👑 25. 👑 Final

7K 481 40
                                    

" ဟွန်း.......ကိုယ်​စိတ်​ချမယ်​​နော်​.......
မတည့်​တာ​တွေလည်းမစားနဲ့.......
အရမ်းလည်း​ဆော့မ​နေနဲ့ဦး​နော်​...... "

ကိုကိုတစ်​​ယောက်​အစည်းအ​ဝေးတစ်​ခု​ကြောင့်
New York သို့ နှစ်​ပတ်​ခန့်​သွားရမည်
ဖြစ်​ရာ ဆယ်​ဟွန်းကိုမားမားတို့အိမ်​တွင်
နေရန်​လာပို့​ပေးခြင်းဖြစ်​သည်​.........

အစ်​ကိုရီရှင်းကိုလည်းနားရက်​​ပေးထားသည်​မို့
တစ်​​ယောက်​တည်း​ရောက်​​နေခြင်းဖြစ်​သည်​......

၈လ​ကျော်​​နေပြီဖြစ်​​သောဗိုက်​​ကြောင့်
အခုလည်းစိတ်​မချဘူးဆိုကာတဖွဖွ
မှာ​နေပြန်​သည်​........

" သိပါတယ်​ ကိုကိုရယ်​.........
မားမားတို့လည်းရှိ​နေတာပဲကို......ပြီး​တော့
ဟွန်းလည်း​သေချာဂရုစိုက်​ပါမယ်​.......
စိတ်​ချပြီး အလုပ်​​တွေသာမြန်​မြန်​ပြီး​အောင်​လုပ်​ပြီး
ပြန်​လာခဲ့........လွမ်း​နေရ​တော့မှာပဲ...... "

တဖွဖွမှာ​နေ​သောကိုကို့ကို
ချွဲရင်းပြန်​​ပြောလိုက်​သည်​......

လွယ်​​တော့မလွယ်​ဘူး......
ချွဲတတ်​ရတာ​ပေါ့..........

" ​မားမား.......အဲ့တာဆိုသားစိတ်​ချမယ်​​နော်​......
ခရီးကအရမ်းအ​ရေးကြီးလွန်းလို့သာ......
မားမားသားကအရမ်း​ဆော့တတ်​လို့ သားက
လုံးဝစိတ်​မချဘူး........ "

" စိတ်​ချပါသားရယ်​.......မားမား ​သေချာ
ဂရုစိုက်​လိုက်​ပါ့မယ်​........ "

ပါးကိုခပ်​ဖွဖွနမ်းလျက်​ရင်​ခွင်​ထဲ
ဆွဲဖက်​ထားပြန်​သည်​........

" ကိုယ်​က​တော့ ကိုယ့်​​ယောက်ျားဗိုက်​ပူ​လေးနဲ့
အထဲက သား​လေးကိုလွမ်း​နေ​တော့မှာပဲ...... "

" အားတာနဲ့ ဟွန်းဆီကိုဖုန်းဆက်​​နော်​.......
ဟွန်းမရှိဘူးဆိုပြီး​ကောင်​မ​လေး​တွေနဲ့
အရမ်းကြီးကပ်​မ​နေနဲ့​နော်​........ "

ရင်​ခွင်​ထဲငုံ့ကာကြည့်​မိ​တော့
နှုတ်​ခမ်း​လေးဆူကာ​ပြော​နေပုံ​လေးသည်
ချစ်​စရာ​ကောင်းလွန်းသည်​.........

" အင်းပါ......ကိုယ်​မှာ ချစ်​စရာဆိုလို့
ဒီ​ယောက်ျား​လေးပဲရှိတာကို ဘာကိစ္စနဲ့
ကောင်​မ​လေး​တွေနားကပ်​ရမှာလဲ.....
စိတ်​ချ......ဟွန်းကလွဲပြီး
ဘယ်​​ကောင်​မ​လေးနားမှမကပ်​ဘူး..... "

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now