...................
"သျှားညီ နဲ့ ထက်သျှား"
သူတို့နှစ်ဦး သင်တန်းမှအပြန် အဒေါ့်ရဲ့ခေါ်သံကြောင့် ကြည့်မိလေတော့ သူတို့အခန်းတွင်းသို့ ဝင်လာသော အဒေါ်။ သူတို့နှစ်ဦး တစ်ခန်းထဲ သုံးဖြစ်နေသည်က တစ်ပတ်နီးပါးရှိတော့မည်။
"တီလေး ဘာပြောစရာ ရှိလို့လဲ "
သူ့အမေးအား မဖြေသေးပါဘဲ သူတို့နှစ်ဦးအား စေ့စေ့စပ်စပ်ကြည့်လာကာ
"မင်းတို့နှစ်ယောက် တကယ်တွဲနေကြတာလား"
အဒေါ့်အမေးကြောင့် ထက်သျှား ခေါင်းမီးပင် တောက်လို့သွားလေ၏။ အဒေါ်က ဘယ်လိုသိတာလဲ။
"မ..မဟုတ်ပါဘူး"
"ဒါဆို မင်းလည်ပင်းအောက်ခြေက အညိုကွက်က ဘာတွေလဲ"
လခွမ်း!ဒါ တွေ အဒေါ်ဘယ်လို မြင်သလဲ။ သေချာဖုံးထားတာကို။
"ကျွန်တော်တို့ တွဲနေကြတာပါ"
သျှားညီက အမှန်ပင် ဖွင့်ပြောလိုက်လေပြီ။ သူရှက်လွန်း၍ နေစရာပင် မရှိတော့ပါ။ ဒီအရူးကောင်ကတော့ ရှက်ရွံ့ခြင်း တစ်စက်မှကို မရှိပေ။
"ဒါဆို ငါ့တူကဘာလဲ"
သူ့အဒေါ်၏ စေ့စေ့ပေါက်ပေါက်မေးခွန်းများပင်။ အဒေါ်က အသက်သုံးဆယ်ကျော်သာ ရှိသေးတာမို့ ခေတ်နှင့် မဝေးပေ။
"ငါ့တူက Bottom လို့တော့ မပြောနဲ့နော်"
သူတို့နှစ်ဦး ပြန်မဖြေပါဘဲ ခေါင်းကိုသာ ငုံ့၍ထားလိုက်ကြလေ၏။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းဘဲ မဟုတ်ပါလား။
"အမလေး ထက်သျှားရယ် ငါကတော့ မင်းကို အထင်ကြီးထားတာ ဘာလို့များ B ဖြစ်နေရတာတုန်း"
"ဒါဆို ကျွန်တော်က B ဖြစ်ပေးရမှာလား မဖြစ်နိုင်တာတွေ"
သျှားညီက အရှက်မရှိ ပက်ခနဲပင် ပြန်ပြောလေ၏။
"ဒါပေါ့ မင်းဖြစ်ပေးသင့်တာပေါ့"
YOU ARE READING
In My Heart ( Senpai Is My Boyfriend-2)
FantasySenpai is my boyfriend (S-2) ပေမဲ့ အခြားသူတွေအခန်းတွေလဲ ပါတာမို့ ဈာန်နဲ့ ကမ္ဘာရဲ့ အပိုင်းတွေနည်းနိုင်ပါတယ်နော် ......... "ငါက တာဝန်ယူတက်သူမို့ ဘာဘဲပြောပြော မင်းကငါ့မိန်းမဘဲ" ............ "မုဒိန်းကောင် မင်းကိုတရားစွဲမယ်" ---😁�...