(10)

4.9K 374 0
                                    

................

"အား..​သေပါပြီ"

လူးလူးလွန့်​လွန့်​ နိုးထလာသူမင်းထက်​သျှား။ ​ခေါင်းကလည်း အုံခဲခဲနှင့်​ ခန္ဓာကိုယ်​ကလည်း အလွန်​အမင်း နာကျင်​လို့​နေ၏။
'ဘာဖြစ်​တာပါလိမ့်​'

အေး​တေး​တေးလည်း ဖြစ်​​နေတာမို့ မျက်​လုံးအစုံအား ဖွင့်​ကြည့်​မိ​လေ​တော့ သူ့ကိုယ်​ရှိ အဝတ်​စားများက ဘယ်​ဋ္ဌာ​နေသို့ ထွက်​ခွာထားမှန်းမသိ​ပေ။ ​သူစဉ်းစားမိ​လေ​တော့ ဆံပင်​များပင်​ ​ထောင်​ထလာသလိုလို မျက်​လုံးများလည်း အဆမတန်​ ပြူးကျယ်​လို့သွား​လေပြီ။ ထိုအချိန်​ ​ဘေးနားဆီမှ လှုပ်​ရှားမှု​ကြောင့်​ ကြည့်​မိ​လေ​တော့ အ​ပေါ်ပိုင်းဗလာနှင့်​ စစ်​သျှားညီ။ သူအလန့်​တကြားပင်​ ​စောင်​အား သူ့ကိုယ်​တွင်​လုံးပတ်​လိုက်​ကာ ကုတင်​​ပေါ်မှ ထ​ပြေးလိုက်​​လေပြီး

"မင်း မုဒိန်း​ကောင်​"( high note)

ထိုအခါ သျှားညီက သူ့အားကြည့်​လာကာ ဘာမှ မဖြစ်​ခဲ့သည့်​အလား တည်​ညိမ်​​အေး​ဆေးစွာပင်​။ ကုတင်​​ရှေ့သို့တိုးကာ ​ခေါင်းအုံးကို​ကျောနောက်​တွင်​ခုလျှက်​ လက်​ပိုက်​လိုက်​ပြီးမှီထိုင်​လိုက်​၏။

"​တောင်းပန်​တယ်​"

"ဘာ!"

သူ့ကိုယ်​တွင်​ ပတ်​ထား​သော ​စောင်​အား ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ကိုင်​လျှက်​ ယူကျုံးမရ ဖြစ်​မိ၏။
'ငါသူများ သားသမီးပျိုကိုလည်း မဖျက်​ဆီးဖူးပါဘူး ငါ့မှ ဘာလို့လဲ😭ဲ'

"ငါအခု မင်း​ကြောင့်​ မင်း​ကြောင့်​ ငါ့ဖြူစင်​မှု မရှိ​တော့ဘူးကွ အရူး​ကောင်​ မုဒိန်း​ကောင်​"

သူ မည်​သို့ပင်​ ​ပြော​နေ​အော်​​နေဆဲ​နေပါ​စေ သျှားညီက မျက်​နှာ​သေရုပ်​နဲ့ပင်​ ရှိလို့​လေ၏။

"အင်း ငါကတာဝန်​သိတက်​သူမို့ မင်းကိုတာဝန်​ယူမယ်​"

ကို့လို့ကန့်​လန့်​ ​တွေ ​ပြောလို့လာ​ချေပြီ။ ဘယ်​လိုတာဝန်​ယူမှာတုန်း။ မဖြစ်​နိုင်​တာ​တွေ ။ သူက မိန်းက​လေးမှ မဟုတ်​တာကို။

In My Heart ( Senpai Is My Boyfriend-2)Where stories live. Discover now