ သူမ ဦးလေးက

"လိုအပ်တာတွေ သိမ်း... တစ်ခါတည်း သွားမယ်..."

"ဒါပေမယ့် ဟို interview ရေးရဦးမှာလေ..."

"မရှည်နဲ့... ဖုန်းတစ်လုံး laptop တစ်ခုရှိရင် ရေးလို့ ရနေပြီပဲ..."

သူမ ဆူပုပ်ပုပ်နဲ့ သူမ စားပွဲပေါ်က လိုအပ်တဲ့ ပစ္စည်းတချို့ အိတ်ထဲ ကောက်ထည့်ပြီး သူမဦးလေးနောက် လိုက်လာခဲ့လိုက်တယ်။ သူမ အိမ်ပြန် သေတ္တာသိမ်းတော့လည်း သူမဦးလေးက အနောက်ကနေ ထပ်ကြပ်မကွာပဲ။ ဒါပေမယ့် စကား တစ်ခွန်းမှ အပိုမပြောဘူး။

ကားပေါ်ရောက်တော့ ဒရိုင်ဘာက ရှေ့ခန်းမှာ သူမနဲ့ သူမဦးလေးနဲ့က နောက်ခန်းမှာ။

"Samchon... တစ်လမ်းလုံး ဒီလိုကြီးပဲ နေသွားတော့မှာလား?"

Shinah က မနေတတ်တော့တာနဲ့ ထုတ်ပြောလိုက်တယ်။

"ဒါနင့် အဖွားရဲ့ အမိန့်... ငါ နင့်အပေါ် ပေါ့ပေါ့လျော့လျော့ ဆက်ဆံလို့ အခုလိုတွေ ဖြစ်ရတာ..."

"ဦးလေး ဘယ်တုန်းကများ အဖွားစကား နားထောင်လို့လဲ..." Shinah က ပြန်ပက်တော့

"ဟုတ်တယ်.. နားမထောင်လို့ အခုလို ဖြစ်တာ..."

သူမ ဘာမှ ပြန်မပြောတော့ဘူး။ (ရတယ် sumchon... ဒီကလည်း စိတ်ကောက်ပြမယ်... ကြည့်နေ!) မျက်နှာကို ပြတင်းပေါက်ဘက်ပဲ လှည့်ထားလိုက်တော့တယ်။

Who Are You, Mr. Chef? (Hiatus)Where stories live. Discover now