*4*

95 14 5
                                    

ကျွန်တော့်နာမည်က Lee Daehwi...

အမေဖြစ်သူဆီကနေ ရောဂါတစ်ခုကိုလက်ခံရရှိပြီး အသက်ရှင်လာရတဲ့ကလေးတစ်ယောက်...

သူအလယ်တန်းလောက်မှာ အမေဖြစ်သူက ရောဂါနဲ့ဆုံးသွားရှာတယ် နောက်လအနည်းငယ်အကြာမှာ အဖေဖြစ်သူက ယာဉ်မတော်ဆမှုနဲ့ သူ့ဘေးနားကနေထပ်ထွက်သွားတယ်

ခုလောလောဆယ် အဒေါ်ဖြစ်သူရဲ့အုပ်ထိန်းမှုအောက်မှာရော ဆေးရုံရဲ့အုပ်ထိန်းမှုအောက်မှာရောနေတယ်

Leukaemiaဖြစ်နေတဲ့ ကျွန်တော်က ခေတ်မီတိုးတက်နေသည့် ဆေးပညာတွေရဲ့ကုသမှုကို နာကျင်လွန်းလို့ ရှောင်ပြေးနေခဲ့မိတယ်

ဆေးတွေကိုမုန်းတယ် ဆေးထိုးအပ်တွေ ဆေးရုံအနံ့တွေကိုလည်းမုန်းတယ်...

နောက်ပြီး ဆရာဝန်တွေ nurseတွေ အဒေါ်ဖြစ်သူ သတိမထားမိတဲ့အချိန်ဆို ဆေးရုံကနေအမြဲထွက်ပြေးတတ်ပြီး ပြင်ပလောကထဲ လည်ပတ်မိတယ်

ပထမတော့ အဒေါ်ဖြစ်သူက ဘာမပြောပေမယ့် နောက်ပိုင်း မထိုးမဖြစ်ထိုးရမယ့်ဆေးတွေထိုးရမယ့်အချိန်ဆို ထွက်ထွက်ပြေးတတ်လို့ ဆေးရုံအခန်းကို အထူးကြပ်မတ်စေတယ်

ဒါတောင် ကျွန်တော်က မရမကခိုးခိုးထွက်တတ်သေးတယ်...

တစ်နေ့... နွေဦးဝင်နေတဲ့ အစောပိုင်းကာလရဲ့တစ်နေ့ဆိုတာတော့ ကျွန်တော်မှတ်မိနေတယ်

အဲ့ဒီနေ့က အရမ်းကြည့်ကောင်းတဲ့ လူတစ်ယောက်ကို မတော်တဆတွေ့ဆုံမိခဲ့တယ်... ဒါပေမယ့် အဲ့လူက ရုပ်ချောသလောက်ကြောင်တောင်တောင်နိုင်လွန်းတယ်...

သူနဲ့လိုက်ဖက်တဲ့ မျက်မှန်အဝိုင်းကြီးကို ဟန်ပါပါတပ်လေ့ရှိပြီး ခပ်ထူထူစာအုပ်တစ်အုပ်ကိုလည်း အမြဲဖတ်လေ့ရှိတယ်...

စာရွက်တစ်ရွက်လုံးဖတ်ပြီးလောက်ချိန်ဆိုလည်း နာရီဝက်လောက် စဉ်းစားခန်းဝင်ပြီး တစ်ယောက်တည်းစကားတွေထိုင်ပြောနေတတ်သည့် သူ့ကို အူကြောင်ကြောင်နိုင်လွန်းသူဟု စိတ်ထဲမှတ်ယူခဲ့မိတယ်

သူ့ရဲ့ auto cameraနဲ့ အမှတ်တရရိုက်ယူမိသည့် ထိုအူကြောင်ကြောင်လူရဲ့ပုံတွေဟာ ထင်ထားတာထက်ကို များခဲ့တယ်

SPRING BREEZEWhere stories live. Discover now