သတင်းစာရှင်းလင်းပွဲမှာ အသားယူသွားသော
မင်းသားရူးအား အိုဆယ်ဟွန်းလေး
စကားမပြောသည်မှာ တစ်ပတ်ရှိပါပြီနော်....အသားလွတ်နမ်းသွားတာ အသိသာကြီး.....
နမ်းတော့လည်းသူများရဲ့ first kissလေး....
ဂါး....တွေးရင်းနဲ့ဒေါသထွက်လာပြန်ပြီ.....တစ်ပတ်လုံးလည်းသင်လိုက်ရတဲ့စည်းကမ်းတွေ....
ဘယ်လိုနေရမယ်.....
စကားကို ဘယ်လိုပြောရမယ်....
ထမင်းကိုဘယ်လိုစားရမယ်.....
အ၀တ်အစားကိုဘယ်လိုဝတ်ရမယ်....
ယုတ်ဆွအဆုံး နှာချေရင်တောင်
ဘယ်လိုချေရမယ်တွေသင်နေရပါတယ်နော်....အိုဆယ်ဟွန်းလေးမတရားတွေ
စိတ်ညစ်နေရပါပြီနော်....
ယောက်ျားတစ်ယောက်ယူဖို့အရေး
တော်တော်သောက်လုပ်ရှုပ်တဲ့ နန်းတွင်းအရေးပါ....မိမိအား မင်းသားရူးမှအသစ်ဝယ်ပေးထားသော
အိုင်ဖုန်းတစ်ဆယ်လေးကိုလည်း
စာလေ့လာရာတွင်အနှောင့်အယှက်ဖြစ်မည်ဆိုကာ
သိမ်းထားပါတယ်နော်......မိုးလင်းရင် မျက်လုံးနှစ်လုံးဖွင့်.....
တစ်နေ့လုံးစာတွေသင်.....
ညကျရင်ခေါင်းအုံးနှင့်ခေါင်း
ထိလိုက်သည်နှင့်အိပ်ပျော်.....
သံပတ်လည်နေတဲ့ဘ၀ကြီးနဲ့ မိမိ....ဂျုံဒယ်လေးကိုမတွေ့ရတာကြာတော့လည်းလွမ်း....
ပြောတာကိုချက်ချင်းလုပ်ပေးတတ်တဲ့
ပါးပါးကိုလည်းလွမ်း......
အမြဲဆူပြီး တစ်ခုခုဆိုယောင်းမနဲ့ခေါက်တတ်တဲ့
မားမားကိုလည်းလွမ်း.....
ရန်ဖြစ်နေကျ အငယ်ကောင်မင်ဟွန်းကိုလည်းလွမ်း....
အလွမ်းဆုံးကတော့ ငါ့ဘတ်ဘတ်လေးပဲ....
အူးဝါး.....အလွမ်းပြေဓာတ်ပုံလေးတောင်
ဖုန်းသိမ်းထားလို့မကြည့်ရတဲ့ဘ၀......
နန်းတော်ကြီးကို မဟားတရား
စိတ်ပျက်နေပါပြီနော်......အခုလည်းညစာစားချိန်နီးကပ်လာ၍
ဟိုမင်းသားရူးနှင့်ထမင်းအတူစားဖို့
ထိုင်စောင့်နေရပါတယ်နော်.......
YOU ARE READING
My Husband Is A Crown Prince [ ChanHun OTP ] Completed
Fanfictionအိမ်ရှေ့စံမင်းသားတစ်ယောက်ရဲ့ကြင်ယာတော်က ယောက်ျားလေးတစ်ယောက်ရယ်လို့ ဘယ်သူတွေးမိမှာတဲ့လဲ..... အဲ့တာကျွန်တော်ဖြစ်နေတယ်ဆိုတာ ပိုလို့တောင်မတွေးမိခဲ့ဘူး..... အဆိုးဆုံးက အဲ့ဒီ့မင်းသားဆိုတာ ဟိုဘ၀င်ရူးကောင်ဖြစ်နေတာပဲ..... အို...