Part (6) - In Your Room

80 10 2
                                    

အိမ်မှာပဲ နေရတာ တစ်ပတ်နီးပါး ဖြစ်လာတဲ့ အခါမှာ Han Shinah တစ်ယောက် အခန်းတွင်းအောင်းခြင်း အလုပ်ကို စွန့်ခွာခဲ့ပြီ။ အခုဆို သူမကို အိမ်ရဲ့ နေရာတိုင်းမှာ တွေ့ရနိုင်တယ်။

ဧည့်ခန်းထဲမှာ၊ တီဗီရှေ့မှာ၊ ထမင်းစား စားပွဲမှာ၊ အပေါ်ထပ်က ဝရံတာမှာ၊ သစ်ခွ ခြံထဲက ဒန်းလေးပေါ်မှာ၊ နှင်းဆီခြံထဲက ရေပန်း ရေကန်လေး ဘောင်ပေါ်မှာ ဒါမှမဟုတ်ရင် ရေကန်ရှေ့က သစ်သားခုံတန်းရှည်လေး ပေါ်မှာ laptop တစ်လုံးနဲ့ စာထိုင်ရေးနေတတ်တယ်။

Cha Eunwoo နေ့လည်ဘက် ရေကန်ထဲက ရေညှိရှင်းဖို့ ထွက်လာတော့ သစ်သားခုံတန်းရှည်ပေါ်မှာ laptop ဘေးချပြီး ထိုင်နေတဲ့ Shinah ကိုတွေ့ရတယ်။

သူ တစ်ချက် ကြည့်လိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်ဖို့ ရှေ့ဆက်သွားလိုက်တယ်။ သူရေညှိတွေ ဆည်နေတုန်း သူမက မလှုပ်မယှက် သူ့ဘက် မျက်နှာပေးပြီး ဆက်ထိုင်နေတယ်။

Eunwoo လည်း စကားပြောနေရမှာ စိုးတာနဲ့ သူမဘက်ကို မကြည့်ဘူး။ ဒါပေမယ့် အတန်ငယ် ကြာလာတော့

(ဒီတစ်ယောက် ဘာလို့ ငါ့ကိုပဲ ကြည့်နေရတာလဲ?!) တွေးရင်း မနေတတ် မထိုင်တတ်ဖြစ်လာခါ သူမဘက် လှည့်ကြည့်တော့ ဟိုက အိပ်လို့ ကောင်းနေတာ။

နေ့လည်စာ စားအပြီး စာရေးဖို့ ထွက်လာရင်း ရေကန်နားက လေလေး အေးအေးနဲ့ ငိုက်နေတာလေ။ သူမ ငိုက်တာကလည်း အထှာကျကျ လက်ကိုပိုက်ထား လို့ရယ်။

ဒါနဲ့ သူလည်း စိတ်ဖြောင့်ဖြောင့်နဲ့ သူ့အလုပ်ပဲ သူ ဆက်လုပ်နေလိုက်တယ်။ နာရီဝက်လောက်နေ သူ့အလုပ်ပြီးသွားတော့ သူပြန်တက်လာတယ်။ သူမကတော့ နေရာတင် အိပ်ကောင်းတုန်း။

သူ ဒီအတိုင်းထားခဲ့ပြီး ထွက်သွားမယ် လုပ်ပြီးမှ

(aishh အအေးပတ်သွားမှ ငါ ဆန်ပြုတ်ပြုတ်ပေးနေရဦးမယ်) တွေးမိပြီး သူမဆီ သူ လျှောက်သွားလိုက်တယ်။

"ဒီမှာ..." နိုးလာမလားလို့ Eunwoo ခေါ်ကြည့်တယ်။ "Han Shinah-shi..."

ဟိုက လှုပ်တောင်မလှုပ်ဘူး။ ဒါနဲ့ သူမရဲ့ ပုခုံးကို သူ လှမ်းတို့လိုက်တယ်။

"Han Shinah-shi"

သူမ နိုးလာတယ်။ မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်တော့ ခုံတန်းရဲ့ ဘေးမှာ ရပ်ပြီး သူမကို အုပ်မိုး ကြည့်နေတဲ့သူ့ကိုတွေ့ရတယ်။

You've reached the end of published parts.

⏰ Last updated: Dec 05, 2018 ⏰

Add this story to your Library to get notified about new parts!

Who Are You, Mr. Chef? (Hiatus)Where stories live. Discover now