ကူလုပ်မယ်လို့ပြောတဲ့ ချန်းလျဲ့က
အမှန်ဘာမှမလုပ်တက်...ဆယ်ဟွန်းနဲ့ဂျူံအင်ချက်တာကိုသာ
ထိုင်ကြည့်နေလေသည်...ချန်းလျဲ့ ဟင်းချက်နေတဲ့ဆယ်ဟွန်းပုံစံကိုအနောက်ကနေတချက်မလွတ်ငေးကြည့်မိနေသည်.....
ရီမောရင်း လုပ်ကိုင်နေတဲ့သူ့ပုံလေးက
ချန်းလျဲ့ ရဲ့ တစ်ထောင့်တစ်နေရာကိုလှုပ်ခတ်
စေသည်...တစ်နေ့က ဖေဖေကိုယ်တိုင်ဖွင့်ပြောလာတဲ့
ဆယ်ဟွန်းနဲ့သူ့ရဲ့ပတ်သတ်မူအလုံးစုံ...
(ဂျူံအင်နဲ့ပတ်သတ်တာမပါ)အဲ့ဒါတွေကြားတော့ ဆယ်ဟွန်းပေါ်အပြစ်ရှိသလိုခံစားနေရတယ်..
ဘာမှမမှတ်မိပေမဲ့လည်းလေ...
ပြီးတော့ ဆယ်ဟွန်းကို ကင်ဂျူံအင်နဲ့
ပတ်သတ်နေတာကိုအလိုမကျဘူး..အဲ့ဒါကြောင့်ဂျူံအင် ဆယ်ဟွန်းနားကပ်လာရင်ကိုသူကထိုင်ရာကထလာကာ ကပ်ခွင့်မပေး..
ဂျူံအင်ကိုအားကိုးနေတာကိုလည်း
မကြိုက်ဘူး..."ဟွန်း~ ဟင်းရည်ကတော့ကျက်ပြီနော်"
"ဟုတ် အဲ့ဒါဆို ကြက်သွန်နည်းနည်းလှီး
ပေးပါ့လား ဂျူံအင်""အိုကေ ပေး"
ကမ်းပေးတဲ့ကြက်သွန်ခြင်းကိုအလယ်က
နေဖြတ်ယူလိုက်တဲ့ချန်းလျဲ့.."ကိုယ်လုပ်ပေးမယ်"
"အမ်! လုပ်တက်လို့လား ချန်းလျဲ့ရဲ့"
"အင်း ပေးကိုယ့်ကို"
ဂျူံအင်ကတော့ ပခုံးတွန့်ပြကာ
ပန်းကန်တွေဆေးနေလိုက်သည်..ချန်းလျဲ့ကတော့ ကြက်သွန်ဥကြီးကိုင်ကာ
ဘာလုပ်ရမယ်မှန်းမသိဘူး..
ဒါမဲ့ဆယ်ဟွန်းကကြည့်နေတာမို့
အခွံတွေလျှောက်ခွာကာ အတုံး တုံးတွေလှီး
နေ၏....."ချန်းလျဲ့ အဲ့လိုမဟုတ်ဘူး ပါးပါးလေးတွေ
လှီးခိုင်းတာ"
YOU ARE READING
အမုန်း၏ အခြားတစ်ဖက်၌......[Completed]
Fanfictionငါမင်းကိုသိပ်မုန်းတယ် ပတ်ချန်းယောလ်~ အဟက်~ ငါကရောချစ်တယ်ထင်နေလား? အိုဆယ်ဟွန်း~ CHANYEOL × SEHUN (Zawgyi) ငါမင်းကိုသိပ်မုန်းတယ် ပတ်ချန်းယောလ်~ အဟက်~ ငါကရောချစ်တယ်ထင်နေလား? အိုဆယ်ဟွန်း~ CHANYEOL × SEHUN (Unicode)