part-14

9.9K 686 9
                                    

ဆယ်​ဟွန်း ​ကြောင်​အစွာလိုက်​လာပြီးမှ
ချန်း​ယောလ်​ကားနား​ရောက်​ခါနီး

သတိဝင်​လာကာ သူဆွဲထားတဲ့မိမိလက်​ကို
ရုန်းကန်​လိုက်​မိသည်​....

"မင်း ဒါဘာလုပ်​တာလဲ !!"

ချန်း​ယောလ်​က ​နောက်​ကိုပြန်​လှည့်​ကြည့်
ကာ ခပ်​မဲ့မဲ့အပြုံးတို့ဖြင့်​...

"ငါ့အ​ဖေစကားကိုနား​ထောင်​တာ​လေ~"

"ကင်​ဂျူံအင်​ကို​ပြောခဲ့တာ ဘာသ​ဘောလဲ?"

"ငါ​ပြောတာမှား​နေလို့လား ငါတို့ကပတ်​သတ်​မူ
ရှိတယ်​​လေ "

"​စောင်​ရူး​ကောင်​ ရှင်းရှင်း​ပြော​လေ
အထင်​လွဲစရာဖြစ်​​အောင်​!!"

"ဟက်​~ ဘာလဲမင်းကဘယ်​လို​တွေ
တွေး​နေလို့လဲ မဟုတ်​မှ ငါနဲ့မင်းနဲ့.....

ချန်း​ယောလ်​လက်​နှစ်​​ချောင်းကိုပူးပြ​တော့
ဆယ်​ဟွန်း​ဒေါသထွက်​စွာရိုက်​ပုတ်​ပစ်​ပြီး

"လဲ​သေ​လေ!!"

"ဟ ဟ ! အရစ်​ရှည်​မ​နေနဲ့ လာ ပြန်​မယ်​"

ဆယ်​ဟွန်းကို​ဆောင့်​ဆွဲကာ ကားထဲ
ပစ်​သွင်းလိုက်​တယ်​...

"​နောက်​ရက်​ကစပြီး.မင်းကားနဲ့
ငါမလိုက်​ဘူး!"

"ဘာလဲ! ​တရိုတ​သေ​ခေါ်မဲ့သူ
ဂရုစိုက်​မဲ့သူ​ပေါ်လာ​တော့ ပစ်​ပယ်​ချင်​တာလား"

"မင်းစိတ်​နဲ့နှိုင်းမ​နေနဲ့ ငါ​ကို​ဝေဖန်
စရာလဲမလိုဘူး!"

ချန်း​ယောလ်​ကားမ​မောင်း​သေးပဲ
ဆယ်​ဟွန်းဘက်​လှည့်​ကာ.....

"ထပ်​​ပြောမယ်​ ကင်ဂျူံအင်​ဆိုတဲ့
ကောင်​နဲ့မပတ်​သတ်​နဲ့!!

ဆယ်​ဟွန်းလည်းမျက်​​မှောင်ကျူံပြီး
ပြန်​ကြည့်​ရင်း...

"ငါ့ကိုအမိန့်​​ပေး​နေတာလား?"

"သတိ​ပေး​နေတာ ငါအဲ့အ​ကောင်​ကို
အရမ်းမုန်းတယ်​"

"ဟက်​~"

ဆယ်​ဟွန်း​လှောင်​ရီရင်း...

"ငါ​ပြောခဲ့တယ်​မလား? မင်းမကြိုက်​တာ
ငါဘာမဆိုလုပ်​မှာလို့!"

အမုန်း၏ အခြားတစ်​ဖက်​၌......[Completed]Dove le storie prendono vita. Scoprilo ora