...............
ကမ္ဘာ့ရှေ့စာပွဲဝိုင်းမှာရှိသော အသက်သုံးဆယ်ခန့်ရှိ အမကြီးက ကိုဈာန်နှင့်အတော်ကြီးကို တူပါသည်။ ကိုဈာန်နှင့် မည်သို့များတော်စပ်လေသနည်း။ အမများဖြစ်နေမလား။ ကိုဈာန့်တွင် အမတစ်ယောက်သာ ရှိပြီး မိဘများကလည်း ပထမနှစ်တွင် ကွယ်လွန်သွားကြသည်ဟု ကိုဈာန်ကပြောဖူးသည်လေ။
သူထိုဝိုင်းသို့ ခဏခဏ ကြည့်မိသည်။ ထိုအမကြီးက သတိမထားမိပေ။ ထိုအချိန် ဆိုင်ဝတွင်ပေါ်လာသော ကိုဈာန်။ သူပြုံးပြကာ လက်လှမ်းပြလိုက်တော့ သူရှိရာသို့ တည့်တည့်လျှောက်လာ၏။
"ရောက်နေတာ ကြာပြီလား ကိုယ့်ဝန်ထမ်းတွေ လစာအတွက်လုပ်ပေးနေရလို့ နောက်ကျသွားတာ"
"ဒါပေါ့ ကျွန်တော်ရောက်တာ နာရီဝက်တောင် ရှိနေပြီ စိတ်ကောက်တယ်ဗျာ"
ကမ္ဘာ စိတ်ဆိုးဟန်ဆောင်ကာ ပြောလိုက်လေတော့ ကိုဈာန်ကသူ့ဘေးရှိ ခုံအား သူ့ဘက်သို့ပိုဆွဲယူကာ ဝင်ထိုင်လိုက်ပြီး
"အာ..ဟုတ်လား ဒါဆိုကိုယ် ချော့မယ်လေ"
ကမ္ဘာ့ ပါးလေးအား ဆွဲလိမ်ကာ အသည်းယားဖွယ်ပြောလာသော ကိုဈာန်။ ကမ္ဘာ ကိုဈာန့် လက်လေးအား ဆွဲယူလိုက်ကာ ရင်ဘက်နားကပ်လိုက်ပြီး
"အဲ့လိုမလုပ်နဲ့ ဒီရင်ဘက်ကြီးပေါက်ထွက်လာလိမ့်မယ်"
ထိုအချိန်တွင်
"ကလေး"
အသံလာရာသို့ မော့ကြည့်လိုက်ကြတော့ ခုနက အမကြီးပင်။ ထိုအမကြီးအကြည့်က ကမ္ဘာ ကိုင်ထားသော ကိုဈာန့်လက်သို့ အရောက် ကိုဈာန်က ကမ္ဘာ့လက်ထဲရှိ သူ့လက်အားအလျှင်အမြန်ဆွဲထုတ်လိုက်ကာ
"မမ"
မလုံမလဲထရပ်လိုက်ပြီး သူ့လည်ပင်းသူပွတ်သတ်နေလေ၏။
"မမ ဘယ်တုန်းက မန္တလေးရောက်လာတာလဲ ကျွန်တော့်ကိုတောင် အကြောင်းမကြားဘူး"
YOU ARE READING
In My Heart ( Senpai Is My Boyfriend-2)
FantasySenpai is my boyfriend (S-2) ပေမဲ့ အခြားသူတွေအခန်းတွေလဲ ပါတာမို့ ဈာန်နဲ့ ကမ္ဘာရဲ့ အပိုင်းတွေနည်းနိုင်ပါတယ်နော် ......... "ငါက တာဝန်ယူတက်သူမို့ ဘာဘဲပြောပြော မင်းကငါ့မိန်းမဘဲ" ............ "မုဒိန်းကောင် မင်းကိုတရားစွဲမယ်" ---😁�...