(3)

6.2K 442 10
                                    

...................

:ညီ မင်းဘယ်​မှာလဲ

:ဘယ်​မှာဖြစ်​ဖြစ်​ မင်းနဲ့ဆိုင်​လား

စစ်​သျှားညီဆို​သော ငတိ သူ့အား​လေးစား​စေရန်​ မည်​သို့ လုပ်​​ဆောင်​ရမည်​မှန်း မ​တွေးတက်​​တော့ပါ။ ညီက သူ့ထက်​လပိုင်း​လောက်​ငယ်​ပြီး မင်းထက်​သျှားအ​ဒေါ့်​၏ယောကျာ်းဘက်​မှ တူဖြစ်​သည်​။ သူတို့ နှစ်​ဦးစလုံး ပြင်​ဦးလွင်​မှ ဖြစ်​ကာ မန္တ​လေးရှိ အ​ဒေါ်တို့​နေအိမ်​သို့ လာ​သောင်​တင်​​နေကြခြင်းပင်​။ အ​ဒေါ့်တို့တွင်​ ​ခုနှစ်​နှစ်​အရွယ်​ သမီး​လေးတစ်​ဦးသာ ရှိ​လေ​တော့ သူတို့က အ​နှောက်​အယှက်​မဖြစ်​​စေ။
စစ်​သျှားညီက သူအားသိပ်​မတည့်​​ပေ။ အ​ကြောင်းပြချက်​က ​ပွေလွန်းရှုပ်​လွန်း၍။ခုလည်း တက်​​နေကြတဲ့ Japan class အတူတူကို ဘယ်​​တော့မှ သူ့နှင့်​အတူမသွားချင်​။ မင်းထက်​သျှားကို ဒီလိုလုပ်​လို့ရ ရိုးလား။ ကားတစ်​စင်းဘဲ သုံးရ​အောင်​ တမင်​ကြံစီ ပစ်​လိုက်​တာဘဲ။ ဒါ​တောင်​ အခုထိုကိုယ်​​တော်​က ဘယ်​​ရောက်​​နေမှန်းမသိ။ ဖုန်းဆက်​​မေး​တော့ ရလာတဲ့ အ​ဖြေက ချစ်​စရာ။

:ငါပြန်​​တော့မှာ မင်းကဘယ်​​ရောက်​သွားတာလဲ

:ပြန်​​ပေါ့ ငါ့ဟာငါပြန်​လာခဲ့မယ်

:မရဘူး ဘယ်​မှာလဲ​ပြော

သျှားညီ၏ ​နောက်​ဘက်​စီမှ ကြားရသံများတွင်​ မိန်းက​လေးသံများကြားရ၏။ ဒီ​ကောင်​​လေး Date ​နေတာ​တော့ မဟုတ်​ဘူးမလား။

:ညီ မင်း Date လုပ်​​နေတာလား

အလို မကျမှုအထင်းသား အသံနှင့်​ သူ​မေးလိုက်​​တော့ တစ်​ဖက်​မှ ထွက်​လာ​သောအသံက

:မင်းလိုများထင်​​နေလား ငါကငါလက်​ထပ်​မဲ့ သူနဲ့ဘဲ Date လုပ်​မှာ ခုကအတန်း​ဖော်​​တွေနဲ့ မုန့်​သွားစား​နေတာ

ထို​ဖြေသံကြား​တော့ ထက်​သျှားက ပြုံးလိုက်​ကာ

:ပြီး​ရော ​စော​စောပြန်​လာခဲ့

$က​လေး အ​စောကတည်းအဲ့လို ​ပြောလိုက်​ရင်​ ပြီး​နေတာကို။

In My Heart ( Senpai Is My Boyfriend-2)Where stories live. Discover now