End

201 25 18
                                    

"Hyung?Hyungကဘယ်လိုဖြစ်ပြီးတော့... "

အံ့ဩနေသည့် ဖျော့တော့တော့ကောင်ငယ်လေးအား သူ့ရင်ခွင်ထဲမြုပ်သွားအောင် ဖက်လိုက်တယ်

"အွန်"ဆိုပြီး ချစ်စဖွယ်အာမေဋိတ်သံလေးပေးပြီး အံ့ဩနေပြန်သည့် ရင်ခွင်ထဲကကောင်လေးကို အချိန်တော်တော်ကြာ ဖက်ထားလိုက်မိတယ်

"Jinyounggie hyung...."

တိုးလျသည့်လေသံဟာ အပြစ်လုပ်ထားသည့် ကလေးငယ်လေးက အမေဖြစ်သူကို မဝံ့မရဲဖြင့် အပြစ်ဝန်ခံတော့မည့် အသံအနေအထားနှင့် Daehwiက သူ့နာမည်လေးကို ခပ်တိုးတိုးလေးခေါ်လိုက်တယ်

"ဘာမပြောနဲ့တော့ Daehwi။Hyungအကုန်သိထားပြီးပြီ"

"တောင်းပန်ပါတယ်... "

"Hyungက ပိုပြီးတောင်းပန်ရမှာပါ။အကြောင်းအရင်းကိုသေချာမသိဘဲ အထင်လွဲပြီး စိတ်နာမိလို့"

"ခုထက်ထိစိတ်နာနေတုန်းပဲလားဟင်? "

"အခုတော့မဟုတ်တော့ပါဘူး"

"Jinyounggie Hyung"

"ဟင်... "

"..."

ရင်ခွင်ထဲက ကောင်သေးသေးလေးရဲ့မျက်နှာမှာ မဝံ့မရဲဖြစ်နေတာတွေ သိလိုစိတ်ပြင်းပြင်နေတာတွေကိုပါ ထပ်ပြီးတွေ့လိုက်ရတယ်

"ဘာသိချင်တာရှိသေးလို့လဲ Daehwi ahh"

"Hyung...hyung ကျွန်တော့်ကို...ကျွန်တော့်ကို ခ...ချ... သနားနေတာလား? "

ချစ်လားလို့မေးရမည့် မေးခွန်းက ဆန့်ကျင်ဘက်အရပ်ဆီ လွင့်ထွက်သွားတယ်

"!?..."

အမှန်တကယ် ဒီခံစားချက်ကို ခံစားမိပေမယ့် သနားပါတယ်ဆိုပြီး ဖြေလိုက်ရင် ဒီကောင်လေးရဲ့စိတ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး...

"ကျွန်တော်က Hyungအမြင်မှာ အရမ်းသနားဖို့ကောင်းနေပြီလားဟင်"

"ဘာတွေပြောနေတာလဲ Hyungအဲ့လိုမမြင်ပါဘူး"

"မလိမ်ပါနဲ့ ဒီအချိန်မှာ လူတိုင်းက ကျွန်တော့်ကိုသနားစရာလို့ပဲ မြင်နေကြမှာ"

"အချိန်ကုန်မြန်မှာကိုပဲ Hyungကြောက်တယ်"

"ကျွန်တော်မရှိလဲပျော်အောင်နေနော် မိန်းမကောင်းလေးနဲ့လက်ထပ်ပြီး ကျွန်တော့်လိုချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေမွေး"

SPRING BREEZEWhere stories live. Discover now