*6*

133 18 7
                                    

Daehwiပြောနေကျနေရာကို လာခဲ့ပေမယ့် Bae Jinyoungနှင့်တူသည့်လူဆို၍ အရိပ်တောင်မမြင်ရ... Daehwiမှာလိုက်သည့် နေရာမှာတော့ ခွေးပေါက်စတစ်ကောင်နှင့် ဆော့နေသည့် ပုလုံးလုံးကောင်လေးတစ်ယောက်ကိုသာ မြင်တယ်

"ဒီမှာ..."

"ဟုတ်... ဘာကိစ္စရှိလို့လဲ ခင်ဗျ"

"အရင် ဒီမှာထိုင်နေကျ လူကိုများတွေ့မိသလားလို့ပါ"

"arrr Jinyoung!ကျွန်တော်က သူ့သူငယ်ချင်း Park Jihoonပါ။ Jinyoungက လာတော့မှာပါ ဘာကိစ္စများရှိလို့လဲ မသိဘူးနော် အဒေါ်"

"Jinyoungက လာတော့မှာလား? "

"လာတော့မှာပါ ခုနကတောင် ထွက်လာပြီလို့ ပြောတယ် အရေးကြီးကိစ္စရှိရင် ကျွန်တော့်ကို မှာခဲ့လို့ရပါတယ်"

"..."

"ဟိုမှာ Jinyoungလာပြီ..."

သူ့စကားတောင်မဆုံးသေးဘဲ ရေးကြီးသုတ်ပျာနှင့် Jinyoungဆီ အပြေးသွားသည့် အဒေါ်ကြီးကြောင့် Jihoonတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားတယ်

"ကောင်လေးက Bae Jinyoungပါနော်"

"ကျွန်တော်က Bae Jinyoungပါ အဒေါ်က? "

"အဒေါ်က Daehwiလေးရဲ့ဒေါ်လေးပါ"

"Dae! Daehwiအဒေါ်! "

"အဒေါ်ခဏထိုင်မယ်နော်"

ထိုင်ခုံမှာ ကျကျနနထိုင်နေသည့် Jihoonတစ်ယောက် Maxကိုကောက်ချီရင်း မတ်တပ်ထရပ်ပြီး Daehwiအဒေါ်ထိုင်ဖို့ နေရာပေးတယ်

ကြောင်တောင်တောင်ပုံစံတွေနှင့် အသီးသီးမတ်တပ်ရပ်နေတာက Jihoonနဲ့Jinyoung...

နှစ်ယောက်စလုံး သူတို့ရှေ့မှအမျိုးသမီးဆီက ဘာပြောမလဲဆိုပြီး သိချင်စိတ်နဲ့ စူးစူးစိုက်စိုက်ကြည့်နေကြတယ်

"အဒေါ် Jinyoungကို ကျေးဇူးလည်းတင်သလို တောင်းလည်းတောင်းပန်ပါတယ်"

ဝမ်းနည်းနေသည့် အရိပ်အယောင်တွေအပြည့်ရှိနေသည့် သူ့ရှေ့က အမျိုးသမီးက ဘာအတွက်ကြောင့် ကျေးဇူးတင်ပြီး တောင်းပန်နေရတာလဲ...? Lee Daehwiကရော ဘယ်မှာလဲ?

"Daehwi Daehwiရော ခုဘယ်မှာလဲဟင်"

သူမေးမည့်မေးခွန်းကို Jihoonက ကြားဖြတ်ဝင်မေးတယ်

SPRING BREEZEWhere stories live. Discover now