....................
စာမေးပွဲ ဖြေပြီးသွားပေမဲ့ သူရော ကမ္ဘာ ပါ အိမ်မပြန်ဖြစ်ကြပေ။ သူက မြစ်ကြီးနားက ကမ္ဘာ ကကျောက်မဲက။ ကမ္ဘာ ကတော့ သူ့မိန်းမရှိရာ ဒေသမှ တစ်ဖဝါးမှ ခွာချင်တဲ့ကောင်မဟုတ်လို့ မပြန်တာ။ သူကတော့ အိမ်ပြန်လျှင်လည်း လည်ရာပြန်စား အလကား ဖြစ်နေမည်ကို မလိုလား၍ ကမ္ဘာ နှင့်အတူ သင်တန်းတက်ရန် နေခဲ့ခြင်းပင်။ အာကာကတော့ ရွှေမန်းသားဖြစ်လို့ ပြန်စရာမလို။
ယခုလည်း သင်တန်းသို့ လာရာမှာ သူတစ်ယောက်တည်းသာ ဖြစ်လို့နေတယ်။တက်ရတာ ပထအဆုံးနေ့ပါ။ မောင်ကမ္ဘာလေးက 1month anni တဲ့။ ရူးများနေသလားမသိ anni ဆိုတာ နှစ်ပတ်လည်မှ လုပ်ရတာမဟုတ်ဘူးလား။ မှတ်ထားစမ်း ငါလည်းရည်းစားရတော့မှာပါ။ အတန်းထဲမှာ တစ်ယောက်တော့ ရှာတွေ့မှာပါ။ အဲ့တော့မှ 1week anni လုပ်ပြမယ်။
သင်တန်းရှိရာက သုံးထပ်မြောက်မှာ ဖြစ်လို့တစ်ယောက်ထဲသာ မော့ကြည့် မော့ကြည့်နဲ့ တက်လို့လာရတယ်။ ဓာတ်လှေကားလား ပျက်နေတယ်တဲ့လေ။
အတန်းက Japan class တစ်ခု။ ဘာကြောင့် တက်ရသလဲဆို သူစိတ်ဝင်စားလို့။ Tokyo တွင် ကျောင်းသွားတက်ရန်ပင် ရည်ရွယ်မိတယ်။ ဦးလေးနဲ့ အမ ဆွေမျိုး တစ်လှေကြီးလည်း ရှိသည်လေ။ ထိုအချိန်တွင် အပေါ်ထပ်သို့သူ့နည်းတူ တက်လာသော လူတစ်ယောက်နှင့် မထင်မှတ်စွာ တိုက်မိလေတယ်။
"ဟာ သွားပြီ"
ထို လူ့လက်ထဲ၌ ပါလာသော စာရွက်အထပ်လိုက် ပြုတ်ကျကုန်လေပြီ။ သူ အလျှင်အမြန်ပင် လိုက်ကောက်ပေးမိ၏။ ဘာဘြဲဖစ်ဖြစ် သူ့အပြစ်လည်း မကင်းဘူးလို့ သူခံစားရတယ်လေ။
"တောင်းပန်ပါတယ်အကို"
"ရပါတယ် ဒါအကို့အမှားပါ မင်းက Japan class ကိုလာတက်တာဘဲလား"
"ဟုတ်ကဲ့ အကိုရောလား"
သူ့အမေးအား ထိုအကိုကြီးက ရယ်လျှက်မျက်ခုံး တစ်ဖက်ပင့်ကာ
YOU ARE READING
In My Heart ( Senpai Is My Boyfriend-2)
FantasySenpai is my boyfriend (S-2) ပေမဲ့ အခြားသူတွေအခန်းတွေလဲ ပါတာမို့ ဈာန်နဲ့ ကမ္ဘာရဲ့ အပိုင်းတွေနည်းနိုင်ပါတယ်နော် ......... "ငါက တာဝန်ယူတက်သူမို့ ဘာဘဲပြောပြော မင်းကငါ့မိန်းမဘဲ" ............ "မုဒိန်းကောင် မင်းကိုတရားစွဲမယ်" ---😁�...