part-41

10.8K 648 81
                                    

တီ...တီ...

ဆယ်​ဟွန်းအလုပ်​လုပ်​​နေတုန်းဖုန်းဝင်​လာ
တာ​ကြောင့်​ ကြည့်​လိုက်​​တော့ ချန်းလျဲ့

📱"ဟဲလို ချန်း​ယောလ်​"

"ဟွန်း~ ကိုယ်​ဒီ​နေ့ လုပ်​ငန်းရှင်​​တွေနဲ့
နှုတ်​ဆက်​ပွဲလုပ်​မှာမလို့ လာမကြိုနိုင်​​တော့
ဘူး​နော်​"

"​အော်​ အင်း အင်းပါ"

အခု​နောက်​ပိုင်း​​ပြောင်းလဲသွား​သော
ချန်း​ယောလ်​အ​ခေါ်​ဝေါ်ကြားတိုင်း ဆယ်​ဟွန်းမျက်​နှာ​လေးနီရဲသွားတက်​သည်​...

အခု​နောက်​ပိုင်းဆို ချန်း​ယောလ်​က သူ့ဆီ
အားတိုင်းလာတက်​တယ်

တိုက်​ခန်းမှာဖြစ်​ဖြစ်​ အလုပ်​မှာဖြစ်​ဖြစ်
အနားတွင်​တွယ်​ကပ်​ကာ အရင်​ကအ​ကြောင်း​တွေ​မေး​နေတက်​သည်​....

သူနဲ့ဆယ်​ဟွန်း အ​ကြောင်းအများစုကို​ပေါ့
နမ်းခဲ့တာဘယ်​နှစ်​ကြိမ်​ကအစ​မေးတယ်​..

အရမ်း အမြင်​ကပ်​ဖို့​ကောင်း​နေတယ်​သူက..

"အဲ့ဒါဆို ​စော​စောပြန်​​နော်​ ဟွန်း"

"နှုတ်​ဆက်​ပွဲဆို​တော့ ချန်း​ယောလ်​က
ကိုရီးယားပြန်​​တော့မှာ​ပေါ့​နော်​"

"အလုပ်​​တွေက​တော့ပြီးပါပြီ ဒါမဲ့
မပြန်​​သေးပါဘူး"

"ဘာလို့လဲ ဦး​လေးတို့အန်​တီတို့
မျှော်​​နေမှာ​ပေါ့"

"​ဖေ​ဖေခွင့်​ပြုမိန့်​ရထားသလို အင်း ဘယ်​လို​ပြောရမလဲ ကိုယ်​ကိုတိုင်​ကလည်းမပြန်​ချင်​​သေးတာ ဘာလို့လဲသိလား??"

"ဟင့်​အင်း"

"ကိုယ်​ ဟွန်းနား​နေချင်​​သေးလို့"

သူ့စကား​ကြောင့်​ ဆယ်​ဟွန်းပြုံးစိစိဖြစ်​သွားတာကိုအကိုရှင်းကကြည့်​​နေ၏....

"အင်းပါ အဲ့ဒါဆို ဒါပဲ​နော်​"

"ခဏ​လေး"

"ဘာ​ပြောစရာကျန်​​သေးလို့လဲ?"

"ဟို​ကောင်​ တိုက်​ခန်းလာရင်​ အပြင်​မှာပဲ
စကားရပ်​​ပြော​နော်​ အထဲမ​ခေါ်နဲ့"

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Where stories live. Discover now