👑 17. 👑

4.9K 466 54
                                    

ချန်း​ယောလ်​တစ်​​ယောက်​ စူပုပ်​ပုပ်​နှင့်
စိတ်​​ကောက်​​နေပြန်​​သော ဟွန်းကို
ချော့​နေရသည်​.......

အ​ကြောင်းရင်းကား အ​ရေးကြီး​သော
တောင်​​မြောက်​​ပေါင်းစည်း​ရေး
အစည်းအ​ဝေး​ကြောင့်​ ​မြောက်​ပိုင်းသို့
သုံးရက်​ခန့်​ခရီးထွက်​ရမှာမို့ဖြစ်​သည်​.....

" ဟွန်းကလည်း......ကိုကိုက
မသွားမဖြစ်​လို့ပါကွာ....​နော်​......
စိတ်​မ​ကောက်​နဲ့​တော့..... "

" ဘယ်​သူကစိတ်​​ကောက်​​နေလို့လဲ.....
မ​ကောက်​ပါဘူး "

မ​ကောက်​ဘူးတဲ့....နှုတ်​ခမ်းက ချွန်​ထွက်​​နေတာ
ဂျပန်​​ရောက်​​တော့မယ်​.....

" ဟွန်းကလည်းကွာ......ကိုကိုခရီးထွက်​ရမှာကို
စိတ်​မ​ကောင်းဖြစ်​​အောင်​....... "

" ကိုကို​နော်​!!! ဘာလဲ......ဟွန်းကို
စိတ်​မရှည်​တာလား......ဟွန်းက ကိုကိုနဲ့
သုံးရက်​​တောင်​ခွဲရမှာမို့လို့ စိတ်​မ​ကောင်းဖြစ်​​နေတာ....
ခုမဖြစ်​​တော့ဘူးဟာ.....သွား.....သွား.....
နေ​ပျော်​သ​လောက်​ကို​နေခဲ့ "

" အာ.....ဟွန်းကလည်း ကိုကိုက
စိတ်​မရှည်​တာမဟုတ်​ပါဘူးကွာ.....
ကိုကိုလည်းစိတ်​မ​ကောင်းဖြစ်​တာပဲ.....
ဟွန်းကိုလွမ်း​နေရ​တော့မှာပဲ....... "

ပြော​နေရင်းပင်​ ရင်​ခွင်​ထဲထည့်​ဖက်​မိ​တော့
အလိုက်​သင့်​ခါးကိုပြန်​ဖက်​လာသူ​လေး......
ကိုယ်​​တော့ချစ်​လွန်းလို့ခက်​ရချည်​ရဲ့ကွာ.....

" မနက်​ဖြန်​ ဘတ်​ခ်​ဟျွန်းဆီသွားရင်​ဂရုစိုက်​​နော်​....
ကိုကိုမပါ​တော့ ဟွန်းကိုစိတ်​မချဘူး......
ဟွန်းကသွားချင်​တယ်​ဆိုလို့သာ ကိုကိုကခွင့်​ပြုရမှာ... "

" စိတ်​ချပါ ကိုကိုရယ်​......ဟွန်းဂရုစိုက်​ပါ့မယ်​....
ကိုကိုလည်းဂရုစိုက်​​နော်​.....ချစ်​တယ်​..... "

ရင်​ခွင်​ထဲမှဟွန်းရဲ့ ချစ်​တယ်​ဆို​သောစကား​ကြောင့်
လူမှာပြုံးဖြီးဖြီးကိုဖြစ်​လို့.....ဟွန်းများမြင်​ရင်
မျက်​နှာရူးပြန်​ပြီဆိုပြီး​ပြောဦးမယ်​.....
မတတ်​နိုင်​ဘူး​လေ....ဒီကလူကလည်း
ဟွန်းကတစ်​ခုခု​ပြောလိုက်​တာနဲ့ကို အူ​တွေ
အသည်း​တွေယားပြီး ​ကျေနပ်​​နေရတာ......

My Husband Is A Crown Prince [ ChanHun OTP ] Completed Where stories live. Discover now