part-6

11.4K 751 15
                                    

"မင်း လွှတ်​စမ်းလို့ ငါသူခိုး
မဟုတ်​ဘူး!!!အ့..အား"

လက်​ကိုအတင်းလိမ်​​နေပြီမလို့ ​အော်​လိုက်​မိသည်​..အဲ့ကျမှ အခန်းထဲကအန်​တီတို့ကြားကာထွက်​လာကြသည်​...

မီးလည်းဖွင့်​လိုက်​​တော့လင်းထိန်းသွားတယ်

"ပတ်​ချန်း​ယောလ်​!!! ခုချက်​ချင်းလွှတ်​လိုက်​!"

"သားချန်း မှားမယ်​ သူခိုးမဟုတ်​ဘူး"

ဖေ​ဖေနဲ့သူ့မိန်းမဝင်​​ပြောမှ ချန်း​ယောလ်
လွှတ်​​ပေးပြီး အ​ရှေ့အနည်းငယ်​တွန်းလိုက်​မိတယ်​....

"​တောက်​!!"

မျက်​နှာ​ပေါ်ကပိုကရိုကျသွားတဲ့ ဆံပင်
အချူ.ိ့ကိုလန်​တင်​ရင်း နှုတ်​ခမ်းခပ်​တင်းတင်းကိုက်​ကာ ဆယ်​ဟွန်း သူ့ဘက်​လှည့်​ကြည့်​လိုက်​သည်​.....

ချန်း​ယောလ်​​ရှေ့က​လှည့်​ကြည့်​လာတဲ့
ကောင်​​လေး​ကြောင့်​ မျက်​ခုံး​လေးပင်​ပင့်​တက်​သွားရ၏...

ဒေါသအရှိန်​​ကြောင့်​နီရဲ​နေတဲ့မျက်​နှာ​လေးနဲ့ပင်
အ​တော်​ကြည့်​​ကောင်း​နေ​လေရဲ့..

ချန်း​ယောလ်​ရင်​ခုန်​သံ​တွေမူမမှန်​ချင်​​တော့..

ဘာလဲဟ!! ပတ်​ချန်း​ယောလ်​ရာ
မြင်​မြင်​ချင်းကို...

"သူကဘယ်​သူလဲ?"

သိချင်​​ဇောနဲ့​မေးခွန်းတန်းထုတ်​လိုက်​မိတယ်

"မင်းဆိုတဲ့​ကောင်​က​လေ မ​​မေးမမြန်း
သိပ်​လုပ်​တယ်​ နာသွားလား ဆယ်​ဟွန်း"

"ရပါတယ်​ ဦး​လေး"

မ​ကျေမနပ်​အသံခပ်​စူးစူး​လေးထွက်​လာသည်

"သားချန်း ဒါက​လေ သားကြီးရီဖန်
လက်​ထက်​ထားတဲ့သူ​လေ အိုဆယ်​ဟွန်းတဲ့"

"ဘာ!!!!"

ချန်း​ယောလ်​ရင်​ထဲဝုန်းခနဲ မီး​တောက်
သလိုဖြစ်​သွားမိတာ​တော့အမှန်​ပဲ..

အဟက်​ အမုန်းဆုံးရန်​သူရဲ့
သံ​ယောဇဉ်​အမျှင်​တန်း​လေးကို..

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now