"Daehwi ahhhh"
"ဒေါ်လေး ကျွန်တော်ဆက်မကုချင်တော့ဘူး အရမ်းနာတယ်"
"Daehwi ahhh ဒေါ်လေးရိုးတွင်းခြင်ဆီ အစားထိုးပေးမယ့် လူရှာနေတာမလို့ လောလောဆယ်ဒီကုထုံးလေးနဲ့ ခဏလောက် သည်းခံပြီးနေလိုက်ပါ ကလေးရယ်"
"သေမယ့်အတူတူ ဘာလို့ ထပ်ကုနေဦးမှာလဲ နာတယ် ခန္ဓာကိုယ်ကလည်း နာသလို နှလုံးသားကလည်း နာတယ် Daehwiထပ်ပြီး သည်းမခံနိုင်တော့ဘူး"
"ကလေးရယ် မငိုနဲ့တော့နော် ဒေါ်လေး Daehwiလေးဘေးမှာ ရှိတာမလို့ အားမငယ်ပါနဲ့"
Hyung Jinyounggie hyung ဒီရက်ပိုင်း ကျွန်တော် Hyungကို လာမတွေ့နိုင်တဲ့အတွက် စိတ်ကောက်မနေပါနဲ့...
-----------------------------------------------------------------------
ပေါ်လာရင်လည်း ကော်လိုပဲ ခွာလို့မရအောင် ကပ်နေတတ်ပြီး ပျောက်သွားရင်လည်း ရက်အတော်ကြာ သတင်းမရသည်အထိ ပျောက်ပျောက်သွားတတ်သည့် Daehwiက ထူးဆန်းတယ်ဆိုတာထက်ကို ထူးဆန်းနေတယ်"ဟေး ဘာတွေတွေးနေတာလဲ Jinyoung မင်းရှေ့က ငါ့တို့ကို အဖက်လုပ်ပါဦး"
သူ့မျက်စိရှေ့မှ မျောင်လောင်းနှစ်ကောင်ဆီကို မျက်စောင်း ဒိုင်းကနဲထိုးလိုက်တော့ ငတိနှစ်ကောင်က ချက်ချင်းငြိမ်ကျသွားတယ်
"မင်းဦးနှောက်လေးကို အနားပေးဦး။အဲ့လောက်တွေးနေ ကြာရင် မင်းရူးသွားလိမ့်မယ်"
"Woojin ahhh Jihoon ahhhh ငါချစ်မိနေပြီထင်တယ်"
"whattttttttt"
နှစ်ယောက်လုံး အသံကျယ်ကြီးနဲ့ ထအော်ကြတယ်
"ဘယ်သူလဲ လှလား? ဘယ်ကလဲ"
"ဖြည်းဖြည်းမေးလည်းရပါတယ် ငါ့အမေနဲ့အဖေရယ်"
"ငါ့က အဖေနော် Jihoonက အမေ"
"ဘာလို့ ငါက အမေဖြစ်ရမှာလဲ အဖေလုပ်မှာ"
"shittt နားငြီးတယ်"
"မင်းကြောင့် Jinyoungဒေါသထွက်သွားပြီ Jihoon"
"ငါနဲ့ဘာဆိုင်လို့ အဲ့ဒါဒါဒါ"
"မင်းတို့နှစ်ကောင် ကိုက်လို့မပြီးသေးဘူးလား"
"..."
"...ဒါနဲ့ မင်းကောင်မလေးက ဘယ်ကလဲ"
"ငါ့ကောင်မလေးလို့ မပြောပါနဲ့ ငါတို့ကတွဲနေတာ မဟုတ်သေးဘူး နောက်ပြီး ကောင်မလေးလည်း မဟုတ်ဘူး ကောင်လေး"