*1*

260 20 5
                                    

I recommend any songs for this fic>>>>>>

(WannaOne>>>>>>Spring Breeze and I Promise You
EXO>>>>>>Into your world)

Be happy!💙❤🌸🌸🌸🌸
-------------------------------------------------------

မသေဆုံးနိုင်သေးတဲ့ သစ်ပင်တွေ ဒီမြေကြီးပေါ်မှာ အများကြီးရှိသေးတယ် ဒါပေမယ့်......

"အား.....!!!!! "

လူနှစ်ယောက်ရဲ့ အော်ဟစ်ငြီးတွားသံတွေကြောင့် သစ်ကိုင်းတွေပေါ် ဟိုလျှောက်ဒီလျှောက်ခုန်ပေါက်နေကြသည့် ငှက်တွေတောင် လန့်ဖြန့်ပြီး ပျံပြေးကုန်ကျတယ်...

"ငါ့ခေါင်းပေါ် ဥက္ကာခဲပြုတ်ကျလာတာတော့ မဟုတ်ပါဘူးနော်"

"ဟီး ဟီး ခင်ဗျားပေါ်ပြုတ်ကျလာတာ ကျွန်တော်ပါ ဥက္ကာခဲမဟုတ်ပါဘူး"

သူ့ရှေ့တည့်တည့်မှာ cameraကိုအကျႌစနဲ့ အသည်းအသန်ပွတ်နေသည့် ကောင်လေးက ချစ်စဖွယ်အမူအယာလေးနဲ့ ဆိုရှာတယ်

"မင်း မင်းက ဘယ်သူလဲ? ဘာလို့ သစ်ပင်ပေါ်က ပြုတ်ကျလာတာလဲ? ဟွီး ငါစဉ်းစားနေတာတွေတောင် ဘယ်ရောက်ကုန်ပြီလဲမသိဘူး  စိတ်ရှုပ်စရာကောင်းလိုက်တာ"

"ဒီမှာ ကျွန်တော်က ခင်ဗျားထက် ဒီနေရာကိုအရင်ရောက်ပြီး ဒီသစ်ပင်ပေါ်အရင်တက်နေတာပါနော် နောက်ပြီး သူ့ဘာသူရှိနေတဲ့ သစ်ပင်တွေကို သေလားရှင်လားလိုက်ခွဲပြီး ကြောင်တောင်တောင်တွေလျှောက်တွေးနေတဲ့ ခင်ဗျားကမှ ပိုပြီးစိတ်ရှုပ်ဖို့ကောင်းတာ မှန်ချောင်ရဲ့ ဟွန်း"

"မင်း မင်း ashiiii ဒေါသထွက်လိုက်တာ "

ဒေါသထွက်ထွက်နဲ့ နှာခေါင်းပေါ်လျှောကျနေသည့် မျက်မှန်ကို ဆွဲတင်ရင်း အရှေ့ကကောင်လေးကို မှတ်လောက်သားလောက်အောင် ဆုံးမမည်ဟုတွေးလိုက်တယ်

"မင်းငါ့ရဲ့အတွေးအခေါ်တွေကို ဘာမှစော်ကားစရာမလိုဘူး"

"ထားပါတော့ ကျွန်တော် ခင်ဗျားနဲ့ စကားပြိုင်မလုချင်ဘူး smile"

*ချလပ်*

Cameraဆီကနေ အသံတစ်သံထွက်လာပြီးနောက် ပုံလေးတစ်ပုံပါ လျှောကနဲထွက်လာတယ်

"အင့် လက်ဆောင်။မျက်မှန်အောက်က မျက်လုံးတွေက လှရက်သားနဲ့ ဒေါသထွက်တဲ့အကြည့်တွေနဲ့မကြည့်နဲ့ ကြောင်ဆိုးကြီးနဲ့တူတယ်"

SPRING BREEZEWhere stories live. Discover now