"ဘာလဲ oppa?!" Shinah လှမ်းမေးလိုက်တယ်။
"သတင်းကောင်း ပြောစရာ ရှိလို့..." Minhyun မျက်နှာဟာ ခုနက သူမကို စိတ်ဆိုးနေတုန်းကနဲ့ တခြားစီပဲ။ အခု ဖြီးလို့ရယ်။
"ဟင်? ဟုတ်လား?"
"အင်း..." ဆို Shinah ရဲ့ ပုခုံးကို လှမ်းကိုင်လိုက်ပြီး သူမ နားနားကို ကပ်လို့ ဘယ်သူမှ မကြားအောင် တိုးတိုး ပြောလိုက်တယ်။
"Oppa နဲ့ Seongwu တို့ အဆင်ပြေသွားပြီ..."
"omo!! တကယ်လား?!" သူမ ဝမ်းသာလွန်းလို့ ထခုန်မိတယ်။ သူမဟာ သူတို့နှစ်ယောက်ကို အမြန်ဆုံး အဆင်ပြေသွား စေချင်နေခဲ့သူပါ။
Minhyun ခေါင်းညိမ့်ပြလိုက်တယ်။ သူ့ မျက်နှာပေါ်က အပြုံးတစ်စုံဟာ နေရောင်လရောင်ကြယ်ရောင်တွေထက် ဝင်းပလို့နေတယ်။
"ဘယ်သူမှ လျှောက်မပြောနဲ့ဦး..."
"အင်းပါ... chukhahaeyo oppa!!"
"ဟားဟား!! ကဲ သွားသွား... ပြန်တော့..."
"naeee~ oppa ကို နောက်မှပဲ အကြောင်းစုံ မေးတော့မယ်... ပြောပြရမယ်နော်..."
"အင်းပါ... သွားတော့!!"
သူမ ပြုံးပျော်ပြီး ထွက်လာခဲ့တယ်။ (Yesss!!) စိတ်ထဲမှာတော့ လက်သီးလက်မောင်းတန်းရင်း။
~~~
သူမ ထိုနေ့ညက Minhyun နဲ့ Seongwu တို့အကြောင်း တွေးရင်း အိပ်သွားတာ အိမ်မက်ထဲထိ စိတ်စွဲပြီး သူတို့နှစ်ယောက်အတွက် သူမက အငှား ကိုယ်ဝန်ဆောင် ပေးရတယ်ဆို သွားမက်နေသေးတယ်။ နိုးလာတော့မှ ကိုယ့်ဘာကိုယ် ထိုင်ရယ် နေရတယ်။
~~~
မနက် အလုပ်ရောက်တော့ လူတော်တော်များများ ရောက်ယက်ခတ်နေတာ မြင်ရတယ်။ ပုံမှန်ဆို တိတ်ဆိတ်နေတဲ့ သူမတို့ BG News မှာ ဒီနေ့တော့ ဖုန်းတွေ တဂွမ်ဂွမ်မြည်နေတယ်။
(တစ်ခုခုများ သတင်းထူးနေလား မသိဘူး!!) သူမ ရောက်လာတာ ဘယ်သူမှ သတိထားမိပုံ မပေါ်ဘူး။ သူမ စီနီယာ မမ က စားပွဲမှာ မရှိဘူး။ ဒါပေမယ့် သူမ laptop မှာ သတင်းတစ်ပုဒ် ပွင့်နေတာ မြင်တော့ Shinah သွားကြည့်ကြည့်လိုက်တယ်။
=== Wanna One အဖွဲ့ဝင် Hwang Minhyun ချစ်သူရနေပြီလား? ===
"ဟယ်... Seongwu oppa နဲ့ အကြောင်း သိကုန်ပြီလား?!!" သူမ အံ့သြသွားတယ်။
YOU ARE READING
Who Are You, Mr. Chef? (Hiatus)
Hayran KurguCharacters: Han Shinah (OC) Cha Eunwoo/Lee Dongmin (Astro) Hwang Minhyun (Wanna One / Nu'est) Ong Seongwu (Wanna One) - - သွက်လက်ဖျတ်လတ်တဲ့ Reporter ပေါက်စအသွင်နဲ့ နေထိုင်နေတဲ့ 3rd generation chaebol ဖြစ်တဲ့ Han Shinah ဆိုတဲ့ မိန်းခလေးဟာ တကယ်တမ်းကျ...