*5*

86 15 3
                                    

"ဟင့်အင်း ဟင့်အင်း Daehwi Jinyounggie hyungနဲ့သွားတွေ့မှာ မရဘူး"

"Lee Daehwi မင်းဘာလို့ အဒေါ့်စကားကို နားမထောင်ရတာလဲ။ငါ ဒီဓာတ်ပုံတွေကို မီးရှို့ပစ်လိုက်မှာနော်"

"ဟင့်အင်း Jinyounggie hyungပုံတွေကို ထိဖို့မကြိုးစားနဲ့။ဒေါ်လေးတစ်ခုခုလုပ်ချင်ရင် Daehwiကိုလုပ်"

"Lee Daehwi!!!။ငါ မင်းအဖေနဲ့အမေကိုဘယ်လို မျက်နှာပြရမှာလဲ ဟမ် မင်းလုပ်နေတဲ့လုပ်ရပ်တွေက မှန်လားမှားလား မင်းစဉ်းစားမိရက်လား? ဟမ် ဒေါ်လေးမေးနေတယ်လေ Hwiလေး"

"ကျွန်တော် Jinyounggie hyungကိုချစ်တယ် သူနဲ့ပဲနေချင်တယ် ဆေးရုံမှာလည်းမနေချင်တော့ဘူး မုန်းတယ် ဆေးရုံကိုမုန်းတယ်"

"မင်း သေချင်နေတယ်ဆို မင်းစိတ်ကြိုက်တာလုပ် မင်းဆေးထိုးဖို့တွေ ဘယ်လောက်ပျက်ကွက်ခဲ့လဲ မင်းသိလား နောက်ပြီး မင်းကိုမင်း လူကောင်းတစ်ယောက်လိုဟန်ဆောင်မနေနဲ့"

"ဒေါ်လေးကတောင် ကျွန်တော့်ကိုသေလူလို့သတ်မှတ်လိုက်ပြီလား"

"သေချာကုရင် ပျောက်ဖို့ရာခိုင်နှုန်းများတဲ့ ရောဂါတစ်ခုကို မင်းဘာသာမင်း သေတွင်းထဲခုန်ဆင်းနေတာတော့ ဒေါ်လေးလည်းမတတ်နိုင်ဘူး Daehwi"

"..."

"မင်းသေချာစဉ်းစားပါ။ နောက်တစ်ခါ မင်းဆေးရုံကနေထွက်ပြေးရင် ဘာဖြစ်မလဲဆိုတာ မင်းကိုယ်မင်းသိမှာပါ"

"Jinyounggie hyung..."

"ငါကိုယ်တိုင် Jinyoungနဲ့သွားတွေ့မယ်"

"မဖြစ်ဘူး Jinyounggie hyungက ကျွန်တော်Leukaemiaဖြစ်နေတာ လုံးဝမသိဘူး"

"Daehwi ahhhh ကလေး... "

"..."

"တစ်ဖက်လူစိတ်ထိခိုက်သွားနိုင်မယ်ဆိုတာမသိဘူးလား?"

"ကျွန်တော်... "

"Jinyoungနဲ့ပက်သတ်တာ ဒေါ်လေးဘာမပြောလိုပါဘူး ဒါပေမယ့် ကိုယ့်အခြေအနေကို တစ်ဖက်သားသိထားဖို့ ပြောပြထားရမှာမဟုတ်ဘူးလား"

"..."

"တကယ်ပဲJinyoungကို ချစ်ရင် သူနဲ့တစ်သက်လုံးနေဖို့တွေးထားရင် နေကောင်းအောင်အရင်လုပ်ဖို့ စဉ်းစားထားချေ ရိုးတွင်းခြင်ဆီအလှူရှင်ပေါ်တာနဲ့ အစားထိုးရမယ် ကိုယ့်ကိုယ်ကိုသေချာဂရုစိုက်ထား"

SPRING BREEZEWhere stories live. Discover now