👑 16. 👑

5.1K 484 33
                                    

" ဟွန်း......ဟွန်းလို့ "

" ဘာလဲ!!! "

စိတ်​​ကောက်​​နေ​သောအချစ်​က​လေးပါ.....
ဘာလို့လဲသိချင်​ကြပြန်​ပြီမလား.....
ကဲ....ဒီက​ကော်​ရီးက​ပြောပြရမှာ​ပေါ့​လေ.....

အိမ်း......ပြဿနာရဲ့အစက​တော့
ဘတ်​ခ်​ဟျွန်း ပဲ......Concert လုပ်​သတဲ့.....
အကြီးစားfan​လေးသည်​ထိုပွဲကိုသွားချင်​ပါသည်​တဲ့....
ဖြစ်​ချင်​​တော့ ထိုရက်​နှင့်​​မြောက်​ပိုင်းဘက်​မှ
အကြီးအကဲများနှင့်​​ပေါင်းစည်း​ရေး
အစည်းအ​ဝေးရှိသည့်​ရက်​နှင့်​တိုက်​​နေခြင်းပင်​.....

သူ့ဘတ်​ဘတ်​​လေးရဲ့ပွဲကိုမသွားရလို့တဲ့
ကျွန်​​တော်​ဆိုတဲ့သူ့​​ယောက်ျားကို
စကားမ​ပြောတာတစ်​ရက်​ရှိသွားပါပြီ​နော်​......

စကားလည်းမ​ပြော.....
အနားလည်းအကပ်​မခံ......
အိပ်​သည့်​အချိန်​​တောင်​ရင်​ခွင်​ထဲ
ဝင်​မလာ​တော့​ပေ.....
ပူးဝါး ချန်း​ယောလ်​လီ​လေးပါ......

" ကိုယ်​အဲ့ရက်​မှာတကယ်​မအားလို့ပါ ဟွန်းရယ်​.....
အစည်းအ​ဝေးက တကယ်​အ​ရေးကြီးလို့ပါ.... "

" ဟွန်း.....ကိုယ့်​ဘာသာကိုယ်​သွားမယ်​​လေ....
ကိုကိုလိုက်​မပို့လည်းရတာပဲ..... "

နှုတ်​ခမ်း​လေးတစ်​ချွန်​ချွန်​နဲ့​ပြော​နေပုံ​လေးသည်
အသည်းယားစရာ​တော်​​တော်​​ကောင်းသည်​......

" မရပါဘူး.....ကိုကိုစိတ်​မချဘူး "

" ဟာ......ကိုကိုကလည်း......ဟွန်းက
သွားချင်​​နေပါတယ်​ဆို......ဟွန်းကို
မချစ်​ဘူးလား "

မျက်​​တောင်​​လေးပုတ်​ခတ်​ပုတ်​ခတ်​နှင့်
ပြော​နေပုံ​လေးမှာအရည်​​တွေ​ပျော်​​နေပါပြီ​နော်​.....

" ကို.....ကို.....​နော်​......​နော်​လို့.....
ဟွန်းသွားချင်​လို့ပါ​နော်​.....ကိုကို..... "

ချစ်​စရာ​ကောင်းလွန်းသူ​လေး​ကြောင့်
နောက်​ဆုံး​တော့ခွင့်​ပြုလိုက်​ရပါပြီ......

" ရီရှင်းကို​ခေါ်သွားရမှာ​နော်​....
ပြီး​တော့တစ်​​ယောက်​တည်းလစ်​​ပြေးဖို့
မစဉ်းစားနဲ့......ပြီးတာနဲ့ နန်းတွင်းကိုပဲ
တန်းတန်းမတ်​မတ်​ပြန်​လာရမယ်​..... "

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now