Part (5) - Tteokbokki

58 11 2
                                    

"Eunwoo yaa~ ဒါက Halmeoni ရဲ့ တစ်ဦးတည်းသော မြေးမလေး Shinah ပဲ..."

Shinah အဖွားက လှမ်းပြောတော့ Eunwoo ဟာ အစားအစာပန်းကန်ကို ပြန်ချပြီး စားပွဲတစ်ဖက်မှာ ထိုင်နေတဲ့ မိန်းကလေးကို လှမ်းကြည့်လိုက်တယ်။

(ဟင်?! ဟို တစ်ယောက်!!)

Eunwoo အံ့သြသွားတဲ့ မျက်လုံးတွေနဲ့ သူမကို ပြူးကြောင်ကြောင် ဆက်ကြည့်နေမိတယ်။

သူမကလည်း အောင်နိုင်သူအပြုံးနဲ့ သူ့ကို ပြန်ကြည့်နေတယ်။

"nae~" သုံးစက္ကန့်လောက်ကြာပြီးမှ Eunwoo ပါးစပ်က ထွက်လာတာ။ နောက် halmeoni ရဲ့ မြေးဆိုတော့ ဂါရဝ ပြုတဲ့ အနေနဲ့ သူမကို ခေါင်းလေး အနည်းငယ် ငုံ့ပြီး bow လုပ်လိုက်တယ်။

သူမအနားလာပြီး အစားအစာ ထည့်ပေးတော့ သူမက စပ်ဖြဲဖြဲနဲ့ သူ့ကို မော့ကြည့်ရင်း

"Annyeong!" လို့ ပြောပြန်တယ်။

သူကတော့ သူမရဲ့ စပ်ဖြဲဖြဲ မျက်နှာကို မကြည့်မိအောင် သူမ ပန်းကန်ထဲ ထည့်ပေးနေတဲ့ အစားအစာကိုပဲ စိုက်ကြည့်နေရင်း တုန့်ပြန်တဲ့ အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

"စားကောင်းမယ့် ပုံပဲနော်..." သူမက ဆက်ပြောလာတော့

"nae~ သုံးဆောင်ပါ..." သူက ပြန်ပြောတယ်။

နောက် သူမ အဖွားနဲ့ ဦးလေးကို ဦးညွှန့် နှုတ်ဆက်ပြီး သူယူလာတဲ့ အစားအစာ တွန်းလှည်းကို တွန်းခါ ပြန်ထွက်သွားတော့တယ်။

~~~

နောက်နေ့ မနက်မှာ Shinah ဦးလေးက Shinah ကို အိမ်က ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးတယ်။ နောက်ဆုံး မီးဖိုချောင်က ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးဖို့ ရောက်လာတော့ မီးဖိုချောင် ဝန်ထမ်းတွေကို meeting လုပ်နေတဲ့ Cha Eunwoo ကို သူမ တွေ့ရတယ်။

ဒီနေ့ သူမ အဖွားရဲ့ မိတ်ဆွေတွေထဲက အနုပညာရှင်ဟောင်းတစ်ယောက်နဲ့ မိသားစု လာလည်မှာမို့ ဟင်းလျာစီစဉ်ဖို့အတွက် special meeting လုပ်နေတာ။ သူကတော့ ကျောပေးထားလို့ သူမတို့ လာတာ မမြင်ဘူး။

"Eunwoo yaa~ အလုပ်ရှုပ်နေလား?" သူမ ဦးလေးက လှမ်းမေးလိုက်တယ်။

"ahh samchon..." သူ ဒီဘက် လှည့်လာပြီး သူမ ဦးလေးကို ဦးညွှန်လိုက်တယ်။ "ရပါတယ်... အလုပ်မရှုပ်ပါဘူး..."

Who Are You, Mr. Chef? (Hiatus)Where stories live. Discover now