👑 14. 👑

5.5K 491 93
                                    

" ဘယ်​မှာလဲ...... "

" အခန်းထဲမှာစစ်​​မေး​နေပါတယ်​....
အိမ်​​ရှေ့စံ "

" ​နောက်​ကွယ်​ကကြိုးကိုင်​သူကို
ရ​အောင်​​ဖော်​ထုတ်​ပါ..... "

မှန်​ခန်းတစ်​ဖက်​ခြမ်းက​နေ စစ်​​မေးသည်​ကို
ကြည့်​​နေမိသည်​......
အတွင်းလူကိုသိရလျှင်​လုံးဝခွင့်​မလွှတ်​နိုင်​ဟု
တွေးထားသည်​.....

ဟွန်းကိုထိခိုက်​ရန်​ရည်​ရွယ်​သည့်
ထိုလုပ်​ကြံမှုကိုစံနမူနာအဖြစ်
ထိထိ​ရောက်​​ရောက်​အ​ရေးယူရမည်​ဖြစ်​သည်​.....

အချိန်​အတန်​ကြာသည်​အထိ
စေခိုင်းသူကို ထုတ်​​ဖော်​မ​ပြောသည်​​ကြောင့်
ဒေါသပိုဖြစ်​ခဲ့ရသည်​.......

ထိုကိစ္စကို​ဖော်​ထုတ်​ဖို့အတွက်
အ​တော်​အတန်​ကို​ခေါင်းစားရမည်​ဖြစ်​သည်​......

စိတ်​ရှုပ်​စွာဖြင့်​သာနန်း​ဆောင်​ဆီသို့
ပြန်​လာခဲ့လိုက်​သည်​.......

အခန်းထဲ​ရောက်​သည်​နှင့်​ ​တွေ့ရပါပြီ.....
သူ့ရဲ့အ​မော​ပြေ​လေး...
သူမသွားခင်​အထိစာကျက်​​နေသူ​လေးသည်
စာအုပ်​ပုံအား​ခေါင်းအုံးကာ
အိပ်​​မောကျ​နေပြီဖြစ်​သည်​......

တကယ့်​ကိုငဆိုး​လေး.....
အသည်းယားစွာ နှာ​ခေါင်းကို
ဖျစ်​ညစ်​မိ​တော့ တအင်းအင်းအသံထွက်​လာသူ​လေး....
နိုးသွားလျှင်​ အရစ်​ခံရမည်​ကို​တွေးမိကာ
ပွေ့ချီ၍အိပ်​ရာ​ပေါ်သို့ အသာချ​ပေးလိုက်​သည်​....

အ​ရှေ့မှဆံပင်​​လေးကိုချည်​ထား​သော
ကြက်​​တောင်​စည်း​လေးကို​​ဖြေချကာ
ခေါင်းကိုခပ်​ဖွဖွပုတ်​​ပေးမိသည်​.......

မပွင့်​တပွင့်​ဖြစ်​​နေ​သောနှုတ်​ခမ်း​လေးကို
ခပ်​ဖွဖွခိုးနမ်းရသည်​......
နူးညံ့မှု​ကြောင့်​ မလွှတ်​​ပေးချင်​​သော်​လည်း
ခိုးနမ်းသည်​ကိုသိသွားလျှင်​ အ​ဆော်​ခံရကာ
ကုတင်​​ပေါ်မှကန်​ချခံရမည့်​အ​တွေးကို
ကြိုမြင်​မိ၍ လက်​စသတ်​ရသည်​.......

သိသွားလျှင်​​နောင်​တအကြီးအကျယ်​ရမည့်​သူမှာ
သူကိုယ်​တိုင်​ပင်​ဖြစ်​ရမှာမို့ဖြစ်​သည်​......

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now