👑 18. 👑

5K 480 107
                                    

" ဘာလဲ!!! "

အမ​လေး......တစ်​ဖက်​မှဖုန်း​ဖြေ​သောအသံ​ကြောင့်
အ​ခြေအ​နေမ​ကောင်းဟုသိလိုက်​သည်​.....
ဟွန်း​တော့​ကောက်​​နေပြီ.....

မ​နေ့ကအစည်းအ​ဝေးအတွက်
ပြင်​ဆင်​​နေရသည်​နှင့်​ ​ခေါင်း​ဆောင်​ပိုင်းအချို့နှင့်
စကား​ပြော​နေခြင်း​ကြောင့်​ ဖုန်းမဆက်​ဖြစ်​သည်​ကို
စိတ်​​ကောက်​​နေခြင်းဖြစ်​သည်​.....

" ဟွန်းကလည်းကွာ.....ကိုယ်​မ​နေ့က
တကယ်​ကိုမအားလို့ပါ "

" အဲ့တာဆို Msg ပို့​လေ နားကားကြီးရဲ့.....
ဒါမျိုးကျဥာဏ်​ကချက်​ချင်းမ​ပြေး​တော့ဘူးလား "

" မဟုတ်​ပါဘူးကွာ....တစ်​​နေ့လုံး ဖုန်းကို
ကိုင်​ချိန်​မရတာပါ.....​တောင်းပန်​ပါတယ်​​နော်​...
စိတ်​မ​ကောက်​နဲ့​တော့.....
ဟွန်းကစိတ်​​ကောက်​​နေ​တော့ ကိုယ်​က
ဒီဘက်​မှာပြန်​လာလို့လည်းမရနဲ့.....
အလုပ်​ထဲစိတ်​မပါ​တော့ဘူးကွာ "

" ပိုပြီ......အခုမ​ကောက်​​တော့ဘူး....
ပြန်​လာမှ​ကောက်​မယ်​....လွမ်း​နေတာ.... "

" အင်း....ကိုယ်​​ရောပဲ....ကိုယ့်​ရဲ့
ယောက်ျားပုကျိ​လေးကိုလွမ်း​နေတာ..... "

" မယုံပါဘူး.... "

" ယုံလိုက်​ပါကွာ...ခုအိပ်​ရာနိုး​နေပြီလား "

" နိုး​နေတာကြာ​ပေါ့....ခဏ​နေ​ကျောင်း​တောင်
သွား​တော့မယ်​..... "

" မနက်​စာ​ရောစားပြီးပြီလား "

" မစားချင်​ဘူး.....အရင်​လိုထမင်းခွံ့​ကျွေးမယ့်
ကိုကိုမရှိ​တော့ ဟွန်းထမင်းစားလို့
မ​ကောင်းဘူး....အလုပ်​မြန်​မြန်​ပြီး​အောင်
လုပ်​ပြီး ပြန်​လာ​တော့....လွမ်း​နေပြီ "

" အင်း.....ကိုယ်​ပြီးတာနဲ့အမြန်​ပြန်​လာခဲ့မယ်​...
ည​နေဘတ်​ခ်​ဟျွန်းပွဲသွားရင်​ ဂရုစိုက်​​နော်​....
ပြီး​တော့...အဲ့ဂျပုနဲ့လည်း အရမ်းကပ်​မ​နေနဲ့ဦး.... "

ဘေးနားကရီဖန်​က​တော့ ပိုရန်​​ကောဆိုပြီး
မကြည်​ကြည့်​နဲ့ ကြည့်​​နေ​လေရဲ့.....
မတတ်​နိုင်​....ကိုယ့်​​ယောက်ျားအ​ကြောင်း
ကိုယ်​ပဲသိတယ်​....ဘတ်​ခ်​ဟျွန်းဆိုမတရား​တွေ
မနာလို​အောင်​သဲသဲလှုပ်​​နေတာရယ်​....

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now